Home

Saturday, April 19, 2014

ခွ ပ်ေ ဒါ င်း ဇာ တိ မာ န်

မလှမပ အတိတ်နဲ့
ညတစ်ည အိပ်ပစ်ရမှာလား။

ညမှာ အားမွေး
နေ့မှာ ဓားသွေး
အရေးတော်ပုံ ဆင်နွှဲမယ်။



ညမျက်လုံး
ကြယ်ပန်းကုံးတွေ တလက်လက်နဲ့
မနက်ဖြန်ကို ချီတက်မယ်။

အားသစ်ပျောက်တဲ့ ကြောက်သွေးတွေ
နောက်ဖေးက ဖော်ထုတ်
နောက်မဆုတ်တမ်း ရှေ့တက်
ယနေ့အတွက် အရေးကြီးတယ်။

လူပျော့ လူညံ့ သွေးမသန့်သူတွေ
ပွဲလှန့်ပြီး ဖျာမခင်းကြစေနဲ့
လာခြင်းကောင်းတဲ့ ရဲဘော်အပေါင်း
ခွပ်ဒေါင်းသတိ အမြဲရှိ၊
အဖိမခံ အထိမခံ
ခွပ်ဒေါင်းဇာတိမာန်
အလံမလှဲ စတမ်း……။

_______________ တင်မိုး

m y O e w y n n