Home

Monday, May 20, 2013

အစ္စလာမ်ဆိုတာ


အစ္စလာမ်ဆိုတာ လူမှုဘ၀တည်ဆောက်တဲ့လမ်းစဉ်တစ်ခုပါ။ တနည်းအားဖြင့်ဆိုရသော် လူ့ဘ၀သက်တမ်းတစ်လျှောက်လုံး မွေးမြူဖို့အတွက် စံတစ်ခုပါ။ စနစ်ဇယားတစ်ခုပါ။
အစ္စလာမ်ဆိုတာ ကိုးကွယ်ရာတစ်ပါးတည်းသော ထာဝရအရှင်ရဲ့အမိန့်တော်၊ တရားတော်တွေကို
မဟာလူသားမြတ်တမန်တော်ရဲ့ကျင့်စဉ်ကျင့်ရပ်နဲ့အညီ လူ့ဘ၀သက်တမ်းမွေးမြူသွားဖို့ပဲ ဖြစ်ပါတယ်။
အဲဒီလမ်းနှစ်သွယ်နဲ့အညီဟန်ချက်ညီညီနေထိုင်ခြင်းသာလျှင်မွတ်စလင်တို့ရဲ့
စံပြဘ၀နေထိုင်မှုဖြစ်တယ်။
အစ္စလာမ်ဆိုတာ ကျဉ်းမြောင်းတဲ့လူမျိုးစွဲဝါဒ၊ ဒေသစွဲဝါဒ၊ အုပ်စုစွဲဝါဒ၊ ဂိုဏ်းဂဏစွဲဝါဒ၊ အသားအရောင်စွဲဝါဒ မဟုတ်ပါ။ အစ္စလာမ်ရဲ့လမ်းညွှန်ချက်တွေဟာကမ္ဘာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ဖြစ်တယ်။
နေရာဒေသမရွေး၊ အချိန်ကာလမရွေး၊ လူမျိုးမရွေး လိုက်နာကျင့်သုံးနိုင်တဲ့အတွက်ကြောင့် ထာဝရသစ္စာဖြစ်ပါတယ်။
အစ္စလာမ်ရဲ့လမ်းညွှန်မှုများအတိုင်း ဘ၀သက်တမ်းတစ်ခုလုံးပီပီပြင်ပြင် လျှောက်လှမ်းသွားခြင်းဖြင့် ဤကမ္ဘာလောကတခွင်တွင် မဇ္ဈိမပဋိပဋာ အလယ်အလတ်လမ်းစဉ်သမားများ၊ ဘက်မလိုက်သူများ၊ အစွန်းမရောက်သူများ၊ ငြိမ်းချမ်းရေးသမားများ
အဖြစ်ရပ်တည်နေထိုင်သွားကြပါစို့။

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)