Home

Wednesday, September 18, 2013

Daw Suu's Speeches of Europe Trips (Poland,Hungary)








# တော်တော်များများက ကျမတို့ကို ဒီမိုကရေစီရသွားပြီလို့ထင်နေကြတယ်။ မမှန်ပါဘူး။အဝေးကြီး အဝေးကြီး လိုပါသေးတယ်။ အကောင်းမြင်လွန်းနေကြပုံပဲ။# မြန်မာအစိုးရကသာဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ်ထောက်ခံအားပေးမှုမရှိခဲ့ရင်စစ်မှန်တဲ့ဒီမိုကရေစီ ဆိုတာသူတို့ လိုချင်တဲ့အရာမဟုတ်ဘူးလို့ ကျွန်မတို့ ကောက်ချက်ချနိုင်ပါတယ်။

Monday, September 2, 2013

(ဆာလံ ၃၇း ၉-၁၁။ သမ္မာကျမ်းစာ)

အဆိုးပြုကျင့်သောသူတို့သည် ပယ်ရှားခြင်းခံကြရလိမ့်မည်။
စိတ်နှိမ်ချသောသူတို့မူကား ပြည်တော်ကိုအပိုင်ရ၍ များပြားသော ငြိမ်သက်ခြင်းချမ်းသာ၌ မွေ့လျော်ကြရလိမ့်မည်။
(ဆာလံ ၃၇း ၉-၁၁။ သမ္မာကျမ်းစာ)

Sunday, September 1, 2013

ဦးတည်ချက်မလွဲကြဖို့

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအိုင်ကွန်တစ်ယောက်ပီပီ လူ့အခွင့်အရေးကိုလေးစားတယ်။ လူအခွင့်အရေးကိုတန်ဖိုးထားတယ်။ လူ့အခွင့်အရေးဆိုတဲ့စကားကိုပဲ တွင်တွင်ပြောတယ်။
လူသားအားလုံးတန်းတူအခွင့်အရေးဆိုတဲ့ မူကိုလက်ကိုင်ထားတယ်။
လူသားတိုင်းကို လူဆိုတဲ့အမြင်နဲ့ပဲ တန်းတူကြည့်တယ်၊ တန်းတူမြင်တယ်၊ တန်းတူသဘောထားတယ်။

လူအခွင့်အရေးလို့ဆိုလိုက်တာနဲ့

ဥပဒေစိုးမိုးရေးရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ချင်တယ်ဆိုရင် လူ့အခွင့်အရေးကိုအရေးထားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့ ဥပဒေတစ်ခုတည်းအောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။
ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရဲ့ဘက်တော်သားတွေကတော့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေးဆိုတဲ့ မူကိုလက်ကိုင်ထားကြတယ်။ ဥပဒေစိုမိုးရေးစကားတွေပြောလာကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာမှာ ဒီမိုကရေစီအိုင်ကွန်အနေနဲ့ကျော်ကြားလာသူ တစ်ယောက်ပီပီ နိုင်ငံတကာရဲ့စံချိန်စံညွှန်းတွေအရ ဒီမိုကရေစီနဲ့ ထိုက်တန်လျော်ညီတဲ့စကားဖြစ်တဲ့ လူသားအားလုံးတန်းတူ အခွင့်အရေး လူ့အခွင့်အရေးဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြောလာရပါတယ်။ လူအခွင့်အရေးလို့ဆိုလိုက်တာနဲ့ နိုင်ငံသားအခွင့်အရေးဆိုတာ မဖြစ်မနေပါဝင်လာပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကို ဘယ်လူမျိုးပဲဖြစ်ဖြစ်တန်းတူအခွင့်အရေးပေးရမယ်ဆိုတဲ့အချက်ဟာ အဓိကအရေးပါလာ ပါတော့တယ်။

အမျိုးသားရေးလို့ အသံကောင်းဟစ်နေခြင်းဟာ

အမျိုးသားရေးလို့ အသံကောင်းဟစ်နေခြင်းဟာ အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်တစ်ခု
အဖြစ်ဖန်တီးနေတာပါ။
ဒီမိုကရေစီရဲ့ပင်မကျောရိုးက လူကိုအခြေခံပြီး၊ လူသားအချင်းချင်း အပြန်အလှန်နားလည်မှုနဲ့ လူမျိုးနွယ်စုအသီးသီးကြား အတူတကွပတ်သက်ဆက်ဆံမှု ဖြစ်တယ်။

ရန်သူစစ်ကို ပစ်မှတ်မလွဲမှသာ

လူမျိုးမတူလို့၊ ဘာသာမတူလို့၊ အယူအဆမတူလို့ ငြင်းခုံ ရန်ဖြစ် အကြမ်းဖက်နေကြမယ့်အစား
လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမခွဲခြားမှု၊ အယူအဆသည်းခံမှုစတဲ့ ယဉ်ကျေးတဲ့အလေ့အကျင့်တွေရရှိလာအောင် မိမိလူ့အဖွဲ့အစည်းကို မိမိထိန်းကျောင်းတည့်မတ်ပေးရင်း ရန်သူစစ်ကို ပစ်မှတ်မလွဲမှသာ ပန်းတိုင်မပျောက်မှာပါ။ 
mmw.rasu
www.newmoekaungkin.blogspot.com

သမိုင်းရေးပါ။

သန်းခြောက်ဆယ်သော လူထုနဲ့ ဖွဲ့စည်းတည်ရှိတဲ့ မြန်မာ့လူ့ဘောင်ဟာအခုအချိန်မှာ 
အရေးကြီးပြီး ထူးခြားလှတဲ့ သမိုင်းဖြစ်စဉ်ကြီးထဲမှာ စီးမျောဖြတ်သန်းနေရတယ်ဆိုတာ 
လူတိုင်းသိပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။
 နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ ၊ ပညာ၊ ဥစ္စဓန နိုင်ငံတကာနှင့် နှိုင်းယှဉ်မှုစတာတွေကို 
တစ်ခေတ်ဆန်းဖို့ တစ်နည်းအားဖြင့် ပြောင်းပြန်လှန်ပစ်ဖို့ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကြတဲ့ ၊အာဏာရှင်ခေတ်များကို ချိုးဖျက်ပြီးဒီမိုကရေစီခေတ်သစ်ဆီ ဦးတည်လျှောက်လှမ်းနေကြတဲ့ 
သမိုင်းဖြစ်စဉ်ကြီးဖြစ်ပါတယ်။