Home

Saturday, April 27, 2013

မြန်မာပြည်သူများလုပ်နိုင်မည့် ကောင်းကျိုးတစ်ခု


မြန်မာ နိုင်ငံမှာ “ကုလား” ဆိုတဲ့ စကားလုံးကို မွတ်စလင် တွေကို စော်ကား ဖို့ဘဲ သုံးတယ် ဆိုတာ ကြားသိ ရပါတယ်။ အလားတူ မြန်မာ နိုင်ငံရဲ့ အကြီး မားဆုံး မွတ်စလင် အုပ်စု ဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုး များကို မြို့ပြင်ကို ထုတ်ပေးဖို့၊ နိုင်ငံ တွင်းက မောင်းထုတ်ဖို့ (သို့မဟုတ်) သတ်ဖြတ် ပစ်ဖို့ ဆိုတဲ့ ရက်ရက် စက်စက် ယုတ်ယုတ် မာမာ ရေးသား ပုံနှိပ် ထုတ်ဝေ ထားတဲ့ လက်ကမ်း စာစောင် တွေကိုလည်း တွေ့နေ ရပါ တယ်။

Thursday, April 25, 2013

မဟာလူသားမြတ်တမန်တော်၏ အတုယူစရာ စံနမူနာ


လူသားတို့၏ မြင့်မြတ်မှု
အလ္လာဟ်အရှင်မြတ်ဟာအဆုံးအစမရှိတဲ့ စကြဝဠာကြီးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်ဖြစ်ပါတယ်။ လူသားတွေ မသိတဲ့၊ မတွေ့မြင်ရတဲ့ အရာ အမြောက်အများကိုလည်း အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းထားတယ်ဆိုဒါ ကျမ်းမြတ်ကုရ်အာန်က မီးမှောင်းထိုးပြထားပါတယ်။ဒီဖန်ဆင်းခံတွေအားလုံးအနက် လူသားဟာ အမြင့်မြတ်ဆုံး ဖြစ်ပါတယ်။ အခြားဖန်ဆင်းခံတွေနဲ့ အဓိကကွာခြားတဲ့ ထူးခြားချက်ကတော့ လူသားတွေကို စဉ်းစားဆင်ခြင်နိုင်စွမ်း
ရှိတဲ့ ဦးနှောက်အသိဉာဏ် ထည့်သွင်းပေးထားတဲ့အချက်ပဲ ဖြစ်ပါတယ်။

Monday, April 22, 2013

အမျိုးသားရေး ဆိုသော်လည်း


ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားရေးဆိုတဲ့ အင်မတန်နားထောင်လို့ကောင်းတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ၊ ပြဿနာတွေ တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ပဋိပက္ခလို့ပြောနေကြပေမယ့် တစ်ကယ်တန်းပြန်ကြည့်ရင် တစ်ဖက်သတ်အကြမ်းဖက်မှုတွေဖြစ်နေတာတွေ့ရပါတယ်။ လူမျိုးမတူ ဘာသာကွဲပြားတာကို အကြောင်းပြုလို့ ခေတ်အဆက်ဆက် တစ်မြေတည်းနေတစ်ရေတည်းသောက်အတူယှဉ်
တွဲနေလာခဲ့ကြတဲ့သူတွေအချင်းချင်း ရန်လိုမုန်းတီးမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေအပြင် အသက်အိုးအိမ်စည်းစိမ်ကိုပါ အန္တရာယ်ပေးလာကြတာ တွေ့ရပါတယ်။

Thursday, April 18, 2013

သူ့ဝါဒ သူ့ဓလေ့ကို မထိပါးမပုတ်ခတ်ရဘူး


“ကိုယ့်ဝါဒကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါးမပုတ်ခတ်ရဘူး”

ဆရာတော်အရှင်သေဋ္ဌိလ ဒေးဒရဲမှာပြုလုပ်တဲ့ အရှင်အာဒိစ္စ၀ံသ အထိမ်းအမှတ်ပွဲမှာ နေ့ခင်းပိုင်းစကားဝိုင်းပြန်စတော့...
ဒေးဒရဲ ကွင်းကျောင်းဆရာတော်က ဆရာတော် အရှင်သေဋ္ဌိလကို...

“ဆရာတော်... ဒီမှာအခုရောက်လာကြတဲ့ ရဟန်းငယ်တွေထဲမှာ တချို့က ပြည်တွင်းမှာ ကိုယ်စွမ်းနိုင်ရာရာက သာသနာပြုနေကြတာလဲ ရှိတယ်။ တချို့ကလဲ ဆရာတော်လိုပဲ တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေအထိ သာသနာပြုကြဖို့ ရည်ရွယ်ကြိုးစားနေကြတာလဲ ရှိတယ်။ သူတို့တွေ မှတ်သားနည်းယူဖို့ ဆရာတော်ရဲ့ ကမ္ဘာသာသနာပြု အတွေ့အကြုံကိုလဲ မိန့်ကြားပါဦး” လို့ လျှောက်ထားပါတယ်။

Friday, April 12, 2013

အစ္စလာမ်နှင့်လူ့အခွင့်အရေး အပိုင်း (၂)


တမန်တော် မုဟမ္မဒ်သည် အစ္စလာမ်သာသနာကို ကနဦး စတင်ဟောကြားချိန်၌မက္ကဟ်မြို့သားများသည် ကြောက်အားလန့်အားကြီးစွာဖြင့် အလွန်အမင်းငြင်းဆန်ကြလေသည်။သူတို့ငြင်းဆန်ရခြင်းမှာ ခံယူချက်ကြောင့်မဟုတ်ဘဲ ရုပ်တုများကို ဗန်းပြကာ အကျိုးစီးပွားရှာနေသော ၄င်းတို့၏ လုပ်ငန်းကြီးများ ထိခိုက်သွားမည်ကိုစိုးသောကြောင့် ဖြစ်သည်။ ၄င်းတို့သည် နည်းမျိုးစုံဖြင့် တမန်တော်မုဟမ္မဒ်၏ သာသနာဟောကြားမှုကို တားဆီးသော်လည်း မရခဲ့ပေ။ နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက်လူနည်းစုအား နေလို့မရအောင် ဒုက္ခပေးလေတော့သည်။

အစ္စလာမ်နှင့်လူ့အခွင့်အရေး အပိုင်း (၁)

“လားအိက်ရားဟ ဖိဒ်ဒီးန်’’ 
(ကုရ်အာန်ကျမ်း ၊ ကဏ္ဍ ၂ ၊ အပိုဒ် ၂၅၆) 

အဓိပ္ပါယ် - မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ်သာသနာထဲသို့ ၀င်ရောက်ရန် အတင်းအဓမ္မ အလျင်း မပြုလုပ်ရ။

တမန်တော် မုဟမ္မဒ် ၏ ခေတ်အခါက မဒီနဟ်မြို့၌ ဂျူးလူမျိုးများနှင့်အစ္စလာမ်

သာသနာဝင်များ ရောနှောနေထိုင်ကြသည်။ ဂျူးအများစုမှာ စာတတ်ပေတတ်များ
ဖြစ်ကြသည်။ မုစ်လင်မ်မိဘများ၏ သားသမီးများသည် ဂျူးတို့ထံမှ စာပေသင်ကြားရသည်။ ထိုအခါ ကလေးငယ်အချို့မှာ ဂျူးတို့နှင့် အနေနီးရာမှ ဂျူးဘာသာအား ခုံမင်သွားကြသည်။ မုစ်လင်မ်မိဘများသည် ဂျူးဘာသာခုံမင်နေသော မိမိတို့၏သားသမီးများအား အစ္စလာမ်ထဲသို့ဝင်ရန် အတင်းအဓမ္မတိုက်တွန်း ပြောဆိုလေသည်။

Wednesday, April 10, 2013

နိုင်ငံတော်သမ္မတ၊ လူထုခေါင်းဆောင်နှင့် ကျွန်တော်တို့၏ အနာဂတ်

သတိထားမိကြမလားတော့ မသိဘူး။ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ သမိုင်းဝင် ဖြစ်ရပ်နှစ်ခု တိုက်တိုက်ဆိုင်ဆိုင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေ ပါတယ်။

မြန်မာနိုင်ငံတော်သမ္မတ ဖြစ်သူက နိုင်ငံတကာကိုလှည့်လည် သွားရောက်ပြီး အာဏာရှင်ခေတ်တစ် လျှောက်လုံး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ပျက်ယွင်းပြီး ခပ်စိမ်းစိမ်းဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ် တာ ကာလအတွင်းမှာမှ ပြန်လည် အဆင်ပြေလာတဲ့ နိုင်ငံများနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့နဲ့