Home

Monday, July 21, 2014

အာဏာရှင်စနစ်ရဲ့မြန်မာ့နည်းမြန်မာ့ဟန် မျိုးချစ်စိတ်ပေလော။

ရှေးခေတ်မြန်မာရာဇ၀င်ထဲက သူရဲကောင်းတွေဖြစ်တဲ့
အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မဟာဗန္ဓုလစတဲ့
မြန်မာ့သူရဲကောင်းကြီးတွေ မျိုးချစ်စိတ်ရှိတယ်ဆိုတာ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းတယ်။

စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ

ဒီမိုကရေစီတော့ လိုချင်လှပါရဲ့။ 
ငြိမ်းချမ်းရေးတော့ လိုချင်လှပါရဲ့။ 
လူ့အခွင့်အရေးတော့ လိုချင်လှပါရဲ့။
ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စည်းကမ်း၊ စိတ်ဓာတ်၊ 
အကျင့်စရိုက်တွေတော့ မရှိကြဘူး။

အခုကပြနေတဲ့ ဇာတ်လမ်းက အရင်ဇာတ်ညွှန်းအဟောင်းအတိုင်းပဲ။

အာဏာရှင်စနစ်ကို အမြစ်မဖြုတ်နိုင်သေးသရွေ့
ဒီမိုကရေစီအစစ်အမှန် မပေါ်ပေါက်နိုင်ဘူး။
တရားဥပဒေစိုးမိုးရေး ရှိလာမှာမဟုတ်ဘူး။
ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မှာမဟုတ်ဘူး။
တိုင်းပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့
တန်းတူအခွင့်အရေးတွေ ရလာမှာမဟုတ်ဘူး။

ဒီမိုကရေစီရွှေပြည်တော် မျှော်တိုင်းဝေးနေကြရအုံးမည်။

ဒီမိုကရေစီဆိုတာ နိုင်လိုမင်းထက်ပြုကျင့်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဆူပူအကြမ်းဖက်ပြီး တိုင်းပြည်ဖရိုဖရဲဖြစ်စေမှုတွေကနေ ကင်းစင်စေတဲ့စနစ်ဖြစ်တယ်။
ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊
ကြောက်ရွံ့နေရခြင်းမှကင်းလွတ်ခွင့်တို့ရှိရမယ်။
ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးနဲ့ပတ်သက်ရင်လည်း လူထုကိုလွတ်လပ်ခွင့် ပေးရမယ်။

လူသားအားလုံးကို လူဆိုတဲ့အမြင်နဲ့ မြင်သင့်တယ်။

လူ့လောကမှာ အသက်ရှင်နေထိုင်ကြတဲ့ လူသားတိုင်းဟာ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတတ်ကြတယ်။ လူမျိုးတိုင်း၊ အုပ်စုတိုင်းက လူတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု ကောင်းစားရေးသာ စဉ်းစားတတ်ကြတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု အကျိုးကိုသာ အဓိကထားကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စုကို နစ်နာအောင် ဆုံးရှုံးအောင် လုပ်ချင်ကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စုကို ဒုက္ခပေးချင် ကြတယ်။ နိုင်လိုမင်းထက်ပြုချင်ကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စု နစ်နာဆုံရှုံး၊ ဒုက္ခရောက်သွားရင် နစ်နာဆုံရှုံးမှုအပေါ်မှာ၊ ဒုက္ခရောက်မှု အပေါ်မှာ ကိုယ့်လူမျိုးရဲ့
အောင်လံစိုက်ချင် ကြတယ်။ ဒါဟာ အတ္တကြီးမားမှုကို ဖော်ပြနေတာပဲ ဖြစ်တယ်။

လူ့လောကကြီးမှာ လူမှန်ရင် လူသားအားလုံးကို လူဆိုတဲ့အမြင်နဲ့ မြင်သင့်တယ်။ လူဆိုတဲ့အမြင်နဲ့ပဲကြည့်သင့်တယ်။ လူသားထုတစ်ရပ်လုံးရဲ့ အကျိုးကို လိုလားရမယ်။ လူသားထုတစ်ရပ်လုံးရဲ့ အကျိုးကို သည်ပိုးဆောင်ရွက်ရမယ်။ လူသားထု တစ်ရပ်လုံးရဲ့ အကျိုးကို မျှော်ကိုးပြီး လူသားထုတစ်ရပ်လုံး စာဝတ်နေရေး၊သုခချမ်းသာဘ၀သာယာလှပရေးအတွက် နိုင်တဲ့ဘက်က ပါဝင်ကူညီရမယ်။ လူသားထုတစ်ရပ်လုံးကို အကျိုးပြုသူဖြစ်ရမယ်။

လူတိုင်းဟာ အားလုံးအတူတူပဲဖြစ်တယ်။ လူသားဖြစ်သည့်အတွက် လူ့အခွင့်အရေးလည်း တန်းတူပဲဖြစ်တယ်။ လူ့ဂုဏ်သိက္ခာလည်း အတူတူပဲဖြစ်တယ်။ လူမျိုးမတူလို့၊ ဘာသာမတူလို့၊ အုပ်စုမတူလို့၊ ယဉ်ကျေးမှု ဓလေ့စရိုက်မတူလို့ ၊ ဘာသာစကား၊ အသားအရောင်၊ ရေမြေဒေသကွဲပြားလို့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အနိမ့်အမြင့်မရှိပါ။

လူသားဖြစ်တည်မှုသာလျှင်ပဓာနဖြစ်သလို လူဗီဇသာလျှင်အဓိကဖြစ်တယ်။ လူသားတစ်ဦးမှာရှိရမယ့် လူ့အသိ၊ လူ့အမြင်၊ လူ့အတွေးအခေါ်ရှိဖို့သာ လိုအပ်ပါတယ်။
__________________________________________
m y O e w y n n _ 1 8 . 0 5 . 2 0 1 4

လူထုရဲ့သဘောတူထောက်ခံရေးသာ အဓိက

နိုင်ငံတစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အများပြည်သူလူထုအတွက်ဖြစ်လို့ 
အများပြည်သူလူထုအတွက် အကျိုးမဖြစ်စေနိုင်တဲ့ ဥပဒေတွေကို ပြောင်းလဲပြုပြင်နိုင်ရမယ်။
အများပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်တွေကိုပိတ်ပင်ထားရင် ဒီမိုကရေစီကို ပုံပျက်အောင်၊ ဆုံးရှုံးအောင် လုပ်တာဖြစ်တယ်။

မိမိတို့သမိုင်းကို မိမိတို့ အကောင်းဆုံးရေးထိုးကြပါ

ပြည်သူ့အသံ၊ လွှတ်တော်အသံ ပြည်သု့ဆန္ဒ၊ လွှတ်တော်ဆန္ဒလို့ ပြောနေပေမယ့်၊ တစ်တိုင်းပြည်လုံး မုန်တိုင်းဒဏ်ခံရလို့ သေကြေပျက်စီး ဆုံးရှုံးနစ်နာ ၀မ်းနည်းပူဆွေး ရင်ထုမနာ ဖြစ်နေတဲ့အချိန်မှာ လူထုမျက်နှာ တစ်ချက်ကလေးမှ မကြည့်ဘဲ၊ မိမိတို့ အာဏာတည်မြဲရေး၊ မိမိတို့ အာဏာသက် ရှည်ရေးနဲ့ မိမိတို့အကျိုးစီးပွား တစ်ခုတည်း အတွက် တစ်ဖက်သတ်ကြည့်ပြီး စိတ်ကြိုက်ရေးဆွဲထားတဲ့ နာဂစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး