အမြင်ကျဉ်းမြောင်း၊စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ။
စိတ်ဓါတ်သေးနုပ်၊ဥာဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။
တို.အချင်းချင်း၊ခေါင်းထက်နင်း၍
သီမ်ဖျင်းလုပ်ဇာတ်၊စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘဝမှ လွတ်ပါစေ။
သူကမမှန်၊ငါကမှန်ဟု
တစ်ယူသန်စွဲ၊စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ။
သူ့ဂုဏ်ကိုချ၊ကိုယ့်ဂုဏ်ပြကာ
မာနစကား၊တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။
မကောင်းမှုခင်၊ကောင်းမှုကြဉ်သည့်
ဥာဉ်ဆိုးဥာဉ်မိုက်၊မီးပုံမြှိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။
နှစ်သစ်မြတ်ဆု၊ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသော်……
တင်မိုး(၁ရ-၄-၁၉၉၁)
Baydar Lam မှကူးယူသည်။