နောက်ကြောင်းပြန်လှည့်မသွားနိုင
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုေ
တိုင်းပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိ
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊
လူမျိုးစုံ ဘာသာစုံ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်
အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုတဲ့ ဆန္ဒရှိပါသလား။
အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်ရှိတဲ့နိုင်ငံတစ်ခုအဖြစ်
ကမ္ဘာအလယ် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ပြီး၊
နိုင်ငံတကာက လေးစားတဲ့ နိုင်ငံတခုဖြစ်လိုတဲ့ဆန္ဒရှိပါသလ
မိမိတို့ရဲ့လုပ်ရပ်မှန် မမှန် ပြန်လည် သုံးသပ်ကြဖို့လိုသလို
စည်းလုံးညီညွတ်ကြဖို့၊ သဘောထားကြီးဖို့၊ အမြင်ကျယ်ဖို့လိုပြီ။
မတူကွဲပြားတဲ့ အရောင်အသွေးစုံ လူမျိုးစုံလင်မှုဟာ
လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အင်အားတစ်ရပ်ဆိုတာ
လက်ခံနိုင်တဲ့ အရည်အချင်း မွေးမြူတတ်ဖို့ လိုပြီ။
တစ်ဦးနဲ့တစ်ဦး လူမျိုးမတူလို့၊ ဘာသာမတူလို့၊ ယုံကြည်ချက်မတူလို့၊
ယဉ်ကျေးမှုမတူလို့၊ အသားအရောင် ဘာသာစကား မတူလို့
ရိုင်းစိုင်းတဲ့အပြုအမူ၊ အရိုင်းဝါဒ၊ အရိုင်းစရိုက်တွေနဲ့
ရန်သူလို ဆက်ဆံနေသူတွေ၊ အကြမ်းဖက်နေသူတွေကို ဆန့်ကျင်ကြဖို့လိုပြီ။
ပြဿနာတွေ ပဋိပက္ခတွေဖန်တီးပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်
လုပ်ကြံနေသူ လက်သည်တရားခံတွေ၊ အာဏာရှင်တွေနဲ့
အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ဆောင်နေသူတွေကို
စုပေါင်းအားနဲ့ တွန်းလှန်ဖြိုခွင်းကြဖို့ အချိန်တန်ပြီ။
______________________________
m y O e w y n n