လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်တယ်ဗျ။
လူမျိုးနေရာမှာ ( ၉၁၄- ပသီ ) လို့ ထဲ့သွင်းခိုင်းတာကို စာရင်းကောက်တဲ့
အမျိုးသမီးက ပသီဆိုတာ ဘာလူမျိုးလဲလို့ မေးနေတယ်ဆိုပြီး၊
အိမ်ထောင်ဦးစီး အမျိုးသားက ကျွန်တော့်ကို ဖုံးဆက်ပါလေရော။
အဲဒါနဲ့ ကျွန်တော်လည်း ဖုံးကို စာရင်းကောက်တဲ့ အမျိုးသမီးကို
ပေးလိုက်ပါဆိုပြီး စာရင်းကောက်တဲ့အမျိုးသမီးကို ပြန်မေးလိုက်တယ်။
# ကျောင်းဆရာမနော်..ဟုတ်လား။
@ ဟုတ်ပါတယ် ရှင့်။
# ဒါဆို သမိုင်းးတွေတော့ ဖတ်ဖူးမှာပေါ့။
@ ကျောင်းဆရာမပဲ၊ ဖတ်ဖူးတာပေါ့။
# ဟုတ်ပါပြီဗျာ။ ဒါဆို အနော်ရထာမင်းကြီးအကြောင်းကို ဖတ်ဖူးလား။
@ ဖတ်ဖူးတယ်ရှင့်။
# အနော်ရထာခေတ်က ဗျတ်ဝိ၊ ဗျတ္တကိုကော ကြားဖူးလား။
@ ကြားဖူးတယ်ရှင့်။
# ဗျတ္တဆိုတာ အနော်ရထာမင်းကြီးက ပုဂံသူရဲကောင်းချီးမြှင့်ခဲ့တာပ
ဗျတ္တရဲ့သားနှစ်ပါးဖြစ်တဲ့ ရွှေဖျင်းညီနောင်ဆိုတာလည်း ပုဂံသူရဲကောင်းတွေပဲ။
၃၇ မင်း နတ်တွေထဲမှာပါတဲ့ မင်းကြီးမင်းလေး ပေါ့ဗျာ။
@ အဲဒါ ဘာဆိုင်လဲ။
# ဆရာမက ပသီဆိုတာ ဘာလူမျိုးလည်း မေးတော့ ရှင်းပြမလို့ပါ။
စိတ်ရှည်ရှည်ထားမှာပေါ့။ ဗျတ်ဝိ၊ ဗျတ္တဆိုတာ အာရဗ်မွတ်စလင်မ်တွေလေ။
ဗျတ္တက မယ်ဝဏ္ဏနဲ့ လက်ဆက်ထိမ်းမြားပြီး ရွှေဖျင်းညီနောင်(ခေါ်)
မင်းကြီးမင်းလေး(ခေါ်) ပသီမင်းနှစ်ပါး ဖြစ်လာတာပါ။
ခေတ်အဆက်ဆက် သမိုင်းစာမျက်နှာတွေ၊ ကျောက်စာတွေမှာ
မွတ်စ်လင်မ်ကပြားတွေကို ပသီ ဆိုပြီး သမိုင်းတင်ခဲ့တာပါ။
ဒါကြောင့် ပြည်ထောင်စုဖွား မွတ်စ်လင်မ်တွေက
ကိုယ့်ကိုကိုယ် ပသီလူမျိုးလို့ ခံယူကြတာပါဗျာ။
ဆရာမတို့ စာရင်းကောက်ခံသူတွေအနေနဲ့ အကောင်းဆုံးက
ဖြေဆိုသူပြောတဲ့ ကုဒ်နံပါတ်နဲ့ လူမျိုးအမည်ကိုသာ ရေးသွင်းဖို့တာဝန်ရှိတာပါ။
@ ဟုတ်ပါပြီရှင့်။
# ကျေးဇူတင်ပါတယ်။
( ဒီ Post ကိုတင်သင့်၊မတင်သင့်စဉ်းစားနေတာ
______________________________
m y O e w y n n