Home

Thursday, August 15, 2013

ရှစ်လေးလုံး ၏ မော်ကွန်းသစ်

ရှစ်လေးလုံးဆိုတာ အလွန်တရာ ကြီးကျယ်ခမ်းနားလှတဲ့ မြန်မာ့သမိုင်းမော်ကွန်းဖြစ်ပါတယ်။န
ကမ္ဘာ့သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ခတ်ပြောင်းတော်လှန်ရေး  လှိုင်းတံပိုးကြီးကို အရှိန်ပြင်းပြင်း ရိုက်ခတ်စေခဲ့ပါတယ် ။
ရှစ်လေးလုံးရဲ့ ပန်းတိုင် ရှစ်လေးလုံးရဲ့ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။  
ရှစ်လေးလုံးဟာ မျက်နှာစာ နှစ်ဘက်ရှိတဲ့ မြန်မာ့သမိုင်းဖြစ်ပါတယ်။

Wednesday, August 14, 2013

ဒေါ်စုက ကျွန်တော်တို့ ခေါင်းဆောင်ပါ။

ဒေါ်စုကတော့ အမှန်ကို အမှန်အတိုင်းလုပ်မယ့်ခေါင်းဆောင်မျိုးပါတိုင်းပြည်နဲ့ပြည်သူလူထုအများအကျိုးကို မျှော်လင့်ပြီး အမှန်တရားပေါ်မှာ ရပ်တည်မယ့်ခေါင်းဆောင်မျိုးပါ။အမှန်တရားအတွက် ဘက်မလိုက်ဘဲလုပ်မယ့် ခေါင်းဆောင်မျိုးပါ။ လူထုရဲ့ ထောက်ခံမှုပိုရတာ၊သူနေရာရတာတွေထက် တိုင်းပြည်ကောင်းစားဖို့ကို ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ…. ” တိုင်းပြည် နဲ့ လူမျိုး အတွက် အကျိုးရှိနိုင်မယ်ဆိုရင် အသုံးချခံဖြစ်ရလည်း ဖြစ်ပါစေ..၊ ကျမကိုအသုံးချနိုင်ပါတယ်” လို့ပြောခဲ့တဲ့ စကားသက်သေခံနေပါတယ်။

နိုင်ငံတကာဥပဒေများနဲ့ ဖီလာဆန့်ကျင်


မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေခိုးဝင်လာပြီး လွှမ်းမိုးချယ်လှယ်မှာကို ဒီမြေမှာမွေး၊ ဒီမြေကရေကိုသောက်၊ ဒီမြေကဆန်ကိုစားပြီး၊ ဒီမြေကိုချစ်တဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံသားမြန်မာမုစ်လင်မ်တွေကလည်း ဘယ်နည်းနဲ့မှ သဘောမတူနိုင်သလို လက်ခံကြမှာလည်းမဟုတ်ပါဘူး။

Tuesday, August 6, 2013

လူ့ယဉ်ကျေးမှုကို တောင်းဆိုသူများ

လူတွေကို ဘာသာတရား နဲ့ ခွဲခြားရှုမြင်ခြင်းထက် " မင်းဟာ အကြမ်းဖက်မှုကို ထောက်ခံသူလား၊ အကြမ်းမဖက်မှုကို လိုလားသူလား" ဆိုတဲ့ လူ့ယဉ်ကျေးမှု ပေတံနဲ့ ပထမဆုံး တိုင်းတာသင့်ပါတယ်။လွတ်လပ်တဲ့ အာရှအသံရဲ့ ဂျူလိုင် (၂၇) ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။မကြာသေးခင်ရက်များအတွင်းက ကုလသမဂ္ဂညီလာခံမှာ ပါကစ္စတန်နိုင်ငံ စွက်ချိုင့်ဝှမ်းဆီက အစ္စလာမ်အမျိုးသမီးငယ် မာလာလာ ရဲ့ မိန့်ခွန်းကို နားထောင်မိကြပါလိမ့်မယ်။

Friday, August 2, 2013

အမုန်းမီးများ ငြှိမ်းပေးပါ

အကြိတ်အခဲ အဖုအထစ်များသည် သာမန် သူငယ်ချင်းချင်း စကားဝိုင်းငယ်ကလေးများသို့ပါ ပျံ့နှံ့နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေလာသော သူငယ်ချင်း အသိုင်းအဝိုင်းများအကြား စကားလေး တခွန်းပင် အမှားမခံသည့် အဖြစ်အပျက်မှာ အတော်ကလေး အံ့သြစရာ ကောင်းလှသည်။

ရဟန်းတပါးရဲ့အမြင် (ဦးအဂ္ဂ)

ပုဂ္ဂလိက ခံစားချက်လေး ပြောဦးမယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာ ကိုယ်တိုင် အဆင့်အတန်းတွေ ကွဲမှန်း မသိကွဲကုန်ကျပြီ၊ အခုလက်ရှိ အနေအထားကိုကြည့် ချမ်းသာတဲ့ ဘုန်းကြီး၊ ဘုန်းကြီးတဲ့ဘုန်းကြီးတွေ အနားမှာကြည့် ဘယ်သူတွေဝိုင်းနေတာလဲ။ ဆင်းရဲတဲ့သူတွေ ကပ်နိုင်ရဲ့လား၊ ဝေလာဝေး သဘောရိုးနဲ့ ကပ်ရင်တောင် မရှိခိုးနိုးနိုးနဲ့ ကြည့်ကြတာမို့လား။ အဲဒါ ဘာတွေ ဖြစ်လာလဲ။

တိုက်ပုံဝတ်ကြရပါမယ်

ဟိုတနေ့က ဖျာပုံက အသိတချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းမှာ တယောက်က ဒန်ပေါက်သွားဝယ်လိုက်ဦးမယ် ဆိုပြီး ပြောပါတယ်။ အဲ့ဒီမှာတင် နောက်တယောက်က ထပြောလိုက်တယ်၊ အဲ့ဒီဆိုင်မှာသွားမ၀ယ်နဲ့၊ ဗမာရောင်းတဲ့ ဆိုင်မှာပဲ ၀ယ်တဲ့။

အဲ့ဒီလို မွတ်စလင်ဆန့်ကျင်ရေးအမြင်တွေဟာ ဗုဒ္ဒဘာသာဝင် ဘယ်လောက်များများမှာ ရှိနေပြီလဲဆိုတာ မသိပေမဲ့ ဗုဒ္ဒ ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြားမှာ အက်ကြောင်းကြီးတခု ထင်နေပြီဆိုတာတော့ သေချာပါတယ်။