Home

Monday, February 25, 2013

ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ

မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။ 
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။

ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ 
ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊
စဉ်းစားကြည့် . . . မင်းတို့ ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ၊ 
အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက 
မင်းတို့ရဲ့ အသိညာဏ်က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။

မာလာလာယူဆွတ်ဖ်ဇိုင် ( ခရမ်းပြာထက်လူ )


မာလာလာယူဆွတ်ဖ်ဇိုင် (သို့မဟုတ်) ကမ္ဘာကြီးအတွက်လက်ဆောင်

 သမီးရေ လာ လာ လာ  လာကြည့်  ဒီမှာ
မာလာလာတဲ့ ဆွက်တောင်ကြားမှာ ပွင့်ခဲ့တဲ့ပန်းကလေး။

သမီးရေ လောကကြီးမှာ ကိုယ်နဲ့မလိုက်ဖက်တာ
ကိုယ် ကိုင်ကြည့်လို့မရတာ ဘာမှမရှိ။
ဆန္ဒရှိရင် မီးကိုလည်းကိုင်ကြည့်လို့ရသလို ၊  ဆန္ဒရှိရင်တိမ်ပေါ်လည်းတက်အိပ်နေလို့ရတယ်။
ဒီနေ့ ဒါကို မာလာလာ ဒီပန်းကလေးက ပြောခဲ့ပြီ။

သမီးရေပြန်လှည့်ကြည့်လိုက်စမ်း
သမီးမှားခဲ့တာ ဘာမှမရှိ သမီးငိုသံလေး စကြားကတည်းက လူတွေက ပြာယာခတ်
ပျားပန်းခတ် တိုးဝှေ့လာခဲ့ကြ ပြီးတော့ သမီးပါးလေးကိုအလုအယက် ၀ိုင်းနမ်းခဲ့ကြတာ။

အမေ့သား စကားတိုးတိုးပြောလှည့်ပါ

ကာရံချိုမြ
သွေးစစွန်းထင်းနေတယ် ။
တယောကြိုးလည်း
တီးတိုးငိုကြွေးနေတယ် ။
ဂစ်တာတလက်
အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး ။

Sunday, February 24, 2013

အဆိုအမိန့်များ

- ဘ၀ဟာ စာကြည့်စားပွဲပေါ်က မီးအိမ်မဖြစ်သင့်ဘူး။
 ပင်လယ်ထဲက မီးပြတိုက်ဖြစ်ရမယ် ။ ( မိုးစက်နီ )
- လက်ခုပ်သံတွေကို ခူးဆွတ်ချင်တဲ့သူဟာ တောက်ခေါက်သံတွေကြောင့်
 ဘယ်တော့မှ လဲမကျရဘူး ။ ( မိုးစက်နီ )

- ပစ်မှတ်ကိုတည့်တည့်ထိစေချင်ရင် မျက်လုံးတစ်ဘက်ကို
 မှိတ်ထားရတယ် ။ အောင်ပွဲတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ရချင်ရင်
 ကျန်တဲ့အရာတွေကို လျစ်လျူရှုထားရမယ် ။ ( အမည်မသိ )

မင်းကျင့်တရား ဆယ်ပါး


သီတဂူဆရာတော်ဟောကြားသော “မင်းကျင့်တရား ဆယ်ပါး(ရာဇောဝါဒ သုတ္တန်)”

၁. အလှူပေးခြင်း (ဒါန) 
၂. ငါးပါးသီလ ဆောက်တည်ခြင်း (သီလ)
၃. ပေးကမ်း စွန့်ကြဲခြင်း (ပရိစာဂ)
၎. ဖြောင့်မတ်ခြင်း (အဇ္ဖ၀ံ)
၅. နူးညြံ့ခင်း (မဒ္ဒ၀ံ)
၆. ရှစ်ပါးသီလ ဆောက်တည်ခြင်း (တပံ)
၇. အမျက်မထွက်ခြင်း (အကောဇံ)

မူရင်းဌာနေလူမျိုးများနှင့်ပတ်သတ်၍ ဘယ်လိုကာကွယ်စောင့်ရှောက်မှုများ ရှိပါသလဲ။

တကမ္ဘာလုံးရှိ နိုင်ငံပေါင်း(၇၀)ကျော်တွင် နေထိုင်နေကြသော မူရင်းဌာနေလူမျိုးများ အနည်းဆုံး သန်းပေါင်း သုံးရာခန့်ရှိပါသည်။ ထိုမူရင်းဌာနေလူမျိုးများနှင့်ပတ်သတ်၍ အဓိက တိုက်ရိုက်ကာကွယ်ပေးသော နိုင်ငံတကာ သဘောတူစာချုပ်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ( ILO ) က ပြဌာန်းထားသော လွတ်လပ်သော နိုင်ငံများရှိ မူရင်းဌာနေနှင့်

ကျွန်တော်ထမင်းတစ်နပ်ပဲစားပါသည်။(ပိုက်တင်)

ကျွန်တော့်မှာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုရှိပါတယ်။ တစ်ကယ့်ကို
လုပ်ငန်းသေးသေးလေးပါ။ ထမင်းစားဖို့ ရရုံပါပဲ။
ကျွန်တော်က ရန်ကုန်မြို့မှာနေပါတယ်။ ပိုက်ဆံအပိုလုံးဝ မသုံးတတ်ပါဘူး။
ဘီယာမသောက်တတ်၊ဆေးလိပ်မသောက်တတ်

Saturday, February 23, 2013

အိုဘားမား၏ရန်ကုန်တက္ကသိုလ်မိန့်ခွန်း


မြန်မာနိုင်ငံ မင်္ဂလာပါ။
ဒီတက္ကသိုလ်ကို ရောက်လာခဲ့တဲ့အတွက်၊ ဒီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ရတဲ့ အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။

ဖတ်ဖူးခဲ့သော ဒဿနစကားများ

၁။ အခွင့်အရေးဟူသည် လူတိုင်းဆီသို့  တစ်ကြိမ်မဟုတ်တစိကြိမ် ရောက်လာလေ့ရှိပါသည်။
ထိုအခွင့်အရေးကို အသုံးချတတ်ခြင်းနှင့် ဥပေက္ခာပြုနေခြင်းကြောင့်သာ ရရှိသောရလဒ်ခြင်း
မတူညီကြခြင်းဖြစ်ပါသည်။

Wednesday, February 20, 2013

ကိုယ့်နိုင်ငံသိက္ခာရှိဖို့ဆိုတာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိ

" ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ 
ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ 
ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင်

လူသားဖြစ်တည်မှုထက် ဘယ်တံဆိပ်မှ အရေးမကြီးပါ၊

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က ဗဟုဘာသာ၊ ဗဟုလူမျိုးစနစ်နဲ့ နေထိုင်နိုင်ခဲ့ကြပြီး
ခုဒီဘက်ခေတ်မှ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ပိုများလာတယ်ဆိုရင်.....
လူ့ယဉ်ကျေးမှု(Civilization)အကျဘက်  ပိုပြီး ရောက်လာတဲ့သဘောပါပဲ၊

Tuesday, February 19, 2013

သံကြိုးကွင်းသံ တညံညံ

ဆံပင်တွေလည်း ဆွေးမြည့်လို့
လည်ပင်းတွေလည်း ဆန့်ထွက်လို့
အဲ့ဒီလို ထွက်ပြီးသား အသက်တွေလည်း ပြန်ပြန်ဝင်နေလို့
တောင့်တောင့်ကြီး ရပ်နေတာတောင်
ခြေထောက်တွေက လှမ်းနေလို့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးတွေထဲ
သွေးချင်းတိုက်မိလို့
ငါတို့ရုန်းကန်သံ
နည်းနည်းလှူပ်လိုက်တာနဲ့ မြည်တယ်၊

အောင်ဆန်းစုကြည်

ဖဆပလ - ပထမကွန်ဂရက်တွင် ပြောကြားသော မိန့် ခွန်း


အချောင်သမား နိုင်ငံရေးခေါင်းဆောင်တို့ သည်
 ပြည်သူလူထု၏ ပြင်းထန်သောအမျိုးသားရေး စိတ်ဓါတ်ကို 
အမြတ်ထုတ်ကာ သူတို့အကျိုး ၊ 
သူတို့အသင်းအဖွဲ့၏ အကျိုးကို
ဆောင်ရွက်တတ်သော သဘောမျိုး သမိုင်းတွင် ရှိခဲ့သည်။ 
ဤသို့ အမျိုးသားရေး စိတ်ဓါတ်ကို အမြတ်ထုတ် တတ်ခြင်းကို 
ကျွန်တော်တို့သတိပြုရမည် ။ 
သို့မဟုတ်ပါက အမျိုးသားရေး ပဋိပက္ခ များကို ပေါ်ပေါက်စေ၍ 
ကျွန်တော်တို့  အာရုံကို အဓိက ရည်မှန်းချက်မှ
ဝေးသွားအောင် ဖန်တီး ခြင်းခံရလိမ့်မည်။ 

ဗိုလ်ချုပ်အောင်ဆန်း 
(၁၉၄၆ -ခု ၊ ဇန်န၀ါရီ လ ၂၀ - ရက် ၊ ဖဆပလ - ပထမကွန်ဂရက်တွင် ပြောကြားသော ဥက္ကဌ မိန့် ခွန်း )

အောင်နိမိတ် အောင်စိတ်(တင်မိုး)

အောင်နိမိတ် အောင်စိတ်(တင်မိုး)
 အနင်းခံရတဲ့မြက် ပိုသန်သတဲ့  အကျဉ်းခံရတဲ့ငှက် ပိုပျံနိုင်လိမ့်မယ် ….  အခက်အခဲတွေ့က  ဖျက်ခွဲ၍ ပစ်ကြလော့..... ရက်ရှည်ရကောင်းလားလို့

Monday, February 18, 2013

 ဒီမိုကရေစီနဲ့သဟဇာတဖြစ်ချင်တယ်ဆိုရင်တော့

ဒီမိုကရေစီကို ပါးစပ်အရသာခံပြောနေယုံနဲ့တောာ့ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ လွယ်လွယ်ကူကူဖြစ်မလာနိုင်ပါဘူး။ အလုပ်တွေအများကြီး ပိုလုပ်ကြရအုံးမယ်။ အများကြီးကြိုးစားရအုံးမယ်။ အများကြီးပြင်ကြရအုံးမှာဖြစ်ပါတယ်။
          ကျွန်တော်တို့တိုင်းပြည်မှာ အခုမှ ဒီမိုကရေစီကို ပြောင်းလဲဖို့ကြိုးစားတည်ဆောက်နေတာပါ။

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း

“ကြောက်ရွံ့ခြင်းဟာ ဆွံ့အခြင်း၊ လုပ်သမျှခံတဲ့အဖြစ်ကို ရောက်စေပါတယ်။
 ကြောက်ရွံ့ခြင်းဟာ အရာရာကို မစွမ်းဆောင်နိုင်တဲ့အဖြစ်ကို ဖြစ်စေ ပါတယ်” 
“ပြောဖို့ ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ရအောင် ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး

လူ့အခွင့်အရေး ကြေညာစာတမ်း(26-30)


* Article (26.1) Everyone has the right to education. Education shall by free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available  and higher education shall be equally accessible to all in the basis of merit. 
* အပိုဒ် ၂၆ (၁)လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့်
သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။

လူ့အခွင့်အရေး ကြေညာစာတမ်း(21-25)


* Article (21.1) Everyone one has the right to take part in the government of his country, directly or through freely chosen representatives. 
* အပိုဒ် ၂၁ (၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။ 

*Article (21.2) Everyone has the right of equal access to public service in his country. 
(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။

လူ့အခွင့်အရေး ကြေညာစာတမ်း(16-20)


* Article (16.1) Men and women of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution. 
* အပိုဒ် ၁၆ (၁)အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊
အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။ 

လူ့အခွင့်အရေး ကြေညာစာတမ်း(11-15)


* Article (11.1) Every one charged with a penal offence has the right to be presumed innocent until proved guilty according to law in a public trial at which he has all guarantees necessary for his defence.
* အပိုဒ် ၁၁ (၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။ 

လူ့အခွင့်အရေး ကြေညာစာတမ်း(6-10)


* Article (6) Every one have to rights to recognition every where as a person before the law. 
* အပိုဒ် ၆ လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။ 

* Article (7) All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination. 

* အပိုဒ် ၇ လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။

လူ့အခွင့်အရေး ကြေညာစာတမ်း(1-5)



* Article (1) All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another inspirit of brotherhood. 
 * အပိုဒ် ၁ လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

Sunday, February 17, 2013

မိမိ၏စိတ်စေတနာသည်သာ မိမိဘ၀ကိုပြဌာန်းသည်


မိမိတို့၏ဇာတိမြေ၊ဇာတိနိုင်ငံမှာပင်ဖြစ်သော်ငြားလည်း
အင်အားချိနဲ့သော လူနည်းစုအဖြစ်နှင့်နေကြရသည်ဖြစ်၍
မိမိတို့၏ ဘဝအနေအထားပေါ်တွင် စိတ်ပျက်အားငယ်နေမှုများလည်း ရှိနေတတ်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် မိမိတို့အား နိုင်ငံရေးအရ အဆင့်မည်မျှပင်နှိမ့်ချခံနေရပါစေ။ နိုင်ငံရေးအရအဆင့်မည်မျှပင်နိမ့်ကျနေပါစေ။

ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းဖြစ်ဖို့

ကျွန်တော်တို့တိုင်းပြည်အနေနဲ့အပြောင်းအလဲဆီ
ဦးတည်ပြောင်းလဲလျှောက်လှမ်းလာခဲ့တာ နှစ်ပေါက်ခဲ့ပါပြီ။
အဆိုးမြင်သူတစ်ချို့ကတော့ အားမလိုအားမရ
အခြေအနေမျိုး ဝေဖန်ရှိနေကြဆဲပါ။
ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့
အတိုက်အခံကောင်းတစ်ယောက်ကြောင့်
လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊
 လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျန်းမာရေး၊

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နှုတ်ချက်များ

# အဲဒီတော့ သမတစနစ်ကို လိုချင်တယ်။ သမတစနစ်သာ တိုင်းသူပြည်သားတွေသာလျှင်အရင်းခံမူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်းအတူတူဘဲဆိုတဲ့ သဘာဝကိုပြန်ဖော်တယ်။ ဒါပေမယ့် တခုသတိပြုရမယ်။ "အစိုးရ" ဆိုတဲ့အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလဲ ပစ္စည်းအင်အားကောင်းတဲ့သူတွေ အချင်းချင်း လုကြတယ်။ ရရင်လဲ လက်မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေ ဆိုတာကတော့ အဲဒီထဲမှာတုတ်လုပ်အရိုက်ခံရမယ့် အခါကျမှ ပါရတာဘဲ။ ဒီလိုအာဏာလုကြတဲ့အခါ "ဒီမိုကရေစီ" ဆိုပြီး ၊"ပြည်သူ့ဆန္ဒ ပြည်သူ့အာဏာ" လို့ကြွေးကြော်ဟစ်အော်ပြီး ၊ ညာတဲ့စနစ်တွေလဲရှိတယ်။

မင်းတကိုယ်ထဲ လျှောက်ပေတော့

မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့ ...။

ကြောက်ဒူးတုန်လို့ နံရံဘက်လှည့်ပြီး 
သူတို့ နှုတ်ဆိတ်နေရင် မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ 
ပွင့်ပွင့်လင်းလင်းပြောပေတော့ ။

လူထု၊အတိုက်အခံ၊အစိုးရနှင့်နိုင်ငံရေးအသစ်


The Voice Weekly မှာ အယ်ဒီတာက နိုင်ငံရေးအဟောင်း ဆိုတဲ့ စကားလုံးကို သုံးထားတာတွေ့ရတော့
တော်တော်ကို သဘောကျမိပါတယ်။ဟိုတလောကလည်း ကိုကျော်မင်းဆွေက နိုင်ငံရေးမဟုတ်တဲ့ နိုင်ငံရေးများလို့သုံးသွားဖူးပါတယ်။democratization ကာလမှာ အလုပ်မဖြစ်တော့တဲ့နိုင်ငံရေး နည်းနာဟောင်းတွေကို ရည်ညွှန်းပြောဆိုသွားတာပါ။ အာဏာရှင်ကို ဆန့်ကျင်တဲ့ ကာလတုန်းက

ဒီမိုကရေစီကိုမျှော်လင့်ခြင်း

လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ၊
သူဌေးဖြစ်စေ၊ဆင်းရဲသားဖြစ်စေ၊အလုပ်ရှင်ဖြစ်စေ၊အလုပ်သမားဖြစ်စေ၊လူဖြူဖြစ်စေ၊လူမဲဖြစ်စေ၊
မြို့သားဖြစ်စေ၊တောသားဖြစ်စေ၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။
ဘယ်ဘာသာကိုးကွယ်ကိုးကွယ်၊ဘယ်ယုံကြည်ချက်ရှိရှိ၊ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ

ဒီမိုကရေစီစနစ်နဲ့ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်

ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ်ဆိုးအောက်မှာ ဖြတ်သန်းလာခဲ့ရတာပါ။ နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ်ဝက်ကျော် အမှောင်ခေတ်ထဲမှာဖြတ်သန်းခဲ့ရတာပါ။  ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း  အမှောင်ဖုံးနေခဲ့ကြရတာပါ။ အခု မကြာသေးခင်ကမှ ဒီမိုကရေစီစနစ်ကိုအသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေတာဖြစ်ပါတယ်။

ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင်


“ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာအဓိက စဉ်းစားရမှာပါ။ ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရမှသာလျှင်ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ သက်သာ မှာ ဖြစ်ပါတယ်။ငြိမ်းချမ်းတယ်ဆိုတာ ခပ်တိုတို ပြောရရင်အသက်အန္တရယ် ကြောင့်ကြခြင်းမှ ကင်းဝေးတာစိုးရိမ်ကြောင့်ကြရမယ့်ကိစ္စတွေက ကင်းဝေးတာ။ တစ်ကယ် ငြိမ်းချမ်းတယ်ဆိုတာစိတ်ထဲကနေလာတာ။ စိတ်ထဲမှာ ငြိမ်းချမ်းရေးရှိမှ တစ်ကယ် ငြိမ်းချမ်းတယ်လို့ ပြောရမှာ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအချို့

"ငြိမ်းချမ်းရေးဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ကြိုးစားပြီး
လုပ်ယူရမယ့် ကိစ္စပါ။ ဒီလိုမကြိုးစားနိုင်လို့ ရှိရင် ငြိမ်းချမ်းရေး
မရှိခြင်းရဲ့ အနိဌာရုံတွေကိုကျွန်မတို့ ခံစားရမှာ ဖြစ်ပါတယ်, ကိုယ့်ရဲ့ ပက်ဝန်းကျင်က မငြိမ်းချမ်းရင် 
ကိုယ့်ရဲ့ ပက်ဝန်းကျင်က မလုံခြုံရင် ဘယ်သူကငြိမ်းချမ်းမှာလဲ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် 
တစ်ယောက်ခြင်း တစ်ယောက်ခြင်းမှာ ကြိုးစားဖို့လိုတယ်, အများစုက ကိုယ့်ကိုကိုယ် ဘယ်တော့မှ လက်ညိုးမထိုးဘူး၊ ဟိုဘက်က လူတွေကိုဘဲ လက်ညိုးထိုးတာ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဟာတွေကိုပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရမှာပါ" 
ဒေါ်အောင်ဆန်းစုကြည်- (20-1-2013)

ငြိမ်းချမ်းသာယာတဲ့အနာဂတ်ကို

ငြိမ်းချမ်းသာယာတဲ့အနာဂတ်ကို အတူတကွ ညီတူညီမျှရယူခံစားနိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ဖို့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့။လူရယ်လို့ဖြစ်လာရင် လူ့ဘ၀သက်တမ်းမှာ လိုက်နာရမယ့် အပိုင်းနှစ်ပိုင်းရှိတယ်။အဲဒီနှစ်ပိုင်းအနက် ပထမအပိုင်းက ကိုးကွယ်ယုံကြည်မှု၊ ဘာသာအယူဝါဒဖြစ်တယ်။ဒုတိယတစ်ပိုင်းက ကိုယ်ကျင့်တရား၊ အပြုအမူလုပ်ရပ်၊ လူတစ်ဦးချင်း(သို့) လူ့အသိုင်းအ၀ိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးဖြစ်တယ်။

ဒီလိုနည်းနဲ့ လုပ်မှရမှာလား…?


တစ်ပါးသူကို နေ့တိုင်းအပြစ်ထိုင်ပြော၊တစ်ပါးသူကိုနေ့တိုင်းပြစ်ပဲလိုက်ရှာနေမယ်ဆိုရင် ဘယ်လိုအဓိပ္ပါယ် ပေါက်သွားလဲဆိုတော့ “ငါဟာ သူများမကောင်းကြောင်းပြောနေရမှ နေသာထိုင်သာရှိတယ်၊ သူများကို နာမည်ဆိုးတပ်ရမှ ငါနာမည်ကောင်း
ရမယ်”လို့ အဓိပ္ပါယ်ပေါက်သွားတယ်။ ငါဘယ်လိုလူစားဆိုတာ ဖော်ပြသလိုဖြစ်သွားတယ်။

ငြိမ်းချမ်းသောလူ့ဘောင်

ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသ၊ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ကိုယ့်ယုံကြည်မှု၊ ကိုယ့်ကိုးကွယ်မှု၊ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား၊ကိုယ့်ဝတ်စားဆင်ယင်မှု၊ ကိုယ့်သွေးကိုယ်သား၊ကိုယ့်ပါတီ၊ ကိုယ့်အုပ်စုဆိုတဲ့ကိုယ့်အတ္တတွေ တသီတတန်းနဲ့၂၀၁၃ နှစ်သစ်ကိုကြိုဆိုကြမှာလား။ဒီမိုကရေစီလူ့ဘောင်ကို ထူထောင်ကြမှာလား။
ဒီမိုကရေစီလူ့ဘောင်ကို ဖော်ဆောင်ကြမှာလား။
ငြိမ်းချမ်းသောလူ့ဘောင်ကို တည်ဆောက်ကြမှာလား။

လူထုမပြောင်းဘဲ တိုင်းပြည် မပြောင်းနိုင်ပါ။ ( ပိုက်တင်)

ဒေါ်စုက လူထုကိုပြောပါတယ်။ တိုင်းပြည်ဘယ်တော့ ပြောင်းမလဲဆိုတာ သိဖို့ကိုယ့် ဘာသာပြန်မေးပါ။ ကိုယ်ဘယ်တော့ ပြောင်းမလဲ၊ ကိုယ့်စိတ် ဘယ်တော့ ပြောင်းမလဲ၊ တိုင်းပြည် အတွက် ဘယ်တော့ အလုပ် လုပ်မလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်လို့ လူထုကို ပြောသွားပါတယ်။ လူထုပြောင်းမှ တိုင်းပြည်ပြောင်းမယ်လို့ ဆိုလိုတာပါ။ လူထု မပြောင်းရင်ဘယ် အစိုးရပဲ အုပ်ချုပ်သည် ဖြစ်စေ၊ ဘယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်သည်ဖြစ်စေ၊ ဘယ်လောက် အားကောင်းတဲ့ အတိုက်အခံပဲ ရှိပါစေ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်ပြီး (အမှန်တကယ် ပြည့်ပြည့်ဝဝ) ပြောင်းလဲဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ 

အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီ။


ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ၊ကိုယ့်ဘာသာ၊ ကိုယ့်ယုံကြည်မှု၊ ကိုယ့်အယူအဆ၊ကိုယ့်ရည်ရွယ်ချက်၊ ကိုယ့်ခံယူချက်၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား၊ ကိုယ့်အသားအရောင်နဲ့ ကိုယ့်ဝတ်စားဆင်ယင်မှု စတာတွေကိုသာ အလေးထားပြီး၊ တစ်ခြားသူတို့ရဲ့ ဒေသ၊ လူမျိုး ၊ ဘာသာ၊ ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊

“လွတ်လပ်ရေးဗိသုကာကြီးရဲ့ လွတ်လပ်ရေးအကြိုမိန့်ခွန်း ”

လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောပြမယ်။လွတ်လပ်ရေးဆိုတာနဲ့ ပဒေသာပင် မြေကမပေါက်နိုင်ဘူး
ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်။ ခင်ဗျားတို့စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ ရှိရင် စိတ်ကူးက
ဘယ်လိုလဲဆိုတော့ ပဒေသာပင်ကြီး ချက်ချင်း ၊ နေ့ချင်းညချင်းပေါက်တော့မလို ခင်ဗျားတို့ ထင်ကြတဲ့လူတွေ များကြတယ်။
တစ်ချို့ကလည်း ဟာ....လွတ်လပ်ရေးရပြီဆိုတော့ ဘာလုပ်ချင်ကြသလဲဆိုတော့

ဗိုလ်ချုပ်၏ လူမျိုးရေးရာသဘောထားအမြင်


“… သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ်မဟတ်ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေရှိတယ်။ 
အစတုန်းက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။
 သူတို့တစ်တွေဟာအားလုံးနိုင်ငံသားတွေပဲ။တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။

မဟတ္တမဂန္ဒီရဲ့ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 

အိန္ဒိယလွတ်လပ်ရေး ဖခင် (ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင် တစ်ဦး) ဖြစ်တဲ့
မဟတ္တမဂန္ဒီရဲ့ ကမ္ဘာကျော် ဆိုရိုးစကား တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။ 

၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ 
တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။
1. Live as if you were to die tomorrow. Learn as if you were to live forever.

၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။

2. An eye for an eye only ends up making the whole world blind.

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့် များ

(1) A populist leader is not the same as a good leader. I hope you'll keep that in mind.
(၁) နာမည်ကောင်းရုံ၊ ကျော်ကြားရုံ ထင်ရှားအောင် လုပ်သည့် ခေါင်းဆောင်နှင့် တကယ်လုပ်တဲ့ ခေါင်းဆောင် ဆိုတာ မတူပါဘူး။ 
အဲဒါလေး တစ်ခုတော့ စိတ်ထဲမှာ အမြဲ မှတ်ထားစေချင်ပါတယ်...။

(2) In the end, real progress must be reflected in the improvement of the lives of ordinary people.
(၂) သာမန်ပြည်သူတွေရဲ့ ဘဝကို တိုးတက်မှုပေးနိုင်မှ တကယ့်တိုးတက်မှုအစစ်လို့ အန္တိမအနေဖြင့် ခေါ်နိုင်မယ်။

မင်းကိုနိုင်၏ လူမျိုးဘာသာ မတူကွဲပြားမှုအပေါ်အမြင်

အမျိုးသား ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာထက်၊
သစ္စာရှိရန်သာ အရေးကြီးသည်။
“ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ
ဘယ်လိုလက်မျိုးလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားလို့ပါ။
အဲဒီလက်ဟာ လူမျိုးဘာသာမခွဲခြားဘူး ဆိုတာကို
ပထမဆုံး ဗ.က.သ ဥက္ကဋ္ဌအဖြစ် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို
ကျွန်တော်တို့အားလုံး သဘောထားကြီးစွာနဲ့ ရက်ရက်ရောရောကြီးပေးခဲ့တယ် ဆိုတာကို အသိအမှတ်ပြုစေချင်ပါတယ်။

သူတို့ပြောတဲ့ ဆရာကြီးဦးရာဇတ်


20.1.2013 ရက်နေ့တွင်ကျင်းပမည့် ဆရာကြီးဦးရာဇတ်နေ့ကို ကြိုဆိုဂုဏ်ပြုလျှက်

စစ်ကိုင်းအနီးစခန်းဆရာတော်
ဆရာတော်အခုလို အင်္ဂလိပ်စာကိုရေရေလည်လည်ဖတ်နိုင်တာဟာ ဆရာကြီးဦးရာဇတ်ရဲ့ကျေးဇူးပေါ့။

မန္တလေးတက္ကသိုလ်ပါဠိပါမောက္ခဟောင်း အမ်အေ ဒေါ်အုံး
မန္တလေးတက္ကသိုလ်က ကျေးဇူးတင်စရာရှိရင် တခြားလူထက် ဆရာကြီးဦးရာဇတ်ကိုသာကျေးဇူးတင်ရမယ်။

လွတ်လပ်စွာစဉ်းစား၊တွေးခေါ်ရေးသား ထုတ်ဖော်ခွင့်ရှိတယ်ဆိုပေမဲ့ .......


မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ မိမိရေးလိုက်တဲ့ စာတစ်ကြောင်း၊
မိမိပြုလုပ်လိုက်တဲ့ အပြုအမူဟာ မိမိရဲ့ပင်ကိုစိတ်နေစိတ်ထား၊ 
မိမိရဲ့ပညာအရည်အချင်း၊ မိမိရဲ့အသိဥာဏ်၊ မိမိရဲ့အဆင့်အတန်း၊
မိမိရဲ့ကိုးကွယ်ယုံကြည်မှု၊ မိမိရဲ့အသိုင်းအ၀ိုင်း၊
မိမိကြီးပြင်းခဲ့ဖူးတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ထင်ဟပ်ဖော်ပြနေတဲ့အတွက် 
စဉ်းစားဆင်ခြင်မှုမရှိဘဲ၊ ခွဲခြား၊နှိမ့်ချ၊စော်ကား၊ ပုတ်ခတ်တဲ့စကားတွေ အလွယ်တကူမပြောသင့်ပေ။

ခံစားနားလည်နိုင်အောင် ကြိုးစားရမယ်


မိဘမဲ့နေကြတဲ့ 
လူမမယ်ကလေးတွေရဲ့  ငိုရှိုက်သံ၊
အိုးအိမ်မဲ့နေတဲ့ 
ဒုက္ခသည်တွေရဲ့  ညည်းညူသံ၊
ပြေးလွှားပုန်းအောင်းနေရတဲ့ 
မိသားစုတွေရဲ့ မောဟိုက်သံ၊
စစ်ဘေးဒဏ်ခံနေရတဲ့

ဒီမိုကရေစီလိုချင်တာလား


မျက်ရည်တွေနဲ့ လူသားတွေ၊ ချွေးပင်လယ်ဝေနေတဲ့ လူသားတွေ၊
သွေးသံရဲရဲနဲ့ လူသားတွေ၊ ခြေကျိုး၊လက်ပြတ်ခန္ဓာချို့ယွင်းနေတဲ့ လူသားတွေ၊
အနှိပ်စက်ခံနေရတဲ့ လူသားတွေ၊ အနိုင်ကျင့်ခံနေရတဲ့ လူသားတွေ၊
နှိမ့်ချခံနေရတဲ့ လူသားတွေ၊ ခွဲခြားခံနေရတဲ့ လူသားတွေ၊

ကျွန်မတို့ပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကိုရမှာပါ


“ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဓိက စဉ်းစားရမှာပါ။ 
ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရမှသာလျှင် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ သက်သာမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းတယ်ဆိုတာ ခပ်တိုတိုပြောရရင်အသက်အန္တရာယ်ကြောင့်ကြခြင်းမှ ကင်းဝေးတာ။ 
စိုးရိမ်ကြောင့်ကြရမယ့် ကိစ္စတွေက ကင်းဝေးတာ။
တစ်ကယ် ငြိမ်းချမ်းတယ်ဆိုတာစိတ်ထဲကနေလာတာ။ စိတ်ထဲမှာ ငြိမ်းချမ်းရေးရှိမှ တစ်ကယ်ငြိမ်းချမ်းတယ်လို့ပြောရမှာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဟာ မငြိမ်းချမ်းရင်၊ မလုံခြုံရင် ဘယ်လိုမှ စိတ်ထဲမှာ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။

စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ

#   မေ့ပျောက်မပစ်လိုက်တာလို့ ယုံကြည်ချင်တယ်။ 
ဘယ်လိုမျိုးလဲဆိုရင် အဖြစ်အပျက်တစ်ခုကိုမေ့ပျောက်ပစ်လိုက်တယ်ဆိုရင် 
ဒါဟာ ခွင့်လွှတ်တာမဟုတ်တော့ဘူး။
မေ့ပစ်လိုက်တာပဲ ဖြစ်သွားရော။သတိရတော့ ရနေတယ် 
ဒါပေမယ့် ခွင့်လွှတ်တယ်ဆိုမှ 
 ဒါဟာ တကယ့်ကိုခွင့်လွှတ်ခြင်းဖြစ်တယ်။  တချို့အရာတွေကို အနာဂတ်မှာကောင်းဖို့အတွက်မေ့လိုက်လို့ မဖြစ်ဘူး။ အမှားတစ်ခုကို နောက်ထပ်တစ်ခါ မကျူးလွန်ဖို့။