Home

Thursday, July 31, 2014

နိုင်ငံရေးဆိုတာ

နိုင်ငံရေးဆိုတာ နိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့အရေးကိစ္စပါ။
လူဆိုတာ အသက်ရှင်နေသမျှ ကာလပတ်လုံး လူတွေရဲ့အရေးကိစ္စအထွေထွေကို
သိသင့်သိထိုက်သလို ဆည်းပူးလေ့လာသင့်တယ်။
လူဖြစ်နေပါလျှက် လူတွေရဲ့အရေးကိစ္စတွေကို စိတ်မ၀င်စား လစ်လျူရှုနေမယ်ဆိုရင်
လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်တာပဲဖြစ်တယ်။
အရစ္စတိုတယ်ကတော့ လူဆိုတာ နိုင်ငံရေးသတ္တ၀ါလို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး

အနိုင်မခံ

 ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
 ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
 ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
 လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
 ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
 ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

Tuesday, July 29, 2014

စည်းလုံးညီညွတ်စွာ ပူးပေါင်းကာ ဘုံရန်သူကို တွန်းလှန်ကြမှသာ

အာဇာနည်တွေက သက်သေပြခဲ့ပါပြီ။
အာဇာနည်တွေထဲမှာ လူမျိုးစုံပါဝင်သလို ဘာသာစုံပါဝင်တယ်။
ဗိုလ်ချုပ်နဲ့တကွတစ်ချို့က ဗုဒ္ဓဘာသာဝင်တွေ၊
မန်းဘခိုင်က ခရစ်ယာန်ဘာသာဝင်၊
ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့က အစ္စလာမ်ဘာသာဝင်တွေ။

တမန်တော်မြတ် မုဟမ္မဒ်သခင်ရဲ့ ကမ္ဘာအေးတရား

 ကမ္ဘာ့ရာဇ၀င်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ခေတ်တိုင်း၊ နယ်တိုင်းနှင့် လူမျိုးတိုင်းတွင် (Prophets) တမန်တော်များပွင့်ပေါ်ခဲ့ကြတယ်။ အသီးသီးပရိယတ္တိကျမ်းများယူဆောင်လာခဲ့ကြတယ်။ ကမ္ဘာသူ ကမ္ဘာ သားများအား အလွန် ယဉ်ကျေးချိုအေးတဲ့ တရားရေအေး အမြိုက်ဆေးတိုက်ကြွေးခဲ့ကြတယ်။
ယခင်နှစ်ပေါင်း (၁၄၀၀ )ကျော်က အရေးဗီးယားတိုင်းပြည်တွင် တမန်တော်များ၏ အချုပ်၊ တမန်တော်များ၏ အထွဋ်အထိပ်ဖြစ်သော တမန်တော် မုဟမ္မဒ်သခင် ပွင့်တော်မူခဲ့တယ်။ ပရိယတ္တိကျမ်းဂန်များ၏

Sunday, July 27, 2014

ဒီမိုကရေစီပန်းတိုင်လည်း ဝေးဝေးမှာ ရေးရေးမျှသာ။

အာဏာရှင်စံနစ်ကိုဆန့်ကျင်တယ်ဆိုပြီး၊
အာဏာရှင်စံနစ်ကိုတော်လှန်တယ်ဆိုပြီး
အာဏာရှင်တို့ ခင်းတဲ့လမ်းပေါ်လျှောက်ရင်း၊
အာဏာရှင်တို့ ဖန်တီးထားတဲ့ထောင်ချောက်ထဲတိုးဝင်နေတာဟာ
အာဏာရှင်တွေကို တစ်ဖက်တစ်လမ်းက ကူညီနေတာသာဖြစ်တယ်။

အရည်အချင်းမဲ့တဲ့သူတွေ တိုင်းပြည်ကိုအုပ်ချုပ်နေသ၍

ဒီမိုကရေစီ အဆောက်အအုံကြီးထဲမှာ 
ပြည်သူကရွေးချယ်တင်မြောက်လိုက်တဲ့ကိုယ်စားလှယ်မဟုတ်သူတွေ၊
ပြည်သူကိုကိုယ်စားမပြုတဲ့သူတွေ၊ အရည်အချင်းမရှိတဲ့သူတွေ၊ 
သိက္ခာမရှိတဲ့သူတွေ၊ ကိုယ်ကျိုးရှာသမားတွေနဲ့ ပြည့်နှက်နေရင် 
ဒီမိုကရေစီစနစ် အောင်မြင်မှာမဟုတ်ဘူး။

ပြည်သူရဲ့ရွေးချယ်မှုကိုသတ္တိရှိရှိ၊ သိက္ခာရှိရှိ လက်ခံရပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ
ကျွန်မတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကိုလည်း 

ကျွန်မတို့ပြည်သူတွေကရွေးချယ်လို့မရပါဘူး။
တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန္ဒမပါပါဘူး။
အခုတခါ ဥပဒေပြုရေးမှာပါ ဒီစံနစ်ကြောင့်
ပြည်သူ့ကိုယ်စားလှယ်များကို တိုက်ရိုက်မဲပေးခွင့်၊
တိုက်ရိုက်ရွေးချယ်ခွင့် မရှိတော့ဘူးဆိုရင်