Home

Sunday, May 31, 2015

ဘာသာရေးခေါင်းစဉ်အောက်က နိုင်ငံရေးထောင်ချောက်

ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတွေက ဘယ်လူမျိုးကိုမှ အနှောက်အယှက်မပေးပါဘူး၊ မရှုပ်ထွေးစေပါဘူး။ ဘာသာတရားတွေကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေလို့၊ ဘာသာတရားကို အကြောင်းပြုပြီး အသက်မွေး ၀မ်းကြောင်းပြုနေကြလို့ (နောက်တစ်နည်းပြောရရင်) ဘာသာရေးခေါင်းစဉ်တပ်ပြီး မိမိတို့ ကိုယ်ကျိုးစီးပွားအတွက်
လုပ်စားနေကြလို့ ရှုပ်ထွေးနေတာပါ။

အတိတ်သမိုင်းကို မမေ့ကြဘဲ သင်ခန်းစာယူသင့်ကြပါပြီ။

ကျွန်ုပ်တို့ တိုင်းပြည်မှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ လူအဖွဲ့အစည်းတွေဟာ ရှေးခေတ်အဆက်ဆက် ကတည်းက တစ်ခုနဲ့တစ်ခု အင်မတန်နီးနီးကပ်ကပ် ချိတ်ဆက်နွယ်ယှက်နေကြပေမယ့် ယခုလို အမှောင်ခေတ်ရဲ့ စနစ်ဆိုးကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီစနစ် ပြောင်းလဲဖော်ဆောင်ဖို့ လူထုက တောင်းဆိုတိုက်ပွဲ ၀င်လာချိန်ကစပြီး အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ဖျက်ဆီးမှုအင်အား၊ အမုန်းတရား အင်အားတွေ တိုးပွားလွန်းနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ရပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင် ကြိုးစား။


ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ်ဆိုး အောက်မှာ ဖြတ်သန်းလာခဲ့ ရတာပါ။ နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ် ၀က်ကျော် အမှောင်ခေတ်ထဲမှာ ဖြတ်သန်းခဲ့ ရတာပါ။ ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း အမှောင်ဖုံးနေခဲ့ကြ ရတာပါ။ အခု မကြာသေးခင်ကမှ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေတာဖြစ်ပါတယ်။

ကျွန်တော်တို့တတွေအတွက်လည်း ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆ တွေ အလင်းရဖို့ ၊ အမြင်ရှင်းဖို့၊ အတွေးခေါ်တွေမြင့်မားဖို့၊ အယူအဆတွေ ဆန်းသစ်ဖို့ လမ်းစပွင့် လာနေတဲ့ အချိန်ပါ။ အသွင်ကူးပြောင်းတဲ့ကာလတွေမှာတော့ အခက်အခဲတွေ၊ ပြဿနာတွေ လူမျိုးရေးပဋိပက္ခတွေ ကြုံတွေ့နေရတာတော့ အမှန်ပါ။

ခေတ်ဟောင်းစံနစ်ဟောင်းက စိတ်ဓာတ်ဟောင်းတွေ တော်လှန်ကြပါစို့

ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖော်ဆောင်နေတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားဖို့နဲ့ ကာကွယ်ဖို့ကလည်း အဓိက အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ် ကာကွယ်ဖို့အတွက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့၊ ဒီမိုကရေစီကို တိုက်ခိုက်တဲ့၊ ဒီမိုကရေစီကို ပျက်စီးစေတဲ့ အတွေးအခေါ်တွေ အယူအဆတွေ ဖျောက်ရပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင် ကြိုးစားရပါမယ်။

စစ်မှန်တဲ့ဒီမိုကရေစီကို မျှော်လင့်ခြင်း


လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်ဖြစ်၊ အုပ်ချုပ်ခံဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ်၊ အလုပ်သမားဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ်၊ လူမဲဖြစ်ဖြစ်၊ မြို့သားဖြစ်ဖြစ်၊ တောသားဖြစ်ဖြစ်၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘယ်ယုံကြည်ချက်ရှိရှိ၊ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ မျှော်လင့်ခြင်းဆိုတာရှိကြစမြဲပါ။

လှည့်ပတ် ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေ


ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင် ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေ စွဲလမ်း ဆုပ်ကိုင်ထားတာ ဟောင်းနွမ်း ဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိပါတယ်။

စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်းကျသူတွေ ဖြစ်သင့်တယ်။


ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ကိုးကွယ် ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာ ဓမ္မတာပဲ။  ဘယ်နိုင်ငံမှာ နေနေ၊ ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့ လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ မကိုးကွယ်ချင်ရင်လည်း ရပါတယ်။ ဒါ လူတိုင်းရဲ့ လွတ်လပ်မှုပဲ။ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။