Home

Wednesday, July 29, 2015

ဒီမိုကရက်တစ်ခေါင်းဆောင်ကို ရွေးချယ်ကြပါ ။

၂၀၁၅ ရွေးကောက်ပွဲကတော့ နီးကပ်လာနေပါပြီ။ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။ လူထုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းနေတယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမှုနည်းကြတဲ့ အဓိက အကြောင်းရင်းကို ရပ်ကွက်နေလူထုအချို့နဲ့ တွေ့ဆုံမေးမြန်းကြည့်မိသလောက်ကတော့ ရွေးကောက်ပွဲကို ယုံကြည်မှုအားနည်းနေတာပဲဆိုတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို လူထုက ဘာကြောင့်အယုံအကြည်နည်းရတာလဲဆိုရင် ကျွန်တော်တိုင်းပြည်မှာ ခေတ်အဆက်ဆက် မဲရွေး မဲထဲ့လာခဲ့တာမှန်သမျှ ကိုယ့်လူကိုယ်ရွေးတဲ့စနစ်တွေသာ ဖြတ်သန်းလာခဲ့ရတာ များပါတယ်။  ဒီဘက်နောက်ပိုင်း ဒီမိုကရေစီ ပြောင်းလဲဖော်ဆောင်လာတဲ့ ခေတ်မှာပင်လျှင် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေ ရှိရုံတင်မက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုတောင် အာဏာလွှဲအပ်မှုတွေ မရှိခဲ့တာဟာ လူထုရဲ့ အယုံအကြည် ကင်းမဲ့မှုရဲ့ အခြေခံပဲဖြစ်ပါတယ်။

Tuesday, July 14, 2015

ကမ္ဘာကြီးက ဟစ်တလာလိုအာဏာရှင်မျိုး မလိုလားတော့ပါ ။

ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာ၊ ကျဆင်းနေတာတွေဟာ အုပ်ချုပ်သူတွေ၊ အုပ်ချုပ်တဲ့ စံနစ်တွေနဲ့ သက်ဆိုင်နေတဲ့အတွက် လူထုကလည်း အုပ်ချုပ်သူအပြောင်းအလဲနဲ့ ခေတ်စံနစ်အပြောင်းအလဲကို တောင်းဆိုလာတတ် ကြပါတယ်။ ဒါကြောင့်လူထုဟာ ရွေးကောက်ပွဲ တွေကို စိတ်ဝင်စားပြီး မျှော်လင့်လာ ကြတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုတာ အုပ်ချုပ်မှုအာဏာရဖို့ အပြိုင်အဆိုင် ပြုလုပ်ကြတာ၊ မဲဆွယ်ကြတာ၊ မဲပေးကြတာ၊ ရွေးကောက်တင်မြှောက်ကြတာ ဆိုပေမယ့် တကယ်တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူလူထုရဲ့အခြေအနေ အဆင့်အတန်းမြင့်မားလာဖို့အတွက် အုပ်ချုပ်သူ ပြောင်းလဲစေဖို့၊ အုပ်ချုပ်တဲ့စံနစ်တစ်ခု ပြောင်းလဲဖို့ကို တောင်းဆို လာကြတာလည်းဖြစ်တယ်။

Tuesday, July 7, 2015

ကိုယ့်သမိုင်း ကိုယ်ရွေး၊ ကိုယ့်သမိုင်း ကိုယ်ရေး

ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့က လွတ်လပ်ခွင့်လို့ပဲ သဘောပေါက်ကြပါတယ်။ လွပ်လပ်ခွင့် ဆိုပေမယ့် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်တော့ မရှိဘူးဆိုတာလည်း သဘောပေါက်သင့်ပါတယ်။ ဒါကို အုပ်ချုပ်နေတဲ့အစိုးရ အပါအ၀င်  နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကလည်း သဘောပေါက်ဖို့တော့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်ခွင့် ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့် ဆိုပေမယ့် သူတစ်ပါးကို မထိခိုက်တဲ့ လွတ်လပ်ခွင့်ဖြစ်မှသာ လွတ်လပ်ခြင်းရဲ့အရသာကို နိုင်ငံသားအားလုံး ခံစားနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီမိုကရေစီဆိုတာ အုပ်ချုပ်တဲ့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ၊ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကလည်း

Saturday, July 4, 2015

ဘာသာတရားရဲ့ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင် ပုံဖော်နေတာပဲ။

အစွန်းရောက်ခြင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကိုစော်ကားနေခြင်းက ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားနဲ့ မသက်ဆိုင်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားကမှ အစွန်းရောက်ခြင်းဆိုတာမရှိသလို၊ အခြားဘာသာတရားတွေကို စော်ကားရမယ်လို့လည်း လမ်းမညွှန်ခဲ့ဘူး။ ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေလည်း အစွန်းမရောက်ကြသလို၊ အခြားဘာသာတွေကို စော်ကားနေတယ်ဆိုတာလည်းမရှိဘူး။

Friday, July 3, 2015

မှုံပြပြဝေး..ဝေးနေဆဲ။

အာဃာတမွေး
သံသယအတွေးနဲ့
အစွန်းရောက် အမျိုးသားရေး
မဖျောက်သေးသမျှ
ငြိမ်းချမ်းရေးခရီး
အလှမ်းဝေးပြီး
ဒီမိုကရေစီအရေးလည်း(လဲ)
မှုံပြပြဝေး..ဝေးနေဆဲပဲ။
______________________________
m•y•O•e•w•y•n•n _ 3 . 7 . 2 0 1 5

သူ့ဆန်စား ရဲမှ

သူ့ဆန်စား ရဲမှ
ဆိုတဲ့စကားပုံကြီး
လွှဲ လွှဲ ချမနေပါနဲ့ဗျာ။
မင်းတို့မှာ
ဥဏှောက်ရှိတယ်ဆိုရင်
ဥဏှောက်လေးလည်း
ထုတ်သုံးကြစမ်းပါ။

ခုံနေရာမြဲဖို့ ကြိုးဆွဲရာကတုန်း

လူ့အန္ဓများ
======
အပုတ်ကောင်စိန်စီဖို့
ရုပ်တရားကို ယုတ်တဲ့စိတ်နဲ့တုပ်
ရုပ်နာမ်အဆစ်ပြုတ်ရင်
ဒင်းတို့အထုပ်ထဲ ဘာပါမှာမို့လဲ ။
ခြေတရွတ်ဆွဲရတဲ့ကြားထဲ
ရတာ ဆွဲချင်တုန်း
နှလုံးခုံသံ ကျားကန်ထားရတဲ့ကြားထဲ