Home

Thursday, August 29, 2013

လွတ်လပ်ခွင့်ကို အလွဲသုံးစားပြုနေတဲ့ မီဒီယာ

မီဒီယာဆိုတာ မိမိတို့ကိုယ်ကျိုးစီပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသင့်တယ်။ ပြည်သူလူထုအကျိုးစီးပွားကို အစဉ်အမြဲကာကွယ်စောင့်ရှောက်သင့်တယ်။ မီဒီယာဆိုတာ ဝေဖန်ထောက်ပြစရာရှိရင် စေတနာမှန်နဲ့ ဝေဖန်ထောက်ပြသင့်တယ်။ မီဒီယာဆိုတာ လူထုကို အသိတရားမြင့်မားအောင်၊ နားမျက်စေ့ပွင့်အောင် စွမ်းဆောင်ပေးရမယ်။

Potential နှင့် Skill

နိုင်ငံတစ်ခုရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင် potentialထက် skill က အများကြီးပိုပြီးအရေးပါ အများကြီးပိုပြီး ပဓါနကျတဲ့အကြောင်းဆွေးနွေးချင်ပါတယ်။potential ဆိုတာကို အလုံးစုံ ခြုံငုံမိအောင် ပြောရင် ဖြစ်နိုင်ခြေများအလားအလာများရှိနေတဲ့ စွမ်းအားလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ potential တော်တော်ကောင်းကောင်းနဲ့များများရှိနေတယ်လို့ ဆိုရမှာပါ။ပထဝီအနေအထားကောင်း၊ သဘာဝအရင်းအမြစ် ကောင်း ၊ရာသီဥတုကောင်း၊ လူသားအရင်းအမြစ်ကလည်း လုံလုံလောက်လောက် potential နဲ့ပတ်သက်လို့ ပြောစရာမရှိအောင် ကောင်းမွန်ပြည့်စုံလှပါတယ်။

ဘယ်သူသေသေ ငတေမာရင်ပြီးရော

ဥပဒေစိုးမိုးရေးရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ချင်တယ်ဆိုရင် လူ့အခွင့်အရေးကိုအရေးထားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့ ဥပဒေတစ်ခုတည်းအောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။
ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ ဒီမိုကရေစီရဲ့ဘက်တော်သားတွေကတော့
လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေးဆိုတဲ့ မူကိုလက်ကိုင်ထားကြတယ် ။ ဥပဒေစိုမိုးရေးစကားတွေပြောလာကြတယ်။

အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်

အမျိုးသားရေးလို့ အသံကောင်းဟစ်နေခြင်းဟာ အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်တစ်ခု
အဖြစ်ဖန်တီးနေတာပါ။
ဒီမိုကရေစီရဲ့ပင်မကျောရိုးက လူကိုအခြေခံပြီး၊ လူသားအချင်းချင်း အပြန်အလှန်နားလည်မှုနဲ့ လူမျိုးနွယ်စုအသီးသီးကြား အတူတကွပတ်သက်ဆက်ဆံမှု ဖြစ်တယ်။
ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ နိုင်ငံရေးက ပွင့်လင်းမြင်သာမှုဖက်ကို ဦးတည်လာရတော့မယ်။

သေငယ်ဇောနဲ့မျောနေတာတောင် သူတို့မှာနိုင်ငံတော်ကြီးအတွက် မှာစရာတွေကအပြည့်

ဒါ ဂန္ဓီကြီးနဲ့ ဆားတွင်းတွေဆီ ချီတက်သွားတာဖြစ်နိုင်သလို
ဒါ မေရီအင်တွိုင်းနက်ရဲ့နန်းတော်ကြီးရှေ့ ပေါင်မုန့်တန်းစီနေတာလည်းဖြစ်နိုင်တယ်။
အခုရွတ်နေတာ 
ဗားတော့ဘရက်ရဲ့ကဗျာ(သို့မဟုတ်)
မကျွတ်မလွတ်သေးတဲ့အမှုတွဲတွေရဲ့ညည်းညူးသံတွေလား။

Wednesday, August 28, 2013

ဘာသာ သာသနာကို ခုတုံးလုပ်အသုံးချသောအုပ်စိုးသူများ

ဒီဆောင်းပါးအရှေ့က ကျနော့်ဆောင်းပါးကိုကျနော့်မိတ်ဆွေများက 
“ခရိုနီရွှေစင်ဆု”ဆောင်းပါးဆိုပြီးသြဘာပေးကြပါတယ်။ 
သူတို့သဘောထားနဲ့ထင်မြင်ချက်၊ဝေဖန်ချက်တွေည်းပေးကြပါတယ်။အဲဒီလိုပေးကြတဲ့ထင်မြင်ချက်တွေထဲမှာ ယခုလို ဘာသာရေးမုန်းတီးမှုတွေ
(အကြမ်းဖက်လူသတ်မီးရှို့မှုတွေ) ဖန်တီးဖြစ်ပေါ်နေချိန်မှာ ဆရာတော် ၂ ပါးကို 
“ နိုင်ငံတော်သမ္မတ၏ဂုဏ်ထူးဆောင်လက်မှတ်” ခါတော်မီပေးအပ်ဆက်ကပ်တာနဲ့
ပတ်သက်ပြီး ကျနော့်ရဲ့သဘောထားအမြင် ထုတ်ဖေါ်ရေးပါဦးဆိုတဲ့ 
တိုက်တွန်းချက်တစ်ခုလည်းပါဝင်ပါတယ်။

Tuesday, August 27, 2013

မြတ်ဗုဒ္ဓသည်

မြတ်ဗုဒ္ဓသည်
မေတ္တာတရားနှင့်သာ 
လူသားများကို ကယ်တင်ခဲ့ပါသည်။
တခြားဘာသာကို မုန်းတီးပါဟု မဟောကြားခဲ့ပါ။
တခြားဘာသာဝင်တို့၏ ၀တ်ကျောင်းတော်တွေနဲ့
အသက် အိုးအိမ် စည်းစိမ်ကို
လုယက် ဖျက်ဆီး မီးလောင်တိုက်မသွင်းခဲ့ပါ။