Home

Monday, May 13, 2013

စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်တဲ့ အပြုအမူမျိုးတော့


"ကျွန်တော်တို့ဟာ ဘယ်သူတွေ ဘယ်လိုပဲ သွေးထိုးလှုံ့ဆော်မှုတွေက အခြေခံခဲ့ပါစေ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုရင် ရာဇ၀တ်မှုအတိုင်းပဲ ရှုမြင်သုံးသပ်ဖို့လိုပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ၀ိုင်းကူညီကြဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်အကောင်အထည်ဖော်ရမယ့် ပုဂ္ဂိုလ်တွေကလည်း ဒါကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖို့လိုတယ်။
ရဲရဲတင်းတင်းကိုင်ဖို့ လိုတယ်။ အဲဒါကို မကိုင်တွယ်နိုင်ဘူးဆိုရင် ချက်ချင်း လူမျိုးရေး၊ ဘာသာရေးပုံစံကို ခေါင်းစဉ်ပြောင်းတပ်လိုက်မယ့် ပယောဂလှုံ့ဆော်မှုတွေက ကျွန်တော်တို့တိုင်းပြည်မှာ တကယ်ရှိနေတယ်။ ကျွန်တော်တို့ ဒါကို ပွင့်ပွင့်လင်းလင်း ပြောကြရတော့မယ်။ မိတ္ထီလာကိစ္စ ရက်ပိုင်းအတွင်းမှာ ငြိမ်းအေးသွားတယ်ပဲ ထားလိုက်။ နောက်ထပ် ပြည်ထောင်စုရဲ့ တစ်နေရာမှာ ပုံစံတစ်မျိုးနဲ့ သွေးထိုးလှုံ့ဆော်ပြီးတော့ အဓိကရုဏ်းတွေဖန်တီးမယ့် ခြေရာလက်ရာတွေက အစောကြီးကတည်းက ကျွန်တော်တို့ မြင်ထားပြီးသား။ အချိန်တန်နေပြီဖြစ်တဲ့အတွက် ထုတ်ပြောမှ ဖြစ်တော့မယ်။ လူသားတွေ ရှိနေသရွေ့ ပြဿနာတွေ ရှိနေမှာပဲ။ ရှိတဲ့ပြဿနာကို ရှင်းတဲ့နည်းက တရားဥပဒေ စိုးမိုးရေး နည်းလမ်းနဲ့ပဲ ရှင်းသင့်ပါတယ်။ စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်တဲ့ အပြုအမူမျိုးတော့ ကျွန်တော်တို့ လုံးဝခွင့်မပြုနိုင်ဘူး"
မင်းကိုနိုင်