Home

Friday, July 3, 2015

အမျိုးသားသွေးစည်းညီညွတ်ရေးကသာ

'' အရေးကြီးတာက ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို အစိုးရအနေနဲ့ တာဝန်ယူကို ယူရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဖြစ်လာတာမှန်သမျှကို တာဝန်ယူရပါမယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းမှုတွေဟာ မလုံလောက်ဘူးလို့ပဲ ကျမ ထင်ပါတယ်။

ကိုယ်ချင်းစာစိတ် မဲ့နေပြီး အချိန်ကုန်ခံ မနေသင့်ပါဘူး။

လူမျိုးတွေ ကွဲပြားရင်ကွဲပြားမယ်။
ဘာသာတွေ ကွဲပြားရင်ကွဲပြားမယ်။
ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ ကွဲပြားရင်ကွဲပြားမယ်။
အသားအရောင်၊ ဘာသာစကားနဲ့ ဆင်ယင်ထုံးဖွဲ့မှု ကွဲပြားရင်ကွဲပြားမယ်။
ကိုးကွယ်ယုံကြည်တဲ့ဘုရားတွေ တူချင်မှတူမယ်။
ဒါပေမယ့် တူညီတာတစ်ခုကတော့
လူသားအားလုံးသေခြင်းတရားကို လက်ခံယုံကြည်ကြသလို

ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်။

ကျုပ်တို့ လူ့အဖွဲ့အစည်းအတွက်
ကိုယ်ကျိုးစီးပွား ရှေ့တန်းမတင်ဘဲ၊
သစ္စာရှိရှိ၊ စိတ်စေတနာ ဖြူဖြူစင်စင်၊ 
ဇွဲကောင်းကောင်း၊ စိတ်ရှည်ရှည်၊
ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့
အများအကျိုး သယ်ပိုးမယ့်
ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်။
___________________________________
m y O e w y n n _ 0 4 . 0 6 . 2 0 1 5

ဘာ မှ ဖြ စ် လာ ဖို့ မ ရှိ ဘူး ။

လူ့အဖွဲ့အစည်းတချို့မှာ
ဘာသာတူ အချင်းချင်းတွေတောင်
အမြင် မတူရင်၊ အယူအဆ မတူရင်၊
ဓလေ့ထုံးစံ မတူရင်၊ ၀တ်စားဆင်ယင်မှုနဲ့
သွင်ပြင်လက္ခဏာ မတူရင်

သမိုင်းလိမ်တွေကြား မှိုင်းမိနေကြအုံးမှာပဲ။

ဗျတ်ဝိ၊ ဗျတ္တကို
မသိဟန်ဆောင်ပြီး
ပိဋကတ်သုံးပုံသမိုင်း
ရေးဖို့ ကြံစည်နေသရွေ့။
နေမျိုးဂုဏ္ဍရတ်(ခန်းဆပ်) မပါဘဲ
မဟာဗန္ဓုလနဲ့
ပန်းဝါတိုက်ပွဲသမိုင်း
ရေးဖို့ ကြံစည်နေသရွေ့။

တူသောအကျိုးခံစားရမှာပါ။

ဘယ်သူမဆို၊
ဘယ်အဖွဲ့အစည်းမဆို၊
မိမိ ယုံကြည်ရာ
ရည်ရွယ်ချက်၊ ရည်စူးချက်၊
ဦးတည်ချက်တွေကို
စိတ်စေတနာ ဖြူဖြူစင်စင်နဲ့
ကိုယ့်ကိုယ်ကို စမ်းစစ်၊

ကိုယ့်သမိုင်း ကိုယ်ပြင် လမ်းသစ်ထွင်ဖို့

အရေးကြီးနေလို့
သွေးစည်းကြမလား
မစဉ်းစားဘဲ
အရေးထဲ အရာပေါ်
သွေးကွဲဖို့ လှုံ့ဆော်။
အခု ခေါ်ရမှာက
အပြုသဘောဆောင်ဖို့
လက်တွေ့မှာတော့
အပျက်ဖက် ဦးတည်
မယောင်ရာဆီလူး။