
ဒီနေ့ သက်ကြီးဝါကြီး ရှေ့မီနောက်မီ လူကြီးတစ်ယောက်က ပြောတယ်။
အင်္ဂလိပ်ခေတ်က သူ့အစိုးရ သက်တမ်းရှည်ဖို့ ဗမာနဲ့ အိန္ဒိယတွေကို ရန်တိုက်ပေးတယ်။
ရန်တိုက်ပေးဖို့ မော်လ၀ီနဲ့ယောဂီဆိုတဲ့ စာအုပ်ကိုသုံးတယ်။












အမျိုးသား ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာထက်၊ သစ္စာရှိရန်သာ အရေးကြီးသည်။
မိမိဘာသာတရားကသာ မှန်ပြီး အခြားဘာသာတရားများက မှားသည်၊၊
ဦးဇင်းတို့ ဘာသာရေး ခေါင်းဆောင်တွေ ဒါမျိုးတွေကို အားပေးနေမှာလား၊ ဒီလို ဖြစ်နေတာတွေကို ၀မ်းသာနေကြမှာလား၊ ဘယ်သူကမှ ၀င်ရောက် ဟန့်တားခြင်း၊ ထိမ်းသိမ်းခြင်း၊ မလုပ်ကြတော့ဘူးလား၊ ကမ္ဘာ့အလည်မှာ မြန်မာဆိုတာ...ဒီလိုကွလို့ ဒီပုံစံနဲ့ ၀င့်ကြွးပြကြမလို့လား၊ ဗုဒ္ဓဘာသာဆို တာ ဒီလိုကွကို ကမ္ဘာကို ဒီလိုနည်းနဲ့ ပြမလို့လား။.............
ဒီလောက် ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်တဲ့ တိုင်းပြည်မှာ လူလာဖြစ်ရတာ။
ဘယ်သူမဆို လူမျိုးဘာသာ မခွဲဘဲ အမှန်တရားဘက်က ရပ်တည် ကာကွယ်ပေးရပါမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲ ဖြစ်နေပါစေ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ရရမယ်ဆိုတဲ့အသိ လူတိုင်းမှာ ရှိနေမယ်၊ ကိုယ့် အခွင့်အရေးကို တပါးသူက လေးစားဖို့အတွက် တပါးသူရဲ့ အခွင့်အရေးကိုလည်း ကိုယ်က လေးစားတတ်ရမယ်လို့ ယုံကြည်ပါတယ်။
လူတွေဟာ ခွဲခြားရာမှာတော့ အလွန်ကျွမ်းကျင်ကြပါတယ်။ ဘာသာမတူလို့ခွဲခြားတယ်။ လူမျိုးမတူလို့ ခွဲခြားတယ်။ ပါတီမတူလို့ ခွဲခြားတယ်။ အသားအရောင်မတူလို့ ခွဲခြားတယ်။ ဆင်းရဲချမ်းသာမတူလို့ခွဲခြားတယ်။ ဒါတင်အားမရသေး ဘာသာတူပြန်ရင်လည်း မခွဲကြပြန်ဘူးလား ဆိုတော့ ခွဲကြတာပါပဲ။
“လူတစ်ဦးတစ်ယောက်သည် မိမိအစုအဖွဲ့ မိမိလူမျိုးအုပ်စုကိုသာ တန်ဖိုးထားချစ်မြတ်နိုး၍ အမျိုးမတူ အုပ်စုမတူသည့် အခြားသူ တစ်ဦးဦးကို စော်ကားမော်ကား ချိုးချိုးဖဲ့ဖဲ့ ပြုလုပ်ခြင်း မရှိစေရ။ တိကျသေချာခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက် သတ်ဖြတ် ပျက်စီးကြေပြုန်းခြင်း အမှုကို မဖြစ်စေရ။
လူ့အဖွဲ့အစည်းကြားမှာ အင်အား အထက်မြက်ဆုံးအရာက လူအချင်းချင်း ညီရင်းအစ်ကို စိတ်ထားရှိခြင်းနဲ့ တစ်ဦးကိုတစ်ဦး ချစ်ကြည်လေးစားမှုထားခြင်းဖြစ်တယ်။
ဘာသာရေးခေါင်းဆောင်ဆိုသူတို့ဟာ မိမိတို့ရဲ့ဘာသာဝင်တွေကို ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မှု၊ ဘာသာတရားရဲ့အသိပညာ၊ ဘာသာတရားရဲ့သွန်သင်ဆုံးမမှု၊ ဘာသာတရားရဲ့ငြိမ်ချမ်းမှုကိုသာ မျှဝေခံစားစေရမယ်။
ကျွန်တော်တို့တတွေ ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံတကာနဲ့ယှဉ်ပြီး အစစအရာရာ အဆင့်အတန်းမီဖို့ ကြိုးစားနေကြပါတယ်။
အစ္စလာမ်ဘာသာဝင်များအနေဖြင့် တမန်တော်မြတ်ရဲ့ မွန်မြတ်သန့်စင်ရိုးရှင်းတဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ကို ကျင့်သုံးကြရမယ်။ တမန်တော်မြတ်ရဲ့ မြင့်မား အထက်တန်းကျတဲ့ စာရိတ္တတို့နဲ့ စံပြလူနေမှုစနစ်တစ်ခုကို တည်ဆောက်ကြရမယ်။ လူတွေက အစ္စလာမ်သာသနာကို လေ့လာချင်စိတ်ပေါ်ပေါက်လာအောင် ကြိုးစားကြမယ် ။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ပြောဆိုလေ့ရှိတဲ့ စကားတစ်ခွန်းကို ဖော်ပြချင်ပါတယ်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်တယ် ဆိုတာ ဆင်းရဲသားတွေ ကိုယ်ပိုင်ကားစီးနိုင်တာကို ဆိုလိုတာ မဟုတ်ဘဲ ချမ်းသာကြွယ်ဝတဲ့သူတွေပါ Public Transport (ဘတ်စ်ကားတွေ၊ မြို့ပတ် ရထားတွေ) ကိုအသုံးပြုတဲ့ အခြေအနေကို ဆိုလိုတာပါတဲ့။ ဒီစကားလေးက အပေါ်ယံကြည့်ရင် ဘာမှမဟုတ်သလို ထင်ရပေမယ့် သေသေချာချာ စဉ်းစားလေ နက်နဲလေ၊ အဓိပ္ပာယ်ရှိလေ ဆိုတာ တွေ့ရပါတယ်။