ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖော်ဆောင်နေတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားဖို့နဲ့ ကာကွယ်ဖို့ကလည်း အဓိက အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ် ကာကွယ်ဖို့အတွက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့၊ ဒီမိုကရေစီကို တိုက်ခိုက်တဲ့၊ ဒီမိုကရေစီကို ပျက်စီးစေတဲ့ အတွေးအခေါ်တွေ အယူအဆတွေ ဖျောက်ရပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင် ကြိုးစားရပါမယ်။
Sunday, May 31, 2015
စစ်မှန်တဲ့ဒီမိုကရေစီကို မျှော်လင့်ခြင်း
လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်ဖြစ်၊ အုပ်ချုပ်ခံဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ်၊ အလုပ်သမားဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ်၊ လူမဲဖြစ်ဖြစ်၊ မြို့သားဖြစ်ဖြစ်၊ တောသားဖြစ်ဖြစ်၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘယ်ယုံကြည်ချက်ရှိရှိ၊ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ မျှော်လင့်ခြင်းဆိုတာရှိကြစမြဲပါ။
လှည့်ပတ် ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေ
ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင် ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေ စွဲလမ်း ဆုပ်ကိုင်ထားတာ ဟောင်းနွမ်း ဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိပါတယ်။
စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်းကျသူတွေ ဖြစ်သင့်တယ်။
ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ကိုးကွယ် ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာ ဓမ္မတာပဲ။ ဘယ်နိုင်ငံမှာ နေနေ၊ ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့ လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ မကိုးကွယ်ချင်ရင်လည်း ရပါတယ်။ ဒါ လူတိုင်းရဲ့ လွတ်လပ်မှုပဲ။ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။
ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းဖြစ်ဖို့
ကျွန်တော်တို့တိုင်းပြည်အနေနဲ့ အပြောင်းအလဲဆီ ဦးတည်ပြောင်းလဲလျှောက်လှမ်းလာခဲ့တာ နှစ်ပေါက်ခဲ့ပါပြီ။ အဆိုးမြင်သူ တစ်ချို့ကတော့ အားမလိုအားမရ အခြေအနေမျိုး ဝေဖန်ရှိနေကြဆဲပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ အတိုက်အခံ ကောင်းတစ်ယောက်ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ရာပြည်သူလူထုကလည်း ပြည်သူလူထုကောင်း ပီသဖို့ တော့လိုပါတယ်။ ပြည်သူလူထုဖက်ကလည်း ညီညီညွတ်ညွတ်နဲ့၊ သဘောထားမှန်မှန်နဲ့၊ စည်းစည်းလုံးလုံးနဲ့၊ စည်းကမ်းရှိရှိနဲ့ ပူးပေါင်းပါဝင်ဖို့တော့ လိုပါတယ်။
Tuesday, May 19, 2015
ပြည်ထောင်စုသား မွတ်စလင်မ်များတို့
နှစ်ပေါင်းများစွာ
အလေးမထား
ငုတ်တုတ်ထိုင်နေကြသူတွေကြား
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အင်ကိုယ့်အားနဲ့
ထရပ်ဖို့ကြိုးစားတဲ့ လူတစ်စုကို
ငုတ်တုတ်နေနေတာတွေကို ရှောင်စမ်းပါ။
ကျုပ်က ခင်ဗျားတို့ကို ထွက်ခဲ့ကြလို့ ခေါ်တုံးက
ကျုပ်ရဲ့လျှာကို ဟက်တက်လှီးခဲ့တာ ခင်ဗျားတို့ပဲ။
ကျုပ်ရဲ့ ကလောင်ကို ဝင့်ခဲ့တုံးကလဲ ခင်ဗျားတို့ပဲ
ကျုပ်ရဲ့လက်တွေကို ဖြတ်ပစ်ကြတာလေ။
ကျုပ်လှမ်းလျှောက်ဖို့ ကြိုးစားတော့လဲ
ကျုပ်ရဲ့ခြေထောက်တွေကို လွှနဲ့တိုက်ခဲ့ကြတယ်လေ။
Subscribe to:
Posts (Atom)