Home

Friday, April 18, 2014

နိုင်ငံရေးကို ဘာသာရေးနဲ့ တွဲရောင်းတဲ့ဈေးကွက် ဖော်ဆောင်နေတာ။

နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပါတယ်။ နိုင်ငံရေးမှာ အမြတ်ထုတ်လိုတာနဲ့ လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ကြိုးစားနေတာ အင်မတန်သိက္ခာမဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ပါ။ နိုင်ငံရေးကို ဘာသာရေးနဲ့ တွဲရောင်းတဲ့ဈေးကွက် ဖော်ဆောင်နေတာတိုးတက်နေတဲ့ကမ္ဘာကြီးနဲ့ ဆန့်ကျင်ပြီး ခေတ်နောက်ပြန်ဆွဲချင်တဲ့ လူညံ့လူဖျင်းတွေ၊ အာဏာကို မသမာတဲ့နည်းလမ်းနဲ့ လက်မလွှတ်တမ်း ဆုတ်ကိုင်ထားချင်သူတွေရဲ့ အယူအဆဟောင်းတစ်ရပ်ပါ။

လှည့်ပတ်ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေ။

ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင် ယုံကြည် ကိုးကွယ်ရာဘာသာတွေ အသီးသီးရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ၊ဘာသာစွဲတွေ စွဲလမ်းဆုပ်ကိုင်ထားတာ ဟောင်းနွမ်း 
ဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လည်း လူမျိုးစုတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိပါတယ်။ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ပြောရရင်တော့ အားလုံးဟာ တစ်အိမ်တည်း နေသူတွေ၊ တစ်လမ်းတည်းနေသူတွေ၊ တစ်ရပ်ကွက်တည်းနေသူတွေ လိုဖြစ်နေပါပြီ။

အမျိုးသားရေးဝါဒအတုအယောင်(သို့) အာဏာတည်မြဲရေး နောက်ဆုံးခံတပ်။

အာဏာကို ချုပ်ကိုင်ထားလိုတဲ့၊ အာဏာကို လက်မလွှတ်လိုတဲ့၊ အာဏာကို မတရားတဲ့နည်းနဲ့ သိမ်းပိုက်ထားလိုတဲ့ အာဏာရှင်အစိုးရတွေဟာ လူထုရဲ့အာရုံ သူတို့ဘက် လှည့်မလာဖို့အတွက် လူထုကို အချင်းချင်း သွေးခွဲ သပ်လျှို ရန်တိုက် ပေးထားလေ့ရှိတယ်။ လူထုကို သွေးခွဲ သပ်လျှို ရန်တိုက်ပေးဖို့အတွက် အာဏာရှင်တို့ ခေတ်အဆက်ဆက် လက်ကိုင်ထားအသုံးချလေ့ရှိတဲ့ နည်းစနစ်ကတော့ အမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဉ်တတ်ထားတဲ့ အမျိုးသားရေးဝါဒဆိုတဲ့ လူထုသည်းခြေကြိုက် စကားလုံးပါပဲ။

တိုင်းပြည် ချောက်ထဲမကျဖို့။

၁၉၈၈။
တိုင်းပြည်မှာ မင်းမဲ့စရိုက်တွေဖြစ်ပေါ်လာတဲ့အတွက် 
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမှာ စိုးရိမ်ရလို့
တိုင်းပြည်ကို ချောက်ထဲ မရောက်ရောက်အောင် တွန်းချခဲ့သူတွေက
တိုင်းပြည် ချောက်ထဲမကျဖို့ 
သူတို့ အချိန်မီ ကယ်တင်လိုက်ရပါတယ် လို့ပြောတယ်။

ဟောင်နွမ်းနေတဲ့ စိတ်ဓာတ်တွေကို တော်လှန်ကြပါစို့။

လူရိုသေ၊ ရှင်ရိုသေ၊ ပညာတတ်လူတန်းစားတွေ၊ လူကြီးလူကောင်းအမည်ခံတွေ၊ ဒီမိုကရေစီဘက်တော်သား၊ ဒီမိုကရေစီကို ယုံကြည်သူ၊ မြတ်နိုးသူ၊ လိုလားသူ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူတွေနဲ့ ကမ္ဘာကျော် နိုင်ငံကျော် ဘာသာရေး ခေါင်းဆောင်ဆိုသူတွေကိုယ်တိုင်ကဗမာမဟုတ်တဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံလိုကြတယ်။

စုပေါင်းအားနဲ့ ဆန့်ကျင်တွန်းလှန်ဖြိုခွင်းကြဖို့ အချိန်တန်ပြီ။

ဒီမိုကရေစီပြောင်းလဲတည်ဆောက်ရေး ခရီးစဉ်ကြီး ရပ်တန့်ပျက်စီးပြီး
နောက်ကြောင်းပြန်လှည့်မသွားနိုင်အောင် ကာကွယ်လိုတဲ့ဆန္ဒ ရှိပါသလား။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အနှောက်အယှက် အဟန့်အတား မဖြစ်စေလိုဘဲ 
တိုင်းပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိုပါသလား။

အာဏာရှင်စနစ်သာ သက်ဆိုးရှည်လိမ့်မယ်

နှစ်တွေသာ တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲလာတယ်။
အကျင့်စရိုက်တွေ မပြောင်းလဲသေးဘူး။
နှစ်တွေသာ တစ်နှစ်ပြီး တစ်နှစ်သစ်လာတယ်။
စိတ်ဓာတ်တွေ မသစ်လာသေးဘူး။
နှစ်တွေသာ တစ်နှစ်ပြီး တစ်နှစ်ဟောင်းသွားတယ်။