Home

Sunday, August 31, 2014

ရပ်ကွက်ထဲမှာ ဒီလိုပဲရှိပါသည်။

ခရုသင်းစွဲနေတဲ့ဆင်ကို ဆင်ဖြူတော်ဟုခေါ်သည်။
လင်းတကို ရွှေဟင်္သာဟုသမုတ်သည်။
မြွေကို နဂါးဟုအမည်တွင်စေသည်။

နွားနို့သောက်ဖို့ ပြောဖူးသည်။
နဂါးမောက်သီးစိုက်မည် ဆိုဖူးသည်။
အခုလည်း နဂါးကို နွားနို့ တိုက်နေသည်။

ခေါင်းလောင်းကြီးကြောင့်တော့
တိုင်းပြည်ဟောင်းလောင်းကြီးမဖြစ်စေလိုပြီ။

ရပ်ကွက်ထဲမှာ ဒီလိုပဲရှိပါသည်။
______________________
m y O e w y n n _ 29.8.2014

ပြည်ထောင်စုသား မွတ်စလင်မ်ဆိုတဲ့ ကောင်းကင်ကြီး အောက်မှာ

 ပြည်ထောင်စုသားမွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီ ဆိုတာ  ဘာသာရေးအဖွဲ့အစည်းမဟုတ်သလို၊ နိုင်ငံရေးအဖွဲ့အစည်းလည်း မဟုတ် ပါဘူး။ မွတ်စလင်မ်လူမျိုးစုတွေကို အခြေခံတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသား ပြည်ထောင်စုသား မွတ်စလင်မ်တွေရဲ့ အမျိုးသားရေးရာ ကိစ္စတွေကို ဖော်ဆောင်နိုင်ဖို့နဲ့

ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများ

နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ 
ပြောဆိုကြသောသူများမှာ 
ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင် ဖြစ်ပေသည်။
ထိုသူတို့၏ ရည်ရွယ်ချက်မှာ
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့်
ပြည်သူတို့၏ စိတ်ကိုရှုပ်ထွေးစေ၍

Wednesday, August 27, 2014

စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်းကျသူတွေဖြစ်သင့်တယ်။


ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ကိုးကွယ်ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာ ဓမ္မတာပဲ။ ဘယ်နိုင်ငံမှာနေနေ၊ ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ မကိုးကွယ်ချင်ရင်လည်း ရပါတယ်။
ဒါ လူတိုင်းရဲ့ လွတ်လပ်မှုပဲ။လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ 

အာဏာရှင်တွေ အာဏာတည်မြဲဖို့အတွက် လှည့်ကွက်ပါ။

လူထုရဲ့ရိုးရိုးသားသား
မိမိလူမျိုးကို ချစ်တဲ့စိတ်၊
မိမိကိုးကွယ်ရာဘာသာတရားကို ချစ်တဲ့စိတ်နဲ့
မိမိသာသနာကို ချစ်တဲ့စိတ်ကို
ခုတုံးလုပ် အမြတ်ထုတ်ပြီး

ဒီမိုကရေစီဖော်ဆောင်လိုတဲ့ တိုင်းပြည်ဆိုရင်

* လူထုက နိုင်ငံခေါင်းဆောင်ကို အများသဘောဆန္ဒနဲ့အညီ တရားမျှတစွာ ရွေးချယ်နိုင်ခွင့်ရမယ်။
* ဥပဒေကို ရိုသေ လိုက်နာ လေးစား စောင့်ထိန်းတဲ့သူတွေ အုပ်ချုပ်တဲ့ အစိုးရမျိုးကို လူထုက တင်မြောက်နိုင်ခွင့် ရှိရမယ်။
* လွှတ်တော်ဟာ လူထုရဲ့အသံကို အမြဲနားစွင့်နေပြီး အကောင်အထည်ဖော်နိုင်ရမယ်။
* ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာစံချိန်စံနှုံးနဲ့အညီပြဌာန်းပြီး ဥပဒေပါအတိုင်း အစိုးရနဲ့လူတုက တိတိကျကျလေးစား လိုက်နာနိုင်ရမယ်။
* နိုင်ငံတကာ ဥပဒေစည်းမျဉ်းနဲ့အညီ လူ့အခွင့်အရေးကို လေးစားနိုင်ရမယ်။

မိမိဘာသာတရားနဲ့ သူတစ်ပါး ဘာသာတရားကြားမှာ

 ဘာသာတရား တစ်ခုခုက ညွှန်ကြားတဲ့ 
 လိုက်နာသင့်၊ လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေကို 
 လိုက်နာခြင်း မပြုခင် ရှေးဦးဆုံး 
 လူသားကောင်းတစ်ယောက်ဖြစ်ဖို့
 ကြိုးစားအားထုတ်ရတယ်။ 
 လူသားတစ်ယောက် လူသားပီပီသသ 
ကျင့်ကြံလိုက်နာရမယ့် ကျင့်ဝတ်သိက္ခာဟာ

Saturday, August 23, 2014

ဘာသာရေးဝတ်ရုံခြုံထားတဲ့ အကြမ်းဖက်သမား

ဘယ်လူမျိုး၊ ဘယ်ဘာသာမှာပဲဖြစ်ဖြစ်
ဘာသာရေးခေါင်းဆောင်ဆိုသူတွေဟာ 
မိမိတို့ရဲ့ဘာသာဝင်တွေကို 
ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မှု၊
ဘာသာတရားရဲ့မေတ္တာဓာတ်လွှမ်းခြုံမှု၊ 
ဘာသာတရားရဲ့အသိပညာ၊ 
ဘာသာတရားရဲ့သွန်သင်ဆုံးမမှု၊

ကျနော်တို့ မမိုက်သင့်ဘူး၊ မ အ သင့်ဘူး။

နိုင်ငံတော်သမ္မတ ဖြစ်ချင်တာချင်းတူပေမယ့် 
ဖြစ်ချင်တဲ့အဓိပ္ပါယ်နဲ့ တန်ဖိုးခြင်းတော့ ကွာခြားလိမ့်မယ်။
သူတို့ဖြစ်ချင်တာက သူတို့ လုပ်လက်စ ကုမ္မဏီလုပ်ငန်း မပျက်ပျယ်အောင်၊ 
သူတို့ တူးလက်စ ကျောက်စိမ်းတွေ ဆက်တူးလို့ရအောင်၊ 
သူတို့ ခုတ်လက်စ သစ်တောသစ်ရိုင်းတွေ ကျန်နေသေးလို့ရယ်ကြောင့်ဖြစ်တယ်
ဒေါ်စုသမ္မတဖြစ်ချင်တာက သူ့ကိုယ်ကျိုးအတွက်လား။
သန်း၆၀သောပြည်သူအတွက်လား။ ပြန်ကြည့်ရင်

မိုက်ကယ်အဲရစ်၏ လူသိနည်းသော စွန့်လွှတ်အနစ်နာခံမှု အကြောင်းတစေ့တစောင်း

 အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကိုကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံက တောင်တန်းတွေကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင် မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာ ဌာနမှာ သုသေသနပြု လုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာ တန်းကြီးတွေရဲ့ အရိပ်အောက်မှာ

လူရယ်လို့ ဖြစ်လာရင်

လူရယ်လို့ ဖြစ်လာရင် 
ကိုယ့်မိသားစုကို ကိုယ်စာနာတတ်ကြသလို
တစ်ခြားသူတွေရဲ့မိသားစုကိုလည်း 
စာနာတတ်ရမယ်။
ဒါမှသာ တစ်ခြားသူတွေကလည်း 
ကိုယ့်မိသားစုကို စာနာကြလိမ့်မယ်။

လူရယ်လို့ ဖြစ်လာရင်
ကိုယ့်လူ့အဖွဲ့အစည်းကို ဂုဏ်ပေးဆက်ဆံတတ်ကြသလို

Monday, August 18, 2014

လူအချင်းချင်း အပြန်အလှန်လေးစား နားလည်မှုမရှိရင်

ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို 
မျှမျှတတပေးနိုင်တဲ့စနစ်ကို 
ဒီမိုကရေစီလို့ခေါ်တာဖြစ်တယ်။
လူ့တန်ဖိုးနဲ့ လူတိုင်းတွင်ရရှိခံစားအပ်သည့် 
လူအခွင့်အရေး၊ လူဂုဏ်သိက္ခာများကိုလည်း
လေးစားလိုက်နာရန်လိုအပ်တယ်။
လူတိုင်း ကိုယ်ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။

မိမိတို့ရဲ့စိတ်ဓာတ်တွေကို ဦးစွာပထမတော်လှန်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာကြုံတွေ့နေရတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ နှိမ်ချဆက်ဆံမှုတွေ၊ ပြဿနာတွေ အခက်အခဲတွေနဲ့ လူနည်းစုလူမျိုးစုတွေအပေါ်အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်စိုးမိုးမှုတွေကို စမ်းစစ်ကြည့်တဲ့အခါမှာ နှစ်ပေါင်းငါးဆယ်ကျော်ကြာအောင် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စံနစ်ဆိုးရဲ့ စနစ်တကျ အကွက်ချ စီစဉ်ဖန်တီးထားတဲ့ လက်ကျန်အမွေဆိုးတွေပါ။ ပြည်သူလူထုအချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် ဖန်တီးထားတဲ့

Friday, August 15, 2014

မုန်းတီးရေးတရားတွေ သူတစ်ပါးကို မဖြန့်ကြပါနဲ့။

လူမျိုး၊ ဘာသာ မတူတဲ့သူတွေကြား
မုန်းတီးရေးတရားတွေကို အကောင်းဆုံးကာကွယ်နိုင်ဖို့ 
မုန်းတီးရေးတရားတွေကို သူတစ်ပါးကို မဖြန့်ကြပါနဲ့။
ပြောတဲ့သူတွေ၊ လှုံ့ဆော်တဲ့သူတွေနဲ့ ၀ါဒဖြန့်သူတွေသာ
ပြောရင်း၊ လှုံ့ဆော်ရင်း၊ ၀ါဒဖြန့်ရင်းနဲ့ ပျောက်ဆုံးသွားပါလိမ့်မယ်။
တစ်ယောက်နဲ့တစ်ယောက် မုန်းတီးရေးတရားတွေ၊ 
စကားတွေ ဝေငှနေပြီဆိုရင်တော့

နွားဆိုတဲ့သတ္တ၀ါဟာ

နွားဆိုတဲ့သတ္တ၀ါဟာ
အချင်းချင်းဆို 
ဂျိုအားကိုးပြီး ဝှေ့တတ်ပေမယ့်
တစ်ခြားသတ္တ၀ါ
သူ့ထက်ဘယ်လောက် အကောင်ငယ် ငယ်၊
ဂျိုရှိရှိ မရှိရှိ၊ အဆိပ်ရှိရှိ မရှိရှိ၊
နောက်ဆုံး သူ့လောက်ခွန်အားမရှိတဲ့
ခွေးလိုသတ္တ၀ါက ဟောင်ရင်တောင်
အမြှီးကုပ်ပြီး ပြေးတော့တာပါပဲဗျာ။
_____________________________________
m y O e w y n n _ 1 4 . 0 8 . 2 0 1 4

Wednesday, August 13, 2014

လက်ခမောင်းခတ်ဖို့ ပြင်နေလေရဲ့။

အုပ်စုတူသူချင်းလည်း ခွပ်နေကြတယ်။
အုပ်စုမတူသူနဲ့လည်း ခွပ်နေကြတယ်။
လူမျိုးတူသူချင်းလည်း ခွပ်နေကြတယ်။
လူမျိုးမတူသူနဲ့လည်း ခွပ်နေကြတယ်။
ဘာသာတူသူချင်းလည်း ခွပ်နေကြတယ်။
ဘာသာမတူသူနဲ့လည်း ခွပ်နေကြတယ်။

စည်းလုံးညီညွတ်ဖို့ လိုအပ်ပါတယ်။

စစ်မှန်ပြီး ခိုင်မာတဲ့ ဒီမိုကရေစီစံနစ်ကို 
ဖော်ဆောင်လိုတယ်ဆိုရင်
နိုင်ငံတွင်းမှာရှိနေကြတဲ့ နိုင်ငံသားအားလုံး 
စည်းလုံးညီညွတ်ဖို့ လိုအပ်ပါတယ်။

Tuesday, August 12, 2014

သိပ်တော့မဆန်းပါဘူး။

အလိမ်ခံ၊ အညာခံချင်သူနဲ့ အယုံလွယ်သူတွေ 
ပေါများတဲ့တိုင်းပြည်မှာ လိမ်တဲ့၊ ညာတဲ့သူတွေနဲ့ 
ယုံအောင်ပြောတတ်တဲ့လူတွေ ကြီးစိုးနေတာ
သိပ်တော့မဆန်းပါဘူး။

ဘယ်တော့ ဒီမိုကရေစီပန်းတိုင် အရောက်လှမ်းနိုင်ကြမှာလဲ။

မိမိနဲ့ မိမိတို့လူ့အဖွဲ့အစည်းကို ဖိနှိပ်တာ၊ ချုပ်ချယ်တာ၊ စော်ကားတာ၊ အနိုင်ကျင့်တာ၊ ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်တာတော့ မကြိုက်ကြပါဘူး။ ဒါပေမယ့် တစ်ခြားသူနဲ့ တစ်ခြားလူ့အဖွဲ့အစည်းကို ဖိနှိပ်တာ၊ ချုပ်ချယ်တာ၊ စော်ကားတာ၊ အနိုင်ကျင့်တာ၊ ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်တာတွေတော့ လုပ်ချင်ကြတယ်၊ လုပ်နေကြတယ်။ တားမြစ်တာ၊ကန့်ကွက်တာ၊ ဆန့်ကျင်တာတွေမရှိသလို ရေငုံနှုတ်ပိတ်ပြီး စိတ်ထဲက တိတ်တဆိတ်ဝမ်းသာနေကြတယ်။
မိမိတို့ ကိုယ်တိုင်က အကြမ်းဖက်ဝါဒီတွေဖြစ်နေကြတယ်။

Sunday, August 10, 2014

စည်းစည်းလုံးလုံး ဆက်တိုက်ကြအုံးစို့။

လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကျော်က
ဝါသနာတူ၊ အယူအဆတူ
အတွေးအခေါ်တူ၊ အမြင်လဲတူ
တစ်မြေထဲနေ တစ်ရေထဲသောက်
ထမင်းတစ်ဗူးထဲ အတူတူဝေစား
ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေများ။

Saturday, August 9, 2014

ဘာသာတရားရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင်ပုံဖော်နေတာပဲ

အစွန်းရောက်ခြင်းကိုတော့ ကျူပ်က အရမ်းမုန်းတယ်ဗျ။ အစွန်းရောက်ခြင်းက ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားနဲ့ မသက်ဆိုင်ဘူးလို့တော့ ယုံကြည်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားမှ အစွန်းရောက်တာမရှိဘူး။ ဘာသာတရားအသီးသီးရဲ့ မဟာလူသား မြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေလည်း

တာဝန်ရှိတယ် ။ ရှုံ့ချလိုက်စမ်းပါ ။

လူမျိုးစွဲစိတ်ဓာတ်၊ 
ဘာသာစွဲစိတ်ဓာတ်နဲ့ 
နယ်မြေဒေသစွဲအခြေခံတဲ့ စိတ်ဓာတ်တွေ 
လူသားမျိုးနွယ်စုအတွင်း စိမ့်ဝင်လာရင်
အဲဒါတွေကို ဆန့်ကျင် တားဆီး ပိတ်ပင်ဖို့အတွက် 
တည်ငြိမ် အေးချမ်းစွာနေလိုတဲ့ 
လူသားမျိုးနွယ်တိုင်းအပေါ်မှာ 

ပညာရေးသည် နိုင်ငံရေး၏ အခြေခံဖြစ်၏။

တိုင်းပြည်အုပ်ချုပ်ရေးစံနစ်များအနက် 
ဒီမိုကရေစီစနစ်သည် 
အခက်ခဲဆုံးဖြစ်လေသည်။

ဒီမိုကရေစီစနစ်အောင်မြင်ရန်
ပြည်သူပြည်သားတို့သည် 

လွတ်လပ်စွာစဉ်းစား၊တွေးခေါ်ရေးသားခွင့်ရှိတယ်ဆိုပေမယ့်

မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်း၊
ပြုလုပ်လိုက်တဲ့ အပြုအမူဟာ မိမိရဲ့ပင်ကိုစိတ်နေစိတ်ထား၊ 
ပညာအရည်အချင်း၊ အသိဥာဏ်၊ အဆင့်အတန်း၊ ကိုးကွယ်ယုံကြည်မှု၊ အသိုင်းအ၀ိုင်းနဲ့ 
မိမိကြီးပြင်းခဲ့ဖူးတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို 
ထင်ဟပ်ဖော်ပြနေတဲ့အတွက် စဉ်းစားဆင်ခြင်မှုမရှိဘဲ၊

Saturday, August 2, 2014

ငါက အကြမ်းဖက်ဝါဒီလား

 သူတို့တွေလေ
 ငါတို့ကို လက်ညှိုးထိုး ယိုးစွပ်ခဲ့ကြပေါ့။
 ဒိုင်းနမိုက်တွေ
 ရင်ဘတ်မှာ စည်းနှောင်ပြီး
 အဆောက်အအုံတွေ
 လေယာဉ်တွေကို
 ဖောက်ခွဲဖျက်ဆီး...
 အရပ်သား ရာပေါင်းများစွာကို
 သေတွင်းထဲ ပို့. . .
အဲဒီလိုလုပ်ရပ်တွေနဲ့
သွေးဆာနေတဲ့ အကြမ်းဖက်ဝါဒီတွေ ...တဲ့

ဒီမိုကရေစီသဘောတရားတွေ ကင်းမဲ့နေသေးသရွေ့

 လူ့ပတ်ဝန်းကျင်မှာ
 လူအချင်းချင်းဆက်ဆံရေးမှာ
 ဒီမိုကရေစီသဘောတရားတွေ ကင်းမဲ့နေသေးသရွေ့
 ဒီမိုကရေစီထွန်းကားမှာမဟုတ်ပါ။

လူမျိုးဘာသာခွဲခြားမှု၊လူတန်းစားခွဲခြားမှု၊ 
အဆင့်အတန်းခွဲခြားမှုနဲ့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားနေပြီး

Friday, August 1, 2014

သဘောပေါက်ဖို့တော့လိုနေပြီ

မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေဟာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းမဟုတ်ပါ။ အစ္စလာမ်ဘာသာဝင်မုစ်လင်မ်တွေနဲ့ ဗုဒ္ဓဘာသာဝင်မြန်မာတွေ ဘာသာရေးအရ လူမျိုးရေးအရ တိုက်ခိုက်နေတာမဟုတ်ပါ။ အစ္စလာမ်ဘာသာဝင်မုစ်လင်မ်တွေနဲ့ ဗုဒ္ဓဘာသာဝင်မြန်မာတွေ မုန်တီးမှုကြောင့်၊ အာဃာတတွေကြောင့် ဖြစ်နေတဲ့ ပဋိပက္ခတွေမဟုတ်ပါ။

တိုင်းချစ်ပြည်ချစ်စိတ်ကို မွေးမြူရမှာဖြစ်ပါတယ်။

မျိုးချစ်စိတ်ဆိုတာ လူသားတိုင်းမှာ ရှိသင့်ပါတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ချစ်တဲ့စိတ်ဓာတ် လူသားတိုင်းမှာ ရှိသင့်တယ်။ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တိုးတက်စေချင်တဲ့စိတ်ဓာတ် လူသားတိုင်းမှာ ရှိကိုရှိရမယ်။

မျိုးချစ်စိတ်လို့ တစာစာဟစ်ကြွေးနေပြီး မိမိနဲ့ဒေသမတူလို့၊ မိမိနဲ့လူမျိုးမတူလို့၊ မိမိနဲ့ဘာသာမတူလို့၊ မိမိနဲ့အသားအရောင်မတူလို့၊ မိမိနဲ့အဆင့်အတန်းမတူလို့၊ မိမိနဲ့ အတွေးအခေါ်အယူအဆမတူလို့ စတဲ့

လူထုရဲ့အသံကို အလေးထားဖို့ လိုအပ်ပါတယ်။

လွှတ်တော်ဟာ လူထုအတွက် အကျိုးရှိမရှိ၊ လူထုအကျိုးအတွက် သက်ရောက်မှုရှိမရှိ ဒီမိုကရေစီရဲ့စံချိန်စံနှုန်းနဲ့ တိုင်းတာရမယ်။ လွှတ်တော်ထဲရောက်နေတဲ့သူတွေဟာ လူထုအကျိုးဆောင်သူတွေဖြစ်သင့်တယ်။ လူထုကို အမှန်တကယ် ကိုယ်စားပြုပြီး 
လူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ကိုယ်စားလှယ်တွေဟာ မိမိတို့ကိုယ်ကို လူထုကိုယ်စားလှယ်လို့ခံယူတယ်ဆိုရင် လွှတ်တော်ထဲဝင်လိုက်တာနဲ့ လူထုဆီက လူထုဆန္ဒတွေ၊ လူထုရဲ့လိုအပ်ချက်တွေပါလာရမယ်။ လူထုရဲ့ဆန္ဒတွေ၊ လူထုရဲ့ လိုအပ်ချက်တွေယူဆောင်မလာဘဲ၊ လူထုအကျိုးအတွက်မဆွေးနွေးဘဲ လွှတ်တော်ထဲ ထိုင်နေခြင်းဟာ အချိန်ဖြုံးခြင်းနဲ့ တိုင်းပြည်ဘဏ္ဍာ ထိုင်ဖြုံးနေခြင်းဖြစ်တယ်။