Home

Wednesday, July 29, 2015

ဒီမိုကရက်တစ်ခေါင်းဆောင်ကို ရွေးချယ်ကြပါ ။

၂၀၁၅ ရွေးကောက်ပွဲကတော့ နီးကပ်လာနေပါပြီ။ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။ လူထုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းနေတယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမှုနည်းကြတဲ့ အဓိက အကြောင်းရင်းကို ရပ်ကွက်နေလူထုအချို့နဲ့ တွေ့ဆုံမေးမြန်းကြည့်မိသလောက်ကတော့ ရွေးကောက်ပွဲကို ယုံကြည်မှုအားနည်းနေတာပဲဆိုတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို လူထုက ဘာကြောင့်အယုံအကြည်နည်းရတာလဲဆိုရင် ကျွန်တော်တိုင်းပြည်မှာ ခေတ်အဆက်ဆက် မဲရွေး မဲထဲ့လာခဲ့တာမှန်သမျှ ကိုယ့်လူကိုယ်ရွေးတဲ့စနစ်တွေသာ ဖြတ်သန်းလာခဲ့ရတာ များပါတယ်။  ဒီဘက်နောက်ပိုင်း ဒီမိုကရေစီ ပြောင်းလဲဖော်ဆောင်လာတဲ့ ခေတ်မှာပင်လျှင် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေ ရှိရုံတင်မက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုတောင် အာဏာလွှဲအပ်မှုတွေ မရှိခဲ့တာဟာ လူထုရဲ့ အယုံအကြည် ကင်းမဲ့မှုရဲ့ အခြေခံပဲဖြစ်ပါတယ်။

Tuesday, July 14, 2015

ကမ္ဘာကြီးက ဟစ်တလာလိုအာဏာရှင်မျိုး မလိုလားတော့ပါ ။

ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာ၊ ကျဆင်းနေတာတွေဟာ အုပ်ချုပ်သူတွေ၊ အုပ်ချုပ်တဲ့ စံနစ်တွေနဲ့ သက်ဆိုင်နေတဲ့အတွက် လူထုကလည်း အုပ်ချုပ်သူအပြောင်းအလဲနဲ့ ခေတ်စံနစ်အပြောင်းအလဲကို တောင်းဆိုလာတတ် ကြပါတယ်။ ဒါကြောင့်လူထုဟာ ရွေးကောက်ပွဲ တွေကို စိတ်ဝင်စားပြီး မျှော်လင့်လာ ကြတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုတာ အုပ်ချုပ်မှုအာဏာရဖို့ အပြိုင်အဆိုင် ပြုလုပ်ကြတာ၊ မဲဆွယ်ကြတာ၊ မဲပေးကြတာ၊ ရွေးကောက်တင်မြှောက်ကြတာ ဆိုပေမယ့် တကယ်တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူလူထုရဲ့အခြေအနေ အဆင့်အတန်းမြင့်မားလာဖို့အတွက် အုပ်ချုပ်သူ ပြောင်းလဲစေဖို့၊ အုပ်ချုပ်တဲ့စံနစ်တစ်ခု ပြောင်းလဲဖို့ကို တောင်းဆို လာကြတာလည်းဖြစ်တယ်။

Tuesday, July 7, 2015

ကိုယ့်သမိုင်း ကိုယ်ရွေး၊ ကိုယ့်သမိုင်း ကိုယ်ရေး

ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့က လွတ်လပ်ခွင့်လို့ပဲ သဘောပေါက်ကြပါတယ်။ လွပ်လပ်ခွင့် ဆိုပေမယ့် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်တော့ မရှိဘူးဆိုတာလည်း သဘောပေါက်သင့်ပါတယ်။ ဒါကို အုပ်ချုပ်နေတဲ့အစိုးရ အပါအ၀င်  နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကလည်း သဘောပေါက်ဖို့တော့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်ခွင့် ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့် ဆိုပေမယ့် သူတစ်ပါးကို မထိခိုက်တဲ့ လွတ်လပ်ခွင့်ဖြစ်မှသာ လွတ်လပ်ခြင်းရဲ့အရသာကို နိုင်ငံသားအားလုံး ခံစားနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီမိုကရေစီဆိုတာ အုပ်ချုပ်တဲ့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ၊ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကလည်း

Saturday, July 4, 2015

ဘာသာတရားရဲ့ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင် ပုံဖော်နေတာပဲ။

အစွန်းရောက်ခြင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကိုစော်ကားနေခြင်းက ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားနဲ့ မသက်ဆိုင်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားကမှ အစွန်းရောက်ခြင်းဆိုတာမရှိသလို၊ အခြားဘာသာတရားတွေကို စော်ကားရမယ်လို့လည်း လမ်းမညွှန်ခဲ့ဘူး။ ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေလည်း အစွန်းမရောက်ကြသလို၊ အခြားဘာသာတွေကို စော်ကားနေတယ်ဆိုတာလည်းမရှိဘူး။

Friday, July 3, 2015

မှုံပြပြဝေး..ဝေးနေဆဲ။

အာဃာတမွေး
သံသယအတွေးနဲ့
အစွန်းရောက် အမျိုးသားရေး
မဖျောက်သေးသမျှ
ငြိမ်းချမ်းရေးခရီး
အလှမ်းဝေးပြီး
ဒီမိုကရေစီအရေးလည်း(လဲ)
မှုံပြပြဝေး..ဝေးနေဆဲပဲ။
______________________________
m•y•O•e•w•y•n•n _ 3 . 7 . 2 0 1 5

သူ့ဆန်စား ရဲမှ

သူ့ဆန်စား ရဲမှ
ဆိုတဲ့စကားပုံကြီး
လွှဲ လွှဲ ချမနေပါနဲ့ဗျာ။
မင်းတို့မှာ
ဥဏှောက်ရှိတယ်ဆိုရင်
ဥဏှောက်လေးလည်း
ထုတ်သုံးကြစမ်းပါ။

ခုံနေရာမြဲဖို့ ကြိုးဆွဲရာကတုန်း

လူ့အန္ဓများ
======
အပုတ်ကောင်စိန်စီဖို့
ရုပ်တရားကို ယုတ်တဲ့စိတ်နဲ့တုပ်
ရုပ်နာမ်အဆစ်ပြုတ်ရင်
ဒင်းတို့အထုပ်ထဲ ဘာပါမှာမို့လဲ ။
ခြေတရွတ်ဆွဲရတဲ့ကြားထဲ
ရတာ ဆွဲချင်တုန်း
နှလုံးခုံသံ ကျားကန်ထားရတဲ့ကြားထဲ

လူထုအသံ၊ လူထုဆန္ဒ ဘယ်လဲ၊ ဘာလဲ။

ပြည်သူ့အသံ၊ လွှတ်တော်အသံ။
ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။
လူထု ၅ သန်းကျော် 
လက်မှတ်ထိုးတောင်းဆိုထားတဲ့
လူထုအသံ၊ လူထုဆန္ဒ
ဘယ်လဲ၊ ဘာလဲ။
* နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ
နိုင်ငံသားတွေဆီက
ဆင်းသက်ဖို့အတွက် ဆိုရင်.....

MPT Simcard နဲ့ အ၀င်ပဲလက်ခံချင်တယ်၊

MPT Simcard နဲ့ အ၀င်ပဲလက်ခံချင်တယ်၊
Handset နှစ်ခု သုံးခုမကိုင်ချင်သူများအတွက်။
Dual Simcard သုံးလို့ရမယ့် Handset တစ်ခုတော့လိုမယ်၊
Dual Simcard သုံလို့ရတဲ့ Handset ရဲ့ 
(A) First Slot (Sim -1 ) နေရာမှာ Ooredoo Simcard (သို့) Telenor Simcard ထဲ့ပါ။
(B) Second Slot (Sim-2) နေရာမှာ MPT Simcard ထဲ့ပါ။
(C) 1331 ကို CF ရိုက်ပြီး၊ MPT Simcard နဲ့ Massage ပို့ပါ။
(D) ဖုန်းကို Restart လုပ်ပါ။
(E) Call Setting ရဲ့ Call Forwarding မှာ First Slot (Sim -1 ) မှာထဲ့ထားတဲ့ Ooredoo (သို့) Telenor ဖုန်းနံပါတ်ကိုရိုက်ထဲ့ပါ။
(F) Power Off လုပ်ပြီး၊ MPT Simcard ကိုထုတ်လိုက်ပါ။
MPT Simcard နံပါတ်ကိုခေါ်တဲ့ Call အားလုံး Ooredoo (သို့) Telenor သို့ လွှဲပြောင်းပေးလိမ့်မည်။
MPT က ဘယ်လောက်ဖြတ်မလဲတော့ မသိပါ။
______________________________
m y O e w y n n _ 2 4 . 6 . 2 0 1 5

ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)

ဒီမိုကရေစီကို 
ယုံကြည်၊လေးစား၊တန်ဖိုးထားပြီး
တိုင်းပြည်အတွက် 
ကိုယ်ကျိုးမဲ့ အနစ်နာခံတဲ့
ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်၊
လူထုခေါင်းဆောင်တစ်ယောက်ကို
သမ္မတမဖြစ်အောင်ပိတ်ပင်တားဆီးဖို့
အကြံအစည်နဲ့

အ ချိ န်ေ ရာ က် ပြီ ။

လူငယ်တွေလည်း
စာရိတ္တပျက်စီး၊
ပညာရည်နိမ့်ကျ။
လူထုလည်း
ဆင်းရဲမွဲတေ၊
နေစရာမြေမရှိ။
ဘာသာ သာသနာလည်း
ညှိုးနွမ်း ဂုဏ်သိမ်
သိက္ခာမဲ့။

လိုအပ်နေတာ တရားဥပဒေစိုးမိုးမှုပါ။

ဘာသာလူမျိုးအပေါ်အခြေခံတဲ့အမျိုးသားရေးနဲ့
ဒီမိုကရေစီဖော်ဆောင်မယ်ဆိုတာ မဖြစ်နိုင်ပါ။
ဘယ်လောက်ပဲ ဥပဒေတွေကန့််သတ်ပါစေ။
တရားတဲ့ဥပဒေစိုးမိုးမှုမရှိရင် အလကားပါ။
လိုအပ်နေတာ တရားဥပဒေစိုးမိုးမှုပါ။
၂၀၁၅ ရွေးကောက်ပွဲမှာတော့

လူထုမှာလည်း တာဝန်ရှိတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ
အစိုးရကို လူထုကရွေးချယ်တာ။
ဒီမိုကရေစီဆိုတာ
လူထုမှာသာ အာဏာရှိတယ်။
လူထု အင်အားကောင်းရင်
အင်အားကောင်းတဲ့ အစိုးရကိုရမယ်။
လူထု အရည်အချင်းရှိရင်
အရည်အချင်းရှိတဲ့ အစိုးရကိုရမယ်။
လူထု သွေးကွဲနေရင်
သွေးခွဲအုပ်ချုပ်တဲ့ အစိုးရကိုရမယ်။
ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့
လူထုမှာလည်း တာဝန်ရှိတယ်။
ဒီမိုကရေစီမှာ
အပြန်အလှန်ထိန်းညှိမှုဟာ
အဓိက အခြေခံအနှစ်သာရဖြစ်တယ်။
____________________________
m y O e w y n n _ 1 7 . 0 6 . 2 0 1 5

မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ

မြန်မာနိုင်ငံရဲ့
မြန်မာ့နည်းမြန်မာ့ဟန်
ဒီမိုကရေစီဟာ
ဘာသာခြားတွေအပေါ် 
သံသယစိတ်နဲ့ အာဃာတထား၊
အမုန်းပွားလို့၊ သွေးခွဲစည်းခြားဖို့
ကြံစည်လာပြီဆိုတော့
အာဏာရှင်စံနစ်
အသက်ဆက်ဖို့
ဆေးကောင်းတစ်ခွက်
ဖန်တီးနေခြင်းပေလား။

စစ်မှန်တဲ့ဒီမိုကရေစီစနစ်

လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ်ပြီးဝါဒမှိုင်းတိုက်ရင် 
ရည်မှန်းချက်နဲ့ ပန်းတိုင်ပျောက်၊ပစ်မှတ်လွဲတတ်တဲ့
လူထုအများစုရှိနေတဲ့နိုင်ငံတွေမှာ
အာဏာရှင်စနစ် ဘယ်တော့မှချုပ်ငြိမ်းမှာမဟုတ်သလို၊
စစ်မှန်တဲ့ဒီမိုကရေစီစနစ် ဖော်ဆောင်လို့မရနိုင်ဘူး။ 
@mw

အမျိုးသားသွေးစည်းညီညွတ်ရေးကသာ

'' အရေးကြီးတာက ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို အစိုးရအနေနဲ့ တာဝန်ယူကို ယူရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဖြစ်လာတာမှန်သမျှကို တာဝန်ယူရပါမယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းမှုတွေဟာ မလုံလောက်ဘူးလို့ပဲ ကျမ ထင်ပါတယ်။

ကိုယ်ချင်းစာစိတ် မဲ့နေပြီး အချိန်ကုန်ခံ မနေသင့်ပါဘူး။

လူမျိုးတွေ ကွဲပြားရင်ကွဲပြားမယ်။
ဘာသာတွေ ကွဲပြားရင်ကွဲပြားမယ်။
ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ ကွဲပြားရင်ကွဲပြားမယ်။
အသားအရောင်၊ ဘာသာစကားနဲ့ ဆင်ယင်ထုံးဖွဲ့မှု ကွဲပြားရင်ကွဲပြားမယ်။
ကိုးကွယ်ယုံကြည်တဲ့ဘုရားတွေ တူချင်မှတူမယ်။
ဒါပေမယ့် တူညီတာတစ်ခုကတော့
လူသားအားလုံးသေခြင်းတရားကို လက်ခံယုံကြည်ကြသလို

ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်။

ကျုပ်တို့ လူ့အဖွဲ့အစည်းအတွက်
ကိုယ်ကျိုးစီးပွား ရှေ့တန်းမတင်ဘဲ၊
သစ္စာရှိရှိ၊ စိတ်စေတနာ ဖြူဖြူစင်စင်၊ 
ဇွဲကောင်းကောင်း၊ စိတ်ရှည်ရှည်၊
ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့
အများအကျိုး သယ်ပိုးမယ့်
ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်။
___________________________________
m y O e w y n n _ 0 4 . 0 6 . 2 0 1 5

ဘာ မှ ဖြ စ် လာ ဖို့ မ ရှိ ဘူး ။

လူ့အဖွဲ့အစည်းတချို့မှာ
ဘာသာတူ အချင်းချင်းတွေတောင်
အမြင် မတူရင်၊ အယူအဆ မတူရင်၊
ဓလေ့ထုံးစံ မတူရင်၊ ၀တ်စားဆင်ယင်မှုနဲ့
သွင်ပြင်လက္ခဏာ မတူရင်

သမိုင်းလိမ်တွေကြား မှိုင်းမိနေကြအုံးမှာပဲ။

ဗျတ်ဝိ၊ ဗျတ္တကို
မသိဟန်ဆောင်ပြီး
ပိဋကတ်သုံးပုံသမိုင်း
ရေးဖို့ ကြံစည်နေသရွေ့။
နေမျိုးဂုဏ္ဍရတ်(ခန်းဆပ်) မပါဘဲ
မဟာဗန္ဓုလနဲ့
ပန်းဝါတိုက်ပွဲသမိုင်း
ရေးဖို့ ကြံစည်နေသရွေ့။

တူသောအကျိုးခံစားရမှာပါ။

ဘယ်သူမဆို၊
ဘယ်အဖွဲ့အစည်းမဆို၊
မိမိ ယုံကြည်ရာ
ရည်ရွယ်ချက်၊ ရည်စူးချက်၊
ဦးတည်ချက်တွေကို
စိတ်စေတနာ ဖြူဖြူစင်စင်နဲ့
ကိုယ့်ကိုယ်ကို စမ်းစစ်၊

ကိုယ့်သမိုင်း ကိုယ်ပြင် လမ်းသစ်ထွင်ဖို့

အရေးကြီးနေလို့
သွေးစည်းကြမလား
မစဉ်းစားဘဲ
အရေးထဲ အရာပေါ်
သွေးကွဲဖို့ လှုံ့ဆော်။
အခု ခေါ်ရမှာက
အပြုသဘောဆောင်ဖို့
လက်တွေ့မှာတော့
အပျက်ဖက် ဦးတည်
မယောင်ရာဆီလူး။

ဒို့ အချင်းချင်း၊ ခေါင်းထက်နင်း၍

အမြင်ကျဉ်းမြောင်း၊ စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘ၀မှ လွတ်ပါစေ။
စိတ်ဓာတ်သေးနုပ်၊ ဥာဏ်သေးနုတ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။
ဒို့ အချင်းချင်း၊ ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်၊ စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘ၀မှ လွတ်ပါစေ။

ကျန်စစ်သားရဲ့စကား

ကျန်စစ်သားက စောလူမင်းကို
ငရမန်ကန်းလက်တွင်းက ကယ်တင်ဖို့အသွားမှာ
စောလူမင်းက ''ကျန်စစ်သား ငါ့ကို လာခိုးနေတယ်''လို့အော်တော့
ကျန်စစ်သားက စောလူမင်းကို ပြန်ပြောတဲ့စကား မှတ်မိသေးတယ်။
'' ငရမန်ကန်းရဲ့လက်ထဲမှာ ခွေးသေ၀က်သေ သေပေရော့''တဲ့။
ဒီကနေ့ ကျုပ်တို့လူ့အဖွဲ့အစည်းမှာလည်း
စောလူမင်းလိုလူတွေချည်း တွေ့ရဖန်များတော့
ကျန်စစ်သားရဲ့စကား အငှားသုံးပြီး ပြောရမယ့်ကိန်းဆိုက်နေပြီလားဗျာ။
________________________________
m y O e w y n n _ 2 5 . 3 . 2 0 1 5

ခါးတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်နေတာလား။

ကျွန်ုပ်တို့လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တစ်ချို့ တလွဲဆံပင် ကောင်းနေကြတာလား။
ဗိုလ်ချုပ်အောင်ဆန်းပြောသလို ခါးတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်နေတာလား။
ဒါမှမဟုတ် ကျွန်ုပ်တို့လူ့အဖွဲ့အစည်းအရေးထက် မိမိတို့ပုဂ္ဂလိကအကျိုး ဦးစားပေးနေကြတာလား။ ညီညွတ်စေချင်လို့ ကြိုးပမ်းကြဆိုရင် အလွဲလွဲအမှားမှား ညီညွတ်ကြတယ်။
လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ကျွန်တော်ညီငယ် တစ်ရက်မှာ ကျွန်တော့်အိမ် ရောက်လာတယ်။ ပြီးတော့ သူပြောတဲ့ပထမစကားကြောင့် ကျွန်တော်အရုပ်ကြိုးပြတ် ခံစားရပေမယ့်ဒုတိယစကားတစ်ခွန်းက ကျွန်တော့်ညီကို ကျွန်တော်လေးစားမိတယ်။

အဆိုးမြင်စိတ်နဲ့ အကြမ်းဖက်မှုတွေ

နိုင်ငံတွင်းမှာနေထိုင်ကြတဲ့
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ
စုစည်းညီညွတ်လာအောင် တည်ဆောက်ပေးနိုင်မှသာ
နိုင်ငံတော်အပေါ် အားဖြည့်တင်းရာရောက်ပြီး
ဒီမိုကရေစီနိုင်ငံ ထူထောင်လို့ရမယ်လို့
ယုံကြည်ပါတယ်။

Thursday, July 2, 2015

အမျိုးသားရေးဝါဒ သူငယ်နာ မစင်ကြသေးတာလား။

ကျွန်တော်တို့တိုင်းပြည်ကို လာမယ့်အနာဂတ်မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ရပ် ဖော်ဆောင်လိုတယ် ဆိုရင်၊ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ ထည်ထည်ဝါ၀ါနဲ့ ပေါ်ထွန်းလာစေ ချင်တယ်ဆိုရင်၊ အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး၊ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေအားလုံးအပေါ် ထားတဲ့  သဘောထားအမြင်တွေ ပြောင်းလဲဖို့လိုအပ်ပါတယ်။

          စစ်မှန်တဲ့ဒီမိုကရေစီဆိုရင် ဥပဒေစိုးမိုးရေးရှိရမှာ ဖြစ်တဲ့အပြင် လူတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လူ့အခွင့်အရေးကို အရေးထားလေးစားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့ ဥပဒေတစ်ခုတည်း အောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။ ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရဲ့ ဘက်တော်သားတွေကတော့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေး ဆိုတဲ့မူကို လက်ကိုင်ထားကြတယ်။ ဥပဒေစိုမိုးရေး စကားတွေကိုသာ တွင်တွင်ပြောလာကြတယ်။

လူမျိုးရေး၊ ဘာသာရေး စွက်ဖက်မှုကင်းတဲ့ နိုင်ငံရေးဖြစ်အောင် ကြိုးစားကြ

ဒီမိုကရေစီကို ပါးစပ်အရသာခံပြောနေရုံနဲ့တောာ့ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ လွယ်လွယ်ကူကူ ဖြစ်မလာနိုင်ပါဘူး။ အလုပ်တွေအများကြီး ဒီထက်ပို လုပ်ကြရအုံးမယ်။ အများကြီးကြိုးစား ရအုံးမယ်။ အများကြီးပြင်ကြရအုံးမှာ ဖြစ်ပါတယ်။

          ကျွန်တော်တို့တိုင်းပြည်မှာ အခုမှ ဒီမိုကရေစီကို ပြောင်းလဲဖို့ကြိုးစား တည်ဆောက်နေတာပါ။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့အတွက် စမ်းသပ်ကာလဖြစ်ပါတယ်။ စမ်းသပ်ကာလဆိုတာ အဆင်ပြေရင် ဆက်သွားမယ်။ အဆင်မပြေ ရင်တော့ ဘာဖြစ်လာမလဲ မသေချာသေးတဲ့ သဘောသက်ရောက်နေပါတယ်။

ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ သွေဖည် မသွားဖို့ဆိုတာ အားလုံးမှာ တာဝန်ကိုယ်စီရှိတယ် ဆိုတာတော့ သတိရှိစေချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်ပြောင်းလဲလိုတယ်၊ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်ရောက်အောင် တက်လှမ်းလိုတယ်ဆိုရင်တော့ ပြည်သူလူထုတစ်ရပ်လုံးက သတိဝိရိယရှိရှိ လုံ့လစိုက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

Wednesday, July 1, 2015

အမျိုးသားရေးဝါဒ အတုအယောင်(သို့) အာဏာတည်မြဲရေး နောက်ဆုံးခံတပ်။-

ကမ္ဘာ့ပေါ်မှာရှိတဲ့ အာဏာရှင်တွေ အုပ်ချုပ်တဲ့နိုင်ငံတွေ အတော်များများမှာ အာဏာကို ချုပ်ကိုင်ထားလိုတဲ့၊ အာဏာကို လက်မလွှတ်လိုတဲ့၊ အာဏာကို မတရားတဲ့နည်းနဲ့ သိမ်းပိုက်ထားလိုတဲ့ အာဏာရှင်အစိုးရတွေဟာ လူထုရဲ့အာရုံစူးစိုက်မှုတွေ သူတို့ဘက် လှည့်မလာဖို့အတွက် လူထုကို အချင်းချင်း သွေးခွဲ သပ်လျှို ရန်တိုက် ပေးထားလေ့ ရှိပါတယ်။ လူထုကို သွေးခွဲ သပ်လျှို ရန်တိုက်ပေးဖို့ အတွက် အာဏာရှင်တို့ ခေတ်အဆက်ဆက် လက်ကိုင်ထား အသုံးချလေ့ရှိတဲ့ နည်းစနစ်ကတော့ အမျိုး ဘာသာ သာသနာလို့ ခေါင်းစဉ်တတ်ထားပြီး အမျိုးသားရေးဝါဒဆိုတဲ့ လူထုသည်းခြေကြိုက် စကားလုံးပါပဲ။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ အမျိုးသားရေးရဲ့အဓိပ္ပာယ်ကို