Home

Thursday, August 29, 2013

လွတ်လပ်ခွင့်ကို အလွဲသုံးစားပြုနေတဲ့ မီဒီယာ

မီဒီယာဆိုတာ မိမိတို့ကိုယ်ကျိုးစီပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသင့်တယ်။ ပြည်သူလူထုအကျိုးစီးပွားကို အစဉ်အမြဲကာကွယ်စောင့်ရှောက်သင့်တယ်။ မီဒီယာဆိုတာ ဝေဖန်ထောက်ပြစရာရှိရင် စေတနာမှန်နဲ့ ဝေဖန်ထောက်ပြသင့်တယ်။ မီဒီယာဆိုတာ လူထုကို အသိတရားမြင့်မားအောင်၊ နားမျက်စေ့ပွင့်အောင် စွမ်းဆောင်ပေးရမယ်။

Potential နှင့် Skill

နိုင်ငံတစ်ခုရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင် potentialထက် skill က အများကြီးပိုပြီးအရေးပါ အများကြီးပိုပြီး ပဓါနကျတဲ့အကြောင်းဆွေးနွေးချင်ပါတယ်။potential ဆိုတာကို အလုံးစုံ ခြုံငုံမိအောင် ပြောရင် ဖြစ်နိုင်ခြေများအလားအလာများရှိနေတဲ့ စွမ်းအားလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ potential တော်တော်ကောင်းကောင်းနဲ့များများရှိနေတယ်လို့ ဆိုရမှာပါ။ပထဝီအနေအထားကောင်း၊ သဘာဝအရင်းအမြစ် ကောင်း ၊ရာသီဥတုကောင်း၊ လူသားအရင်းအမြစ်ကလည်း လုံလုံလောက်လောက် potential နဲ့ပတ်သက်လို့ ပြောစရာမရှိအောင် ကောင်းမွန်ပြည့်စုံလှပါတယ်။

ဘယ်သူသေသေ ငတေမာရင်ပြီးရော

ဥပဒေစိုးမိုးရေးရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ချင်တယ်ဆိုရင် လူ့အခွင့်အရေးကိုအရေးထားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့ ဥပဒေတစ်ခုတည်းအောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။
ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ ဒီမိုကရေစီရဲ့ဘက်တော်သားတွေကတော့
လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေးဆိုတဲ့ မူကိုလက်ကိုင်ထားကြတယ် ။ ဥပဒေစိုမိုးရေးစကားတွေပြောလာကြတယ်။

အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်

အမျိုးသားရေးလို့ အသံကောင်းဟစ်နေခြင်းဟာ အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်တစ်ခု
အဖြစ်ဖန်တီးနေတာပါ။
ဒီမိုကရေစီရဲ့ပင်မကျောရိုးက လူကိုအခြေခံပြီး၊ လူသားအချင်းချင်း အပြန်အလှန်နားလည်မှုနဲ့ လူမျိုးနွယ်စုအသီးသီးကြား အတူတကွပတ်သက်ဆက်ဆံမှု ဖြစ်တယ်။
ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ နိုင်ငံရေးက ပွင့်လင်းမြင်သာမှုဖက်ကို ဦးတည်လာရတော့မယ်။

သေငယ်ဇောနဲ့မျောနေတာတောင် သူတို့မှာနိုင်ငံတော်ကြီးအတွက် မှာစရာတွေကအပြည့်

ဒါ ဂန္ဓီကြီးနဲ့ ဆားတွင်းတွေဆီ ချီတက်သွားတာဖြစ်နိုင်သလို
ဒါ မေရီအင်တွိုင်းနက်ရဲ့နန်းတော်ကြီးရှေ့ ပေါင်မုန့်တန်းစီနေတာလည်းဖြစ်နိုင်တယ်။
အခုရွတ်နေတာ 
ဗားတော့ဘရက်ရဲ့ကဗျာ(သို့မဟုတ်)
မကျွတ်မလွတ်သေးတဲ့အမှုတွဲတွေရဲ့ညည်းညူးသံတွေလား။

Wednesday, August 28, 2013

ဘာသာ သာသနာကို ခုတုံးလုပ်အသုံးချသောအုပ်စိုးသူများ

ဒီဆောင်းပါးအရှေ့က ကျနော့်ဆောင်းပါးကိုကျနော့်မိတ်ဆွေများက 
“ခရိုနီရွှေစင်ဆု”ဆောင်းပါးဆိုပြီးသြဘာပေးကြပါတယ်။ 
သူတို့သဘောထားနဲ့ထင်မြင်ချက်၊ဝေဖန်ချက်တွေည်းပေးကြပါတယ်။အဲဒီလိုပေးကြတဲ့ထင်မြင်ချက်တွေထဲမှာ ယခုလို ဘာသာရေးမုန်းတီးမှုတွေ
(အကြမ်းဖက်လူသတ်မီးရှို့မှုတွေ) ဖန်တီးဖြစ်ပေါ်နေချိန်မှာ ဆရာတော် ၂ ပါးကို 
“ နိုင်ငံတော်သမ္မတ၏ဂုဏ်ထူးဆောင်လက်မှတ်” ခါတော်မီပေးအပ်ဆက်ကပ်တာနဲ့
ပတ်သက်ပြီး ကျနော့်ရဲ့သဘောထားအမြင် ထုတ်ဖေါ်ရေးပါဦးဆိုတဲ့ 
တိုက်တွန်းချက်တစ်ခုလည်းပါဝင်ပါတယ်။

Tuesday, August 27, 2013

မြတ်ဗုဒ္ဓသည်

မြတ်ဗုဒ္ဓသည်
မေတ္တာတရားနှင့်သာ 
လူသားများကို ကယ်တင်ခဲ့ပါသည်။
တခြားဘာသာကို မုန်းတီးပါဟု မဟောကြားခဲ့ပါ။
တခြားဘာသာဝင်တို့၏ ၀တ်ကျောင်းတော်တွေနဲ့
အသက် အိုးအိမ် စည်းစိမ်ကို
လုယက် ဖျက်ဆီး မီးလောင်တိုက်မသွင်းခဲ့ပါ။

Tuesday, August 20, 2013

မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။

မိမိဒေသ၊ မိမိလူမျိုး ၊ မိမိဘာသာ၊ မိမိယုံကြည်မှု၊ မိမိအယူအဆ၊ မိမိရည်ရွယ်ချက်၊ မိမိခံယူချက်၊ မိမိယဉ်ကျေးမှု၊ မိမိဆန္ဒ၊ မိမိအစွဲ၊ မိမိလိုလားမှု၊ မိမိလိုအပ်မှု၊ မိမိ ဘာသာစကား၊ မိမိအသားအရောင်နဲ့ မိမိဝတ်စားဆင်ယင်မှု စတာတွေကိုသာ အလေးထားပြီး၊ တစ်ခြားသူတို့ရဲ့ ဒေသ၊ လူမျိုး ၊ ဘာသာ၊ ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊ ၀တ်စားဆင်ယင်မှု၊ ဆန္ဒ၊ လိုလားမှု၊ လိုအပ်မှု စတာတွေ သိအောင်မကြိုးစားဘဲ၊ ထည့်မတွက်ဘဲ၊ ဖိနှိပ် စော်ကား အနိုင်ကျင့် နှိမ်ချ မင်းမဲ့စရိုက်ဆန်ဆန် ဖျက်လိုဖျက်ဆီး လုပ်နေသမျှတော့ စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ မူတွေဘယ်လောက်ပြောင်းပြောင်း နိုင်ငံရေးကို အောင်မြင်အောင် ဘယ်တော့မှ မလုပ်နိုင်ပါဘူး။

အခြေခံဥပဒေ အသစ်ရေးဆွဲပြဌာန်းနိုင်ရန် ။

အခြေခံဥပဒေ ရေးဆွဲနေခဲ့တဲ့အချိန် ( အမျိုးသားညီလာခံ ကျင်းပခဲ့တဲ့ အချိန်) တုန်းကနိုင်ငံရေးနယ်ပယ်မှာ ငြင်းခုန်စရာတွေရှိခဲ့သလိုနိုင်ငံရေးမုန်တိုင်းတွေလည်း ပြင်းထန်ခဲ့တာအမှတ်ရကြမယ်လို့ ယူဆပါတယ်။ အမျိုးသားညီလာခံ လမ်းကြောင်းကတစ်ဆင့်လက်ရှိကျင့်သုံးနေတဲ့အခြေခံဥပဒေ အမြန်ပေါ်ပေါက်ပြီး နိုင်ငံရေးလမ်းကြောင်းပြောင်းလဲလာတဲ့အခါ အခြေအနေသစ်ပေါ်မှာရပ်တည်ပြီး
ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းလိုသူ ( အနည်းစု ) နဲ့အမျိုးသားညီလာခံကို ဆန့်ကျင်ပြီး 

အပေါ်က လက်နှင့်ရေးသော်လည်း အောက်က ခြေနှင့်ဖျက်နေဆဲ

အစိုးရသက်တမ်း ၂ နှစ်ကျော်လို့ သုံးနှစ်ထဲ ရောက်လာပြီဖြစ်တဲ့ ခုအချိန်မှာ သမ္မတရဲ့ လူထုအပေါ်ထားတဲ့ စေတနာကို ဘယ်သူကမှ ယုံမှားသံသယ ရှိမနေတော့ပါဘူး။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှု တွေက သိပ်မထိ ရောက်သေးပေမယ့် စေတနာပိုင်း ကိုတော့လူတိုင်းက အနည်းဆုံး မဆိုးပါဘူးလို့ အသိအမှတ်ပြုကြပါတယ်။ (ခြွင်းချက်အနေနဲ့ အဆိုးမြင်သမား တချို့တလေတော့ ရှိနိုင်ပါတယ်။) လူများစုကတော့ လက်တွေ့ အခွင့်အရေး ရတာ မရှိသလောက် နည်းပါးလွန်းနေသေးပေမယ့် သမ္မတဟာ စိတ်ရင်းအမှန်နဲ့ ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ အသိအမှတ်ပြုကြပါတယ်။ 

ဒဂုန်တာရာ(သို့မဟုတ်)ရန်သူကိုမိတ်ဆွေလုပ်ခဲ့သူ

ဖန်စ စိန်စ ကြယ်စတွေအောက်မှာ
ဝစ်လစ်စလစ်အပြာကမ္ဘာကြီးကိုတွေ့ခဲ့သူ။
စိမ်းစိုလတ်ဆတ်သော ထင်းရူးပင်တွေကြားမှာ
တရွေ့ရွေ့လန်လာသော လအစိမ်းကြီးကို မျိုချခဲ့(သို့မဟုတ်)အန်ထုတ်ခဲ့သူ။
၃၃လမ်းက လေထန်ကုန်းကို
ပျားအုံခံစားမှုဆိုကာ စကားလက်ဆုံနဲ့စကားလက်ကုန်နှိုက်ခဲ့သူ။
မေ ရေ
ဒို့ခေတ်ကို ရောက်ရမည်မလွဲပါတဲ့ကွယ်။

Thursday, August 15, 2013

ရှစ်လေးလုံး ၏ မော်ကွန်းသစ်

ရှစ်လေးလုံးဆိုတာ အလွန်တရာ ကြီးကျယ်ခမ်းနားလှတဲ့ မြန်မာ့သမိုင်းမော်ကွန်းဖြစ်ပါတယ်။န
ကမ္ဘာ့သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ခတ်ပြောင်းတော်လှန်ရေး  လှိုင်းတံပိုးကြီးကို အရှိန်ပြင်းပြင်း ရိုက်ခတ်စေခဲ့ပါတယ် ။
ရှစ်လေးလုံးရဲ့ ပန်းတိုင် ရှစ်လေးလုံးရဲ့ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။  
ရှစ်လေးလုံးဟာ မျက်နှာစာ နှစ်ဘက်ရှိတဲ့ မြန်မာ့သမိုင်းဖြစ်ပါတယ်။

Wednesday, August 14, 2013

ဒေါ်စုက ကျွန်တော်တို့ ခေါင်းဆောင်ပါ။

ဒေါ်စုကတော့ အမှန်ကို အမှန်အတိုင်းလုပ်မယ့်ခေါင်းဆောင်မျိုးပါတိုင်းပြည်နဲ့ပြည်သူလူထုအများအကျိုးကို မျှော်လင့်ပြီး အမှန်တရားပေါ်မှာ ရပ်တည်မယ့်ခေါင်းဆောင်မျိုးပါ။အမှန်တရားအတွက် ဘက်မလိုက်ဘဲလုပ်မယ့် ခေါင်းဆောင်မျိုးပါ။ လူထုရဲ့ ထောက်ခံမှုပိုရတာ၊သူနေရာရတာတွေထက် တိုင်းပြည်ကောင်းစားဖို့ကို ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ…. ” တိုင်းပြည် နဲ့ လူမျိုး အတွက် အကျိုးရှိနိုင်မယ်ဆိုရင် အသုံးချခံဖြစ်ရလည်း ဖြစ်ပါစေ..၊ ကျမကိုအသုံးချနိုင်ပါတယ်” လို့ပြောခဲ့တဲ့ စကားသက်သေခံနေပါတယ်။

နိုင်ငံတကာဥပဒေများနဲ့ ဖီလာဆန့်ကျင်


မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေခိုးဝင်လာပြီး လွှမ်းမိုးချယ်လှယ်မှာကို ဒီမြေမှာမွေး၊ ဒီမြေကရေကိုသောက်၊ ဒီမြေကဆန်ကိုစားပြီး၊ ဒီမြေကိုချစ်တဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံသားမြန်မာမုစ်လင်မ်တွေကလည်း ဘယ်နည်းနဲ့မှ သဘောမတူနိုင်သလို လက်ခံကြမှာလည်းမဟုတ်ပါဘူး။

Tuesday, August 6, 2013

လူ့ယဉ်ကျေးမှုကို တောင်းဆိုသူများ

လူတွေကို ဘာသာတရား နဲ့ ခွဲခြားရှုမြင်ခြင်းထက် " မင်းဟာ အကြမ်းဖက်မှုကို ထောက်ခံသူလား၊ အကြမ်းမဖက်မှုကို လိုလားသူလား" ဆိုတဲ့ လူ့ယဉ်ကျေးမှု ပေတံနဲ့ ပထမဆုံး တိုင်းတာသင့်ပါတယ်။လွတ်လပ်တဲ့ အာရှအသံရဲ့ ဂျူလိုင် (၂၇) ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။မကြာသေးခင်ရက်များအတွင်းက ကုလသမဂ္ဂညီလာခံမှာ ပါကစ္စတန်နိုင်ငံ စွက်ချိုင့်ဝှမ်းဆီက အစ္စလာမ်အမျိုးသမီးငယ် မာလာလာ ရဲ့ မိန့်ခွန်းကို နားထောင်မိကြပါလိမ့်မယ်။

Friday, August 2, 2013

အမုန်းမီးများ ငြှိမ်းပေးပါ

အကြိတ်အခဲ အဖုအထစ်များသည် သာမန် သူငယ်ချင်းချင်း စကားဝိုင်းငယ်ကလေးများသို့ပါ ပျံ့နှံ့နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေလာသော သူငယ်ချင်း အသိုင်းအဝိုင်းများအကြား စကားလေး တခွန်းပင် အမှားမခံသည့် အဖြစ်အပျက်မှာ အတော်ကလေး အံ့သြစရာ ကောင်းလှသည်။

ရဟန်းတပါးရဲ့အမြင် (ဦးအဂ္ဂ)

ပုဂ္ဂလိက ခံစားချက်လေး ပြောဦးမယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာ ကိုယ်တိုင် အဆင့်အတန်းတွေ ကွဲမှန်း မသိကွဲကုန်ကျပြီ၊ အခုလက်ရှိ အနေအထားကိုကြည့် ချမ်းသာတဲ့ ဘုန်းကြီး၊ ဘုန်းကြီးတဲ့ဘုန်းကြီးတွေ အနားမှာကြည့် ဘယ်သူတွေဝိုင်းနေတာလဲ။ ဆင်းရဲတဲ့သူတွေ ကပ်နိုင်ရဲ့လား၊ ဝေလာဝေး သဘောရိုးနဲ့ ကပ်ရင်တောင် မရှိခိုးနိုးနိုးနဲ့ ကြည့်ကြတာမို့လား။ အဲဒါ ဘာတွေ ဖြစ်လာလဲ။

တိုက်ပုံဝတ်ကြရပါမယ်

ဟိုတနေ့က ဖျာပုံက အသိတချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းမှာ တယောက်က ဒန်ပေါက်သွားဝယ်လိုက်ဦးမယ် ဆိုပြီး ပြောပါတယ်။ အဲ့ဒီမှာတင် နောက်တယောက်က ထပြောလိုက်တယ်၊ အဲ့ဒီဆိုင်မှာသွားမ၀ယ်နဲ့၊ ဗမာရောင်းတဲ့ ဆိုင်မှာပဲ ၀ယ်တဲ့။

အဲ့ဒီလို မွတ်စလင်ဆန့်ကျင်ရေးအမြင်တွေဟာ ဗုဒ္ဒဘာသာဝင် ဘယ်လောက်များများမှာ ရှိနေပြီလဲဆိုတာ မသိပေမဲ့ ဗုဒ္ဒ ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြားမှာ အက်ကြောင်းကြီးတခု ထင်နေပြီဆိုတာတော့ သေချာပါတယ်။