Home

Sunday, August 31, 2014

ရပ်ကွက်ထဲမှာ ဒီလိုပဲရှိပါသည်။

ခရုသင်းစွဲနေတဲ့ဆင်ကို ဆင်ဖြူတော်ဟုခေါ်သည်။
လင်းတကို ရွှေဟင်္သာဟုသမုတ်သည်။
မြွေကို နဂါးဟုအမည်တွင်စေသည်။

နွားနို့သောက်ဖို့ ပြောဖူးသည်။
နဂါးမောက်သီးစိုက်မည် ဆိုဖူးသည်။
အခုလည်း နဂါးကို နွားနို့ တိုက်နေသည်။

ခေါင်းလောင်းကြီးကြောင့်တော့
တိုင်းပြည်ဟောင်းလောင်းကြီးမဖြစ်စေလိုပြီ။

ရပ်ကွက်ထဲမှာ ဒီလိုပဲရှိပါသည်။
______________________
m y O e w y n n _ 29.8.2014

ပြည်ထောင်စုသား မွတ်စလင်မ်ဆိုတဲ့ ကောင်းကင်ကြီး အောက်မှာ

 ပြည်ထောင်စုသားမွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီ ဆိုတာ  ဘာသာရေးအဖွဲ့အစည်းမဟုတ်သလို၊ နိုင်ငံရေးအဖွဲ့အစည်းလည်း မဟုတ် ပါဘူး။ မွတ်စလင်မ်လူမျိုးစုတွေကို အခြေခံတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသား ပြည်ထောင်စုသား မွတ်စလင်မ်တွေရဲ့ အမျိုးသားရေးရာ ကိစ္စတွေကို ဖော်ဆောင်နိုင်ဖို့နဲ့

ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများ

နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ 
ပြောဆိုကြသောသူများမှာ 
ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင် ဖြစ်ပေသည်။
ထိုသူတို့၏ ရည်ရွယ်ချက်မှာ
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့်
ပြည်သူတို့၏ စိတ်ကိုရှုပ်ထွေးစေ၍

Wednesday, August 27, 2014

စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်းကျသူတွေဖြစ်သင့်တယ်။


ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ကိုးကွယ်ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာ ဓမ္မတာပဲ။ ဘယ်နိုင်ငံမှာနေနေ၊ ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ မကိုးကွယ်ချင်ရင်လည်း ရပါတယ်။
ဒါ လူတိုင်းရဲ့ လွတ်လပ်မှုပဲ။လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ 

အာဏာရှင်တွေ အာဏာတည်မြဲဖို့အတွက် လှည့်ကွက်ပါ။

လူထုရဲ့ရိုးရိုးသားသား
မိမိလူမျိုးကို ချစ်တဲ့စိတ်၊
မိမိကိုးကွယ်ရာဘာသာတရားကို ချစ်တဲ့စိတ်နဲ့
မိမိသာသနာကို ချစ်တဲ့စိတ်ကို
ခုတုံးလုပ် အမြတ်ထုတ်ပြီး

ဒီမိုကရေစီဖော်ဆောင်လိုတဲ့ တိုင်းပြည်ဆိုရင်

* လူထုက နိုင်ငံခေါင်းဆောင်ကို အများသဘောဆန္ဒနဲ့အညီ တရားမျှတစွာ ရွေးချယ်နိုင်ခွင့်ရမယ်။
* ဥပဒေကို ရိုသေ လိုက်နာ လေးစား စောင့်ထိန်းတဲ့သူတွေ အုပ်ချုပ်တဲ့ အစိုးရမျိုးကို လူထုက တင်မြောက်နိုင်ခွင့် ရှိရမယ်။
* လွှတ်တော်ဟာ လူထုရဲ့အသံကို အမြဲနားစွင့်နေပြီး အကောင်အထည်ဖော်နိုင်ရမယ်။
* ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာစံချိန်စံနှုံးနဲ့အညီပြဌာန်းပြီး ဥပဒေပါအတိုင်း အစိုးရနဲ့လူတုက တိတိကျကျလေးစား လိုက်နာနိုင်ရမယ်။
* နိုင်ငံတကာ ဥပဒေစည်းမျဉ်းနဲ့အညီ လူ့အခွင့်အရေးကို လေးစားနိုင်ရမယ်။

မိမိဘာသာတရားနဲ့ သူတစ်ပါး ဘာသာတရားကြားမှာ

 ဘာသာတရား တစ်ခုခုက ညွှန်ကြားတဲ့ 
 လိုက်နာသင့်၊ လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေကို 
 လိုက်နာခြင်း မပြုခင် ရှေးဦးဆုံး 
 လူသားကောင်းတစ်ယောက်ဖြစ်ဖို့
 ကြိုးစားအားထုတ်ရတယ်။ 
 လူသားတစ်ယောက် လူသားပီပီသသ 
ကျင့်ကြံလိုက်နာရမယ့် ကျင့်ဝတ်သိက္ခာဟာ