Home

Friday, April 18, 2014

မတူကွဲပြားမှုကို ခွန်အားအဖြစ် စည်းလုံးကြမှသာ။

နိုင်ငံအတွင်းမှာရှိတဲ့ လူသားတွေအားလုံးဟာ ဒီနိုင်ငံရဲ့သမိုင်းကိုဖော်ဆောင်မယ့် အစိတ်အပိုင်းတွေပါ။ တစ်နိုင်ငံတည်း နေထိုင်ကြပြီး အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးမွေတွေအောက်မှာ စားဝတ်နေရေး၊ လူမှုရေး၊ စီပွားရေး၊ ပညာရေးနဲ့ လူမှုဘ၀ အဆင့်အတန်း နိမ့်ကျမှုတွေကို အတူခံစားနေကြရတဲ့ ပြည်သူလူထုတစ်ရပ်တည်းပါ။

ဒီနိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားဆက်ဆံလိုမှုတွေ၊
မုန်းတီးမှုတွေ၊ အာဃာတထားမှုတွေ၊ အနိုင်ယူလိုမှု အကြမ်းဖက်လိုမှုတွေ ကင်းစင် မှသာ ပြည်တွင်းစစ်တွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ အာဏာရှင်စနစ်ဆိုးရဲ့ ခါးသီးမှုတွေ ကနေ ကျော်လွှားနိုင်မှာဖြစ်တယ်။

မတူကွဲပြားမှုကို အာဏာရှင်စနစ်အမြစ်ဖြုတ်သုတ်သင်ရေး၊ ဒီမိုကရေစီစနစ်ပြောင်းလဲ
ဖော်ဆောင်ရေးနဲ့ တည်ငြိမ်တိုးတက်တဲ့ နိုင်ငံတည်ဆောက်ရေးတို့အတွက် ရေရှည် အကျိုးမျှော်တွေးပြီး ခွန်အားအဖြစ် အသုံးချသင့်တယ်။

မတူကွဲပြားမှုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ခွန်အားအတွက် အရင်းအမြစ်တစ်ခုဖြစ်တယ်။
မတူကွဲပြားမှုကို စာနာမှု၊ နားလည်မှုနဲ့ တန်းတူအခွင့်အရေးညီတူညီမျှခံစားစေလိုမှု တွေ မရှိသေးသရွေ့

ဘယ်လိုပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။

လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေတိုင်းရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးကို လေးစား တန်ဖိုး ထားကြမှသာ လူ့မျိုးနွယ်တွေနဲ့ လူမျိုးနွယ်စုအချင်းချင်း သဟဇာတဖြစ်စွာ နေထိုင်မှုကို ထိန်းသိမ်းနိုင်မှာဖြစ်သလို ဒီနိုင်ငံရဲ့ အဓိကရန်သူ အာဏာရှင်စနစ်ဆိုးကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်မှာဖြစ်ပါတယ်။
______________________________________
m    y    O    e    w    y    n    n