တန်းတူရည်တူ အခွင့်အရေးမပေးလိုကြဘူး။ မိမိတို့ကိုယ်ကို လူမျိုးကြီး ဘာသာကြီးဆိုတဲ့ လူမျိုးကြီးဝါဒစွဲတွေ ဆွဲကိုင်နေကြတယ်။ အခွင့်ထူးခံချင် နေကြတယ်။ တရားမျှတမှုမရှိတာတွေကို မိမိတို့ အကျိုးအတွက် အမှန်တရားပေါ်မှာ မရပ်တည်ရဲ၊ မပြောရဲ မဆိုရဲ ရေငုံနှုတ်ပိတ်နေကြတယ်။ သမိုင်းအထောက်အထား အမှန်တွေပေါ်မှာ မရပ်တည်ရဲကြဘူး။ လူမျိုးတစ်မျိုးက သူ့လူမျိုး သူ့အမည်မှန် အမည်တတ်ခွင့် မပြုချင်ကြဘူး။ ဧည့်သည်၊ အိမ်ရှင်ခွဲခြား
သတ်မှတ်ချင်ကြတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ခေတ်အဆက်ဆက် အတူတကွကောင်းတူ ဆိုးဖက် နေထိုင်လာခဲ့ကြရုံမက တိုင်းပြည်နဲ့ လူမျိုးအတွက် လက်တွဲ
ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားကွဲပြားတာ အကြောင်းပြုပြီး မြန်မာပြည်ဖွား မွတ်စ်လင်မ်ရယ်လို့ သတ်မှတ် ခေါ်ဝေါ်လိုမှုမရှိတဲ့အပြင် လူသားအချင်းချင်း ဂုဏ်ပေး ဆက်ဆံလိုမှု မရှိ၊ ခွဲခြားနှိမ်ချလိုတဲ့သဘောနဲ့ ကုလား ဆိုတဲ့အသုံးအနှုံးကို မြိန်ရည် ရှက်ရည် ပြောနေ ဆိုနေ ရေးသားနေကြတာတွေကိုက လူကိုလူလို တန်ဖိုးမထားလို ကြတာလား။ လူအချင်းချင်း ခွဲခြားဆက်ဆံလိုကြတာလား။ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တဲ့ မတူကွဲပြားမှုကို လက်ခံနိုင်တဲ့ အရည်အချင်းမရှိကြတာလား။ အစ္စလာမ်အပေါ် တစ်ဖက်သတ်အမြင်စောင်း မုန်းတီးမှုရောဂါ စွဲကပ်နေကြတုန်းလား၊ စိတ်ကောင်းစေတနာ ရိုးသားဖြောင့်မတ်မှု မရှိကြတာလား၊ စည်းလုံးညီညွတ်လိုတဲ့ ဆန္ဒကင်းနေကြတာလား ဆိုတာ စဉ်းစားမိတော့......
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်တွင်းမှာရှိတဲ့ ဗမာ မဟုတ်တဲ့ လူမျိုးစုတွေအပေါ် ဘယ်လို သဘောထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၉ သောကြာနေ့မှာ ပြောကြားခဲ့ မိန့်မှာခဲ့တာတွေ ပြန်ပြောင်းသတိရမိရင်း ဗိုလ်ချုပ်ရဲ့ လူသားဆန်ပြီး မြင့်မြတ်တဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက
'' ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့တပ်တွင်းသော် လည်းကောင်း၊ ပြင်ပသော် လည်းကောင်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ။ ၄င်းတို့အား အစ်ကိုကြီးများက ညီငယ်များကို အလိုလိုက် သကဲ့သို့ အလိုလိုက်ကြပါ။ ၄င်းတို့ကပင် ဆိုးစေကာမူ သည်းခံနိုင်အောင် ကြိုးစားကြပါ။ ၄င်းတို့၏ ဘာသာစကား အလေ့အထ၊ အယူဝါဒ ထုံးစံများကို ရိုသေလေးစားပါ။ ၄င်းတို့၏ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း ပြောဆိုခြင်း ဝတ်စားခြင်း နေထိုင်ခြင်း အစရှိသည်များကို မကဲ့ရဲ့ပါနှင့်။ မပြောင်လှောင်ပါနှင့်။ မနှောင့်ယှက်ပါနှင့်။ ၄င်းတို့ မခံချင်သည့် အပြောအဆို အသုံးအနှုံးမျိုးကို ရှောင်ပါ။ ၄င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။ အရာရှိအရာမဲ့၊ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ လူမျိုးမရွေး ဘာသာမရွေး ဆက်ဆံတတ်ပါစေ။ ဖော်ရွေကြပါ။ ယဉ်ကျေးကြပါ။ ကိုယ့်အမှား မရှိပါစေနှင့်။ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။'' လို့ မိန့်မှာခဲ့ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု
'' ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူးဆိုတာ ကျမသိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမက အိန္ဒိယမျိုးနွယ်လို့ခေါ်ရင် ခေါ်တယ်။ မုစ်လင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင် ခေါ်တယ်။
ဒီလို ဘာဖြစ်လို့ သူတစ်ပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့ အသုံးအနှုန်းကိုသုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။ ကျမကတော့ အားလုံးကို အဲဒီလို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။ နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစား စေချင်ပါတယ်။ ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။ အဲဒီလို မသင်တာဟာ မိဘတွေကလဲ မသင်တာပါတယ်။
ဆရာ၊ ဆရာမတွေကလဲ မသင်တာ ပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒါတွေကို ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။ နောက်ပြီးတော့လဲ ဥပဒေအရလဲ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလဲ ရှိရမယ်။
ဒါပေမဲ့ ဥပဒေကြီးနဲ့ပဲ မပြီးဘူး။ စိတ်ကို ပြောင်းယူရမှာ။ ကျမ ခဏ၊ ခဏပြောတယ်၊ ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။ အစိုးရ စနစ်တစ်ခု ပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိရင် ဘယ်မှ ကျမတို့ ရောက်မှာမဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ '' လို့ တိုက်တွန်းထားပါတယ်။
ဒါပေမယ့် ဒီကနေ့ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းဖော်ဆောင်ဖို့ တစ်တိုင်းပြည်လုံးက လိုလားနေကြပေမယ့်လည်း ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ အမြင်ကျဉ်မြောင်းမှုတွေ၊ သဘောထား သေးသိမ်မှုတွေနဲ့ တစ်ပါးသူကို နှိမ်ချလိုမှုတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်နေကြသလား၊ ဒီမိုကရေစီနဲ့ ထိုက်တန်လျော်ညီကြပါသလား၊ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် လူမျိုးရေးခွဲခြားနေကြ ပါသလား၊ သွေးခွဲလိုသူ အာဏာရှင်တို့ အကြိုက် ဖန်တီးအကောင်အထည် ဖော်ပေးနေကြပါသလား ။
ဗဟုဘာသာ၊ ဗဟုလူမျိုးစနစ်နဲ့ နေထိုင်ကျင့်ကြံနိုင်မှုမရှိရင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပိုများလာပြီး လူ့ယဉ်ကျေးမှုက အကျဘက်ကို ဦးတည်နိုင်ပါတယ်။ ကျဉ်းမြောင်းတဲ့ လူမျိုး ၊ ဘာသာဆိုတဲ့ ဘောင်ခတ်ထားသရွေ့၊ လူမျိုး ဘာသာ တံဆိပ်တွေ ခတ်နှိပ်ထားကြသရွေ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ အလှမ်းဝေး နေနိုင်ပါတယ်။ ဒါကြောင်မို့ သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကြီး ပေါ်ပေါက်လာရေးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့အတိတ
______________________________
m y O e w y n n