
လူ့လောကမှာ အသက်ရှင်နေထိုင်ကြတဲ့ လူသားတိုင်းဟာ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတတ်ကြတယ်။ လူမျိုးတိုင်း၊ အုပ်စုတိုင်းက လူတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု ကောင်းစားရေးသာ စဉ်းစားတတ်ကြတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု အကျိုးကိုသာ အဓိကထားကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စုကို နစ်နာအောင် ဆုံးရှုံးအောင် လုပ်ချင် ကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စုကို ဒုက္ခပေးချင်ကြတယ်။ နိုင်လိုမင်းထက်ပြုချင်ကြတယ်။