Home

Saturday, April 19, 2014

အမျိုးသားရေးလို့ဆိုသော်လည်း လောဘ ဒေါသ မောဟတွေဖုံးလွှမ်းပြီး

ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားရေးဆိုတဲ့ အင်မတန်နားထောင်လို့ကောင်းတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ၊ ပြဿနာတွေ တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ပဋိပက္ခလို့ပြောနေကြပေမယ့် တစ်ကယ်တန်းပြန်ကြည့်ရင် တစ်ဖက်သတ် အကြမ်းဖက်မှုတွေဖြစ်နေတာတွေ့ရပါတယ်။ 

ခွ ပ်ေ ဒါ င်း ဇာ တိ မာ န်

မလှမပ အတိတ်နဲ့
ညတစ်ည အိပ်ပစ်ရမှာလား။

ညမှာ အားမွေး
နေ့မှာ ဓားသွေး
အရေးတော်ပုံ ဆင်နွှဲမယ်။

ပစ်မှတ်မှသွေဖီလွဲမှားမသွားမှသာ

လူမျိုးမတူလို့၊ ဘာသာမတူလို့၊ ယုံကြည်ချက်မတူလို့၊ အယူအဆမတူလို့
ငြင်းခုံ ရန်ဖြစ် သွေးထိုးလှုံ့ဆော် အကြမ်းဖက်နေကြမယ့်အစား
လူသားဖြစ်တည်မှုကိုအခြေခံပြီး၊ ကျွန်ုပ်တို့တိုင်းပြည်ရဲ့အနာဂတ်ကောင်းဖို့
လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးခွဲခြားမှု၊ အယူသီးအစွန်းရောက်မှုတွေနဲ့ 
အာဃာတထားမှုတွေကို ပြည်ဖုံးကား ချကြဖို့ အချိန်တန်ပါပြီ။

Code No.914 (အခြားလူမျိုးများ)

အမျိုးသားရေးအမည်ခံခုတုံးလုပ်ပြီး နာဇီဝါဒကိုထူထောင်ခဲ့တဲ့ ဟစ်တလာကတော့ ဂျာမန် လူထုတစ်ရပ်လုံးကို အမျိုးသားရေးဝါဒမှိုင်းတိုက်ပြီး၊ လူနည်းစုဂျူးမျိုးတွေနဲ့ သွေးခွဲခဲ့တယ်။ ဂျာမန်လူထုတစ်ရပ်လုံးကလည်း အမျိုးသားရေးဆိုတဲ့ စကားအောက်မှာနစ်မွန်းပြီး ဟစ်တလာရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့

မြန်မာပြည်ဟုခေါ်ပါသည်။

ကမ္ဘာပေါ်မှာ လှည့်စားခံနေရသော 
ပြည်သူလူထုအများဆုံးရှိသော တိုင်းပြည်ကို
မြန်မာပြည်ဟုခေါ်ပါသည်။

အ ဓိ က ရ န် သူ

မိတ်ဆွေ
အသင် ဘာလူမျိုး၊
ဘယ်ဘာသာ ကိုးကွယ်သလဲဆိုတာ
ကျွန်တော် စိတ်မ၀င်စားဘူး။
ခွဲခြားပြီးမမြင်ဘူး။
မုန်းတီးမှုနဲ့ အာဃာတမထားဘူး။
ရန်သူလို့လည်း မသတ်မှတ်ဘူး။

သန်းခေါင်စာရင်းပထမနေ့နဲ့ကျွန်တော်။

ဒီကနေ့ ကျွန်တော့်အိမ်ရှေ့ အစ္စလာမ်ဘာသာဝင် အများစုနေတဲ့ ၀င်းထဲမှာ
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်တယ်ဗျ။
လူမျိုးနေရာမှာ ( ၉၁၄- ပသီ ) လို့ ထဲ့သွင်းခိုင်းတာကို စာရင်းကောက်တဲ့
အမျိုးသမီးက ပသီဆိုတာ ဘာလူမျိုးလဲလို့ မေးနေတယ်ဆိုပြီး၊ 

လူထုအကြောင်း နောကျေနေတဲ့ အာဏာရှင်တို့အတွက်တော့

အစိုးရရဲ့လုပ်ရပ်မှန်သမျှ ဘာတစ်ခုမှ ယုံကြည်စရာမရှိဘူး။
ခေတ်အဆက်ဆက် လုပ်ခဲ့သမျှ 
တိုင်းပြည်နဲ့ လူထုအကျိုးလုပ်ခဲ့တာ တစ်ခုမှမရှိခဲ့ဘူး။ 
ဆက်အုပ်ချုပ်ခွင့်ပေးထားရင်လည်း ဘယ်တော့မှ 
တိုင်းပြည်နဲ့လူထုအကျိုးကို စေတနာနဲ့ လုပ်မှာမဟုတ်ဘူး။ 

Friday, April 18, 2014

ဘ ယ် သူ့ အ ကျိုး အ တွ က် လဲ ။

အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးလို့ ဟစ်ကြွေးနေတာ
ဘယ်သူ့အကျိုးအတွက်လဲ။
အမျိုး ဘာသာ သာသနာ ထိန်းသိမ်းရေးလို့ ဟစ်ကြွေးနေတာ
ဘယ်သူ့အကျိုးအတွက်လဲ။

ဆ ရာ ကြီး ဦး ရာ ဇ တ်ေ ခ တ် နဲ့ မ တူေ တာ့  ပါ။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဦးစီးဌာန (၁၅၃၄ ပြည်သူ့အင်အားဦးစီးဌာန၊ ၉။၁၂.၁၉၇၂၊ တာဝတိံသာ)က ထုတ်ဝေခဲ့တဲ့အတိုင်းပဲ၊ ဆရာကြီးဦးရာဇတ်အနေနဲ့ ပသီအမျိုးသားများကို မြန်မာတိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် ခံယူချက်ရှိပါတယ်။ ဒါပေမယ့် ဆရာကြီးဦးရာဇတ်က '' မိမိတို့ဟာ လူနည်းစု အခွင့်အရေးမယူဘဲ၊ လူများစုအနေနဲ့ နေသွားရင် တိုင်းပြည်အတွက် ပိုလို့အကျိုးရှိမယ်'' ဆိုတဲ့

ဆွေမျိုးပေါက်ဖော်၊ အာဏာရှင်၊ ခရိုနီနဲ့ အ၀ကျွန်းသားတို့ရဲ့အဖနိုင်ငံတော်

ရခိုင်ပြည်နယ်မှာ ဒေါ်စုပါတီ (NLD) လွှမ်းမိုးနိုင်မှု မရှိမှသာ....
ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေမှာသာ....
ရခိုင်ပြည်နယ်မှာ UN နဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ မရှိမှသာ....

နိုင်ငံရေးကို ဘာသာရေးနဲ့ တွဲရောင်းတဲ့ဈေးကွက် ဖော်ဆောင်နေတာ။

နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပါတယ်။ နိုင်ငံရေးမှာ အမြတ်ထုတ်လိုတာနဲ့ လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ကြိုးစားနေတာ အင်မတန်သိက္ခာမဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ပါ။ နိုင်ငံရေးကို ဘာသာရေးနဲ့ တွဲရောင်းတဲ့ဈေးကွက် ဖော်ဆောင်နေတာတိုးတက်နေတဲ့ကမ္ဘာကြီးနဲ့ ဆန့်ကျင်ပြီး ခေတ်နောက်ပြန်ဆွဲချင်တဲ့ လူညံ့လူဖျင်းတွေ၊ အာဏာကို မသမာတဲ့နည်းလမ်းနဲ့ လက်မလွှတ်တမ်း ဆုတ်ကိုင်ထားချင်သူတွေရဲ့ အယူအဆဟောင်းတစ်ရပ်ပါ။

လှည့်ပတ်ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေ။

ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင် ယုံကြည် ကိုးကွယ်ရာဘာသာတွေ အသီးသီးရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ၊ဘာသာစွဲတွေ စွဲလမ်းဆုပ်ကိုင်ထားတာ ဟောင်းနွမ်း 
ဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လည်း လူမျိုးစုတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိပါတယ်။ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ပြောရရင်တော့ အားလုံးဟာ တစ်အိမ်တည်း နေသူတွေ၊ တစ်လမ်းတည်းနေသူတွေ၊ တစ်ရပ်ကွက်တည်းနေသူတွေ လိုဖြစ်နေပါပြီ။

အမျိုးသားရေးဝါဒအတုအယောင်(သို့) အာဏာတည်မြဲရေး နောက်ဆုံးခံတပ်။

အာဏာကို ချုပ်ကိုင်ထားလိုတဲ့၊ အာဏာကို လက်မလွှတ်လိုတဲ့၊ အာဏာကို မတရားတဲ့နည်းနဲ့ သိမ်းပိုက်ထားလိုတဲ့ အာဏာရှင်အစိုးရတွေဟာ လူထုရဲ့အာရုံ သူတို့ဘက် လှည့်မလာဖို့အတွက် လူထုကို အချင်းချင်း သွေးခွဲ သပ်လျှို ရန်တိုက် ပေးထားလေ့ရှိတယ်။ လူထုကို သွေးခွဲ သပ်လျှို ရန်တိုက်ပေးဖို့အတွက် အာဏာရှင်တို့ ခေတ်အဆက်ဆက် လက်ကိုင်ထားအသုံးချလေ့ရှိတဲ့ နည်းစနစ်ကတော့ အမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဉ်တတ်ထားတဲ့ အမျိုးသားရေးဝါဒဆိုတဲ့ လူထုသည်းခြေကြိုက် စကားလုံးပါပဲ။

တိုင်းပြည် ချောက်ထဲမကျဖို့။

၁၉၈၈။
တိုင်းပြည်မှာ မင်းမဲ့စရိုက်တွေဖြစ်ပေါ်လာတဲ့အတွက် 
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမှာ စိုးရိမ်ရလို့
တိုင်းပြည်ကို ချောက်ထဲ မရောက်ရောက်အောင် တွန်းချခဲ့သူတွေက
တိုင်းပြည် ချောက်ထဲမကျဖို့ 
သူတို့ အချိန်မီ ကယ်တင်လိုက်ရပါတယ် လို့ပြောတယ်။

ဟောင်နွမ်းနေတဲ့ စိတ်ဓာတ်တွေကို တော်လှန်ကြပါစို့။

လူရိုသေ၊ ရှင်ရိုသေ၊ ပညာတတ်လူတန်းစားတွေ၊ လူကြီးလူကောင်းအမည်ခံတွေ၊ ဒီမိုကရေစီဘက်တော်သား၊ ဒီမိုကရေစီကို ယုံကြည်သူ၊ မြတ်နိုးသူ၊ လိုလားသူ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူတွေနဲ့ ကမ္ဘာကျော် နိုင်ငံကျော် ဘာသာရေး ခေါင်းဆောင်ဆိုသူတွေကိုယ်တိုင်ကဗမာမဟုတ်တဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံလိုကြတယ်။

စုပေါင်းအားနဲ့ ဆန့်ကျင်တွန်းလှန်ဖြိုခွင်းကြဖို့ အချိန်တန်ပြီ။

ဒီမိုကရေစီပြောင်းလဲတည်ဆောက်ရေး ခရီးစဉ်ကြီး ရပ်တန့်ပျက်စီးပြီး
နောက်ကြောင်းပြန်လှည့်မသွားနိုင်အောင် ကာကွယ်လိုတဲ့ဆန္ဒ ရှိပါသလား။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အနှောက်အယှက် အဟန့်အတား မဖြစ်စေလိုဘဲ 
တိုင်းပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိုပါသလား။

အာဏာရှင်စနစ်သာ သက်ဆိုးရှည်လိမ့်မယ်

နှစ်တွေသာ တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲလာတယ်။
အကျင့်စရိုက်တွေ မပြောင်းလဲသေးဘူး။
နှစ်တွေသာ တစ်နှစ်ပြီး တစ်နှစ်သစ်လာတယ်။
စိတ်ဓာတ်တွေ မသစ်လာသေးဘူး။
နှစ်တွေသာ တစ်နှစ်ပြီး တစ်နှစ်ဟောင်းသွားတယ်။ 

မတူကွဲပြားမှုကို ခွန်အားအဖြစ် စည်းလုံးကြမှသာ။

နိုင်ငံအတွင်းမှာရှိတဲ့ လူသားတွေအားလုံးဟာ ဒီနိုင်ငံရဲ့သမိုင်းကိုဖော်ဆောင်မယ့် အစိတ်အပိုင်းတွေပါ။ တစ်နိုင်ငံတည်း နေထိုင်ကြပြီး အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးမွေတွေအောက်မှာ စားဝတ်နေရေး၊ လူမှုရေး၊ စီပွားရေး၊ ပညာရေးနဲ့ လူမှုဘ၀ အဆင့်အတန်း နိမ့်ကျမှုတွေကို အတူခံစားနေကြရတဲ့ ပြည်သူလူထုတစ်ရပ်တည်းပါ။

Sunday, April 13, 2014

အခုကပြနေတဲ့ ဇာတ်လမ်းက အရင်ဇာတ်ညွှန်းအဟောင်းအတိုင်းပဲ။

အာဏာရှင်စနစ်ကို အမြစ်မဖြုတ်နိုင်သေးသရွေ့
ဒီမိုကရေစီအစစ်အမှန် မပေါ်ပေါက်နိုင်ဘူး။
တရားဥပဒေစိုးမိုးရေး ရှိလာမှာမဟုတ်ဘူး။
ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မှာမဟုတ်ဘူး။
တိုင်းပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့
တန်းတူအခွင့်အရေးတွေ ရလာမှာမဟုတ်ဘူး။

လူထုအားလုံး တစ်သားတည်းဖြစ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။

အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားချင်သူတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို များသောအားဖြင့် အမျိုးသားရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး မိမိတို့ ကိုယ်ကျိုးအတွက် အသုံးချကြတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ 

တောကြောင်တွေ လက်ခမောင်း ထခတ်လိမ့်မယ်။

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မယ့် လူ့အဖွဲ့အစည်းကြားမှာ အင်အားအထက်မြက်ဆုံး အရာက လူအချင်းချင်း ညီရင်းအစ်ကို စိတ်ထားရှိခြင်းနဲ့ တစ်ဦးကိုတစ်ဦး ချစ်ကြည် လေးစားမှု ထားခြင်း၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခြင်းတွေဖြစ်တယ်။
ညီရင်းအကို စိတ်ဓာတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတာ ရေးသားရုံ၊ အာဘောင်အာရင်း သန်သန် ဟောပြောနေရုံနဲ့ မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်နိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်နိုင်တယ်။

ဟောင်နွမ်းနေတဲ့ စိတ်ဓာတ်တွေကို တော်လှန်ကြပါစို့။

လူရိုသေ၊ ရှင်ရိုသေ၊ ပညာတတ်လူတန်းစားတွေ၊ လူကြီးလူကောင်းအမည်ခံတွေ၊ ဒီမိုကရေစီဘက်တော်သား၊ ဒီမိုကရေစီကို ယုံကြည်သူ၊ မြတ်နိုးသူ၊ လိုလားသူ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူတွေနဲ့ ကမ္ဘာကျော် နိုင်ငံကျော် ဘာသာရေး ခေါင်းဆောင်ဆိုသူတွေ ကိုယ်တိုင်က ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံလိုကြတယ်။
တန်းတူရည်တူ အခွင့်အရေးမပေးလိုကြဘူး။ မိမိတို့ကိုယ်ကို လူမျိုးကြီး ဘာသာကြီးဆိုတဲ့

စုပေါင်းအားနဲ့ ဆန့်ကျင်တွန်းလှန်ဖြိုခွင်းကြဖို့ အချိန်တန်ပြီ။

ဒီမိုကရေစီပြောင်းလဲတည်ဆောက်ရေး ခရီးစဉ်ကြီး ရပ်တန့်ပျက်စီးပြီး
နောက်ကြောင်းပြန်လှည့်မသွားနိုင်အောင် ကာကွယ်လိုတဲ့ဆန္ဒ ရှိပါသလား။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အနှောက်အယှက် အဟန့်အတား မဖြစ်စေလိုဘဲ
တိုင်းပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိုပါသလား။