Home

Wednesday, July 29, 2015

ဒီမိုကရက်တစ်ခေါင်းဆောင်ကို ရွေးချယ်ကြပါ ။

၂၀၁၅ ရွေးကောက်ပွဲကတော့ နီးကပ်လာနေပါပြီ။ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။ လူထုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းနေတယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမှုနည်းကြတဲ့ အဓိက အကြောင်းရင်းကို ရပ်ကွက်နေလူထုအချို့နဲ့ တွေ့ဆုံမေးမြန်းကြည့်မိသလောက်ကတော့ ရွေးကောက်ပွဲကို ယုံကြည်မှုအားနည်းနေတာပဲဆိုတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို လူထုက ဘာကြောင့်အယုံအကြည်နည်းရတာလဲဆိုရင် ကျွန်တော်တိုင်းပြည်မှာ ခေတ်အဆက်ဆက် မဲရွေး မဲထဲ့လာခဲ့တာမှန်သမျှ ကိုယ့်လူကိုယ်ရွေးတဲ့စနစ်တွေသာ ဖြတ်သန်းလာခဲ့ရတာ များပါတယ်။  ဒီဘက်နောက်ပိုင်း ဒီမိုကရေစီ ပြောင်းလဲဖော်ဆောင်လာတဲ့ ခေတ်မှာပင်လျှင် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေ ရှိရုံတင်မက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုတောင် အာဏာလွှဲအပ်မှုတွေ မရှိခဲ့တာဟာ လူထုရဲ့ အယုံအကြည် ကင်းမဲ့မှုရဲ့ အခြေခံပဲဖြစ်ပါတယ်။

Tuesday, July 14, 2015

ကမ္ဘာကြီးက ဟစ်တလာလိုအာဏာရှင်မျိုး မလိုလားတော့ပါ ။

ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာ၊ ကျဆင်းနေတာတွေဟာ အုပ်ချုပ်သူတွေ၊ အုပ်ချုပ်တဲ့ စံနစ်တွေနဲ့ သက်ဆိုင်နေတဲ့အတွက် လူထုကလည်း အုပ်ချုပ်သူအပြောင်းအလဲနဲ့ ခေတ်စံနစ်အပြောင်းအလဲကို တောင်းဆိုလာတတ် ကြပါတယ်။ ဒါကြောင့်လူထုဟာ ရွေးကောက်ပွဲ တွေကို စိတ်ဝင်စားပြီး မျှော်လင့်လာ ကြတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုတာ အုပ်ချုပ်မှုအာဏာရဖို့ အပြိုင်အဆိုင် ပြုလုပ်ကြတာ၊ မဲဆွယ်ကြတာ၊ မဲပေးကြတာ၊ ရွေးကောက်တင်မြှောက်ကြတာ ဆိုပေမယ့် တကယ်တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူလူထုရဲ့အခြေအနေ အဆင့်အတန်းမြင့်မားလာဖို့အတွက် အုပ်ချုပ်သူ ပြောင်းလဲစေဖို့၊ အုပ်ချုပ်တဲ့စံနစ်တစ်ခု ပြောင်းလဲဖို့ကို တောင်းဆို လာကြတာလည်းဖြစ်တယ်။

Tuesday, July 7, 2015

ကိုယ့်သမိုင်း ကိုယ်ရွေး၊ ကိုယ့်သမိုင်း ကိုယ်ရေး

ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့က လွတ်လပ်ခွင့်လို့ပဲ သဘောပေါက်ကြပါတယ်။ လွပ်လပ်ခွင့် ဆိုပေမယ့် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်တော့ မရှိဘူးဆိုတာလည်း သဘောပေါက်သင့်ပါတယ်။ ဒါကို အုပ်ချုပ်နေတဲ့အစိုးရ အပါအ၀င်  နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကလည်း သဘောပေါက်ဖို့တော့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်ခွင့် ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့် ဆိုပေမယ့် သူတစ်ပါးကို မထိခိုက်တဲ့ လွတ်လပ်ခွင့်ဖြစ်မှသာ လွတ်လပ်ခြင်းရဲ့အရသာကို နိုင်ငံသားအားလုံး ခံစားနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီမိုကရေစီဆိုတာ အုပ်ချုပ်တဲ့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ၊ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကလည်း

Saturday, July 4, 2015

ဘာသာတရားရဲ့ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင် ပုံဖော်နေတာပဲ။

အစွန်းရောက်ခြင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကိုစော်ကားနေခြင်းက ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားနဲ့ မသက်ဆိုင်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားကမှ အစွန်းရောက်ခြင်းဆိုတာမရှိသလို၊ အခြားဘာသာတရားတွေကို စော်ကားရမယ်လို့လည်း လမ်းမညွှန်ခဲ့ဘူး။ ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေလည်း အစွန်းမရောက်ကြသလို၊ အခြားဘာသာတွေကို စော်ကားနေတယ်ဆိုတာလည်းမရှိဘူး။

Friday, July 3, 2015

မှုံပြပြဝေး..ဝေးနေဆဲ။

အာဃာတမွေး
သံသယအတွေးနဲ့
အစွန်းရောက် အမျိုးသားရေး
မဖျောက်သေးသမျှ
ငြိမ်းချမ်းရေးခရီး
အလှမ်းဝေးပြီး
ဒီမိုကရေစီအရေးလည်း(လဲ)
မှုံပြပြဝေး..ဝေးနေဆဲပဲ။
______________________________
m•y•O•e•w•y•n•n _ 3 . 7 . 2 0 1 5

သူ့ဆန်စား ရဲမှ

သူ့ဆန်စား ရဲမှ
ဆိုတဲ့စကားပုံကြီး
လွှဲ လွှဲ ချမနေပါနဲ့ဗျာ။
မင်းတို့မှာ
ဥဏှောက်ရှိတယ်ဆိုရင်
ဥဏှောက်လေးလည်း
ထုတ်သုံးကြစမ်းပါ။

ခုံနေရာမြဲဖို့ ကြိုးဆွဲရာကတုန်း

လူ့အန္ဓများ
======
အပုတ်ကောင်စိန်စီဖို့
ရုပ်တရားကို ယုတ်တဲ့စိတ်နဲ့တုပ်
ရုပ်နာမ်အဆစ်ပြုတ်ရင်
ဒင်းတို့အထုပ်ထဲ ဘာပါမှာမို့လဲ ။
ခြေတရွတ်ဆွဲရတဲ့ကြားထဲ
ရတာ ဆွဲချင်တုန်း
နှလုံးခုံသံ ကျားကန်ထားရတဲ့ကြားထဲ

လူထုအသံ၊ လူထုဆန္ဒ ဘယ်လဲ၊ ဘာလဲ။

ပြည်သူ့အသံ၊ လွှတ်တော်အသံ။
ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။
လူထု ၅ သန်းကျော် 
လက်မှတ်ထိုးတောင်းဆိုထားတဲ့
လူထုအသံ၊ လူထုဆန္ဒ
ဘယ်လဲ၊ ဘာလဲ။
* နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ
နိုင်ငံသားတွေဆီက
ဆင်းသက်ဖို့အတွက် ဆိုရင်.....

MPT Simcard နဲ့ အ၀င်ပဲလက်ခံချင်တယ်၊

MPT Simcard နဲ့ အ၀င်ပဲလက်ခံချင်တယ်၊
Handset နှစ်ခု သုံးခုမကိုင်ချင်သူများအတွက်။
Dual Simcard သုံးလို့ရမယ့် Handset တစ်ခုတော့လိုမယ်၊
Dual Simcard သုံလို့ရတဲ့ Handset ရဲ့ 
(A) First Slot (Sim -1 ) နေရာမှာ Ooredoo Simcard (သို့) Telenor Simcard ထဲ့ပါ။
(B) Second Slot (Sim-2) နေရာမှာ MPT Simcard ထဲ့ပါ။
(C) 1331 ကို CF ရိုက်ပြီး၊ MPT Simcard နဲ့ Massage ပို့ပါ။
(D) ဖုန်းကို Restart လုပ်ပါ။
(E) Call Setting ရဲ့ Call Forwarding မှာ First Slot (Sim -1 ) မှာထဲ့ထားတဲ့ Ooredoo (သို့) Telenor ဖုန်းနံပါတ်ကိုရိုက်ထဲ့ပါ။
(F) Power Off လုပ်ပြီး၊ MPT Simcard ကိုထုတ်လိုက်ပါ။
MPT Simcard နံပါတ်ကိုခေါ်တဲ့ Call အားလုံး Ooredoo (သို့) Telenor သို့ လွှဲပြောင်းပေးလိမ့်မည်။
MPT က ဘယ်လောက်ဖြတ်မလဲတော့ မသိပါ။
______________________________
m y O e w y n n _ 2 4 . 6 . 2 0 1 5

ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)

ဒီမိုကရေစီကို 
ယုံကြည်၊လေးစား၊တန်ဖိုးထားပြီး
တိုင်းပြည်အတွက် 
ကိုယ်ကျိုးမဲ့ အနစ်နာခံတဲ့
ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်၊
လူထုခေါင်းဆောင်တစ်ယောက်ကို
သမ္မတမဖြစ်အောင်ပိတ်ပင်တားဆီးဖို့
အကြံအစည်နဲ့

အ ချိ န်ေ ရာ က် ပြီ ။

လူငယ်တွေလည်း
စာရိတ္တပျက်စီး၊
ပညာရည်နိမ့်ကျ။
လူထုလည်း
ဆင်းရဲမွဲတေ၊
နေစရာမြေမရှိ။
ဘာသာ သာသနာလည်း
ညှိုးနွမ်း ဂုဏ်သိမ်
သိက္ခာမဲ့။

လိုအပ်နေတာ တရားဥပဒေစိုးမိုးမှုပါ။

ဘာသာလူမျိုးအပေါ်အခြေခံတဲ့အမျိုးသားရေးနဲ့
ဒီမိုကရေစီဖော်ဆောင်မယ်ဆိုတာ မဖြစ်နိုင်ပါ။
ဘယ်လောက်ပဲ ဥပဒေတွေကန့််သတ်ပါစေ။
တရားတဲ့ဥပဒေစိုးမိုးမှုမရှိရင် အလကားပါ။
လိုအပ်နေတာ တရားဥပဒေစိုးမိုးမှုပါ။
၂၀၁၅ ရွေးကောက်ပွဲမှာတော့

လူထုမှာလည်း တာဝန်ရှိတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ
အစိုးရကို လူထုကရွေးချယ်တာ။
ဒီမိုကရေစီဆိုတာ
လူထုမှာသာ အာဏာရှိတယ်။
လူထု အင်အားကောင်းရင်
အင်အားကောင်းတဲ့ အစိုးရကိုရမယ်။
လူထု အရည်အချင်းရှိရင်
အရည်အချင်းရှိတဲ့ အစိုးရကိုရမယ်။
လူထု သွေးကွဲနေရင်
သွေးခွဲအုပ်ချုပ်တဲ့ အစိုးရကိုရမယ်။
ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့
လူထုမှာလည်း တာဝန်ရှိတယ်။
ဒီမိုကရေစီမှာ
အပြန်အလှန်ထိန်းညှိမှုဟာ
အဓိက အခြေခံအနှစ်သာရဖြစ်တယ်။
____________________________
m y O e w y n n _ 1 7 . 0 6 . 2 0 1 5

မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ

မြန်မာနိုင်ငံရဲ့
မြန်မာ့နည်းမြန်မာ့ဟန်
ဒီမိုကရေစီဟာ
ဘာသာခြားတွေအပေါ် 
သံသယစိတ်နဲ့ အာဃာတထား၊
အမုန်းပွားလို့၊ သွေးခွဲစည်းခြားဖို့
ကြံစည်လာပြီဆိုတော့
အာဏာရှင်စံနစ်
အသက်ဆက်ဖို့
ဆေးကောင်းတစ်ခွက်
ဖန်တီးနေခြင်းပေလား။

စစ်မှန်တဲ့ဒီမိုကရေစီစနစ်

လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ်ပြီးဝါဒမှိုင်းတိုက်ရင် 
ရည်မှန်းချက်နဲ့ ပန်းတိုင်ပျောက်၊ပစ်မှတ်လွဲတတ်တဲ့
လူထုအများစုရှိနေတဲ့နိုင်ငံတွေမှာ
အာဏာရှင်စနစ် ဘယ်တော့မှချုပ်ငြိမ်းမှာမဟုတ်သလို၊
စစ်မှန်တဲ့ဒီမိုကရေစီစနစ် ဖော်ဆောင်လို့မရနိုင်ဘူး။ 
@mw

အမျိုးသားသွေးစည်းညီညွတ်ရေးကသာ

'' အရေးကြီးတာက ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို အစိုးရအနေနဲ့ တာဝန်ယူကို ယူရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဖြစ်လာတာမှန်သမျှကို တာဝန်ယူရပါမယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းမှုတွေဟာ မလုံလောက်ဘူးလို့ပဲ ကျမ ထင်ပါတယ်။

ကိုယ်ချင်းစာစိတ် မဲ့နေပြီး အချိန်ကုန်ခံ မနေသင့်ပါဘူး။

လူမျိုးတွေ ကွဲပြားရင်ကွဲပြားမယ်။
ဘာသာတွေ ကွဲပြားရင်ကွဲပြားမယ်။
ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ ကွဲပြားရင်ကွဲပြားမယ်။
အသားအရောင်၊ ဘာသာစကားနဲ့ ဆင်ယင်ထုံးဖွဲ့မှု ကွဲပြားရင်ကွဲပြားမယ်။
ကိုးကွယ်ယုံကြည်တဲ့ဘုရားတွေ တူချင်မှတူမယ်။
ဒါပေမယ့် တူညီတာတစ်ခုကတော့
လူသားအားလုံးသေခြင်းတရားကို လက်ခံယုံကြည်ကြသလို

ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်။

ကျုပ်တို့ လူ့အဖွဲ့အစည်းအတွက်
ကိုယ်ကျိုးစီးပွား ရှေ့တန်းမတင်ဘဲ၊
သစ္စာရှိရှိ၊ စိတ်စေတနာ ဖြူဖြူစင်စင်၊ 
ဇွဲကောင်းကောင်း၊ စိတ်ရှည်ရှည်၊
ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့
အများအကျိုး သယ်ပိုးမယ့်
ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်။
___________________________________
m y O e w y n n _ 0 4 . 0 6 . 2 0 1 5

ဘာ မှ ဖြ စ် လာ ဖို့ မ ရှိ ဘူး ။

လူ့အဖွဲ့အစည်းတချို့မှာ
ဘာသာတူ အချင်းချင်းတွေတောင်
အမြင် မတူရင်၊ အယူအဆ မတူရင်၊
ဓလေ့ထုံးစံ မတူရင်၊ ၀တ်စားဆင်ယင်မှုနဲ့
သွင်ပြင်လက္ခဏာ မတူရင်

သမိုင်းလိမ်တွေကြား မှိုင်းမိနေကြအုံးမှာပဲ။

ဗျတ်ဝိ၊ ဗျတ္တကို
မသိဟန်ဆောင်ပြီး
ပိဋကတ်သုံးပုံသမိုင်း
ရေးဖို့ ကြံစည်နေသရွေ့။
နေမျိုးဂုဏ္ဍရတ်(ခန်းဆပ်) မပါဘဲ
မဟာဗန္ဓုလနဲ့
ပန်းဝါတိုက်ပွဲသမိုင်း
ရေးဖို့ ကြံစည်နေသရွေ့။

တူသောအကျိုးခံစားရမှာပါ။

ဘယ်သူမဆို၊
ဘယ်အဖွဲ့အစည်းမဆို၊
မိမိ ယုံကြည်ရာ
ရည်ရွယ်ချက်၊ ရည်စူးချက်၊
ဦးတည်ချက်တွေကို
စိတ်စေတနာ ဖြူဖြူစင်စင်နဲ့
ကိုယ့်ကိုယ်ကို စမ်းစစ်၊

ကိုယ့်သမိုင်း ကိုယ်ပြင် လမ်းသစ်ထွင်ဖို့

အရေးကြီးနေလို့
သွေးစည်းကြမလား
မစဉ်းစားဘဲ
အရေးထဲ အရာပေါ်
သွေးကွဲဖို့ လှုံ့ဆော်။
အခု ခေါ်ရမှာက
အပြုသဘောဆောင်ဖို့
လက်တွေ့မှာတော့
အပျက်ဖက် ဦးတည်
မယောင်ရာဆီလူး။

ဒို့ အချင်းချင်း၊ ခေါင်းထက်နင်း၍

အမြင်ကျဉ်းမြောင်း၊ စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘ၀မှ လွတ်ပါစေ။
စိတ်ဓာတ်သေးနုပ်၊ ဥာဏ်သေးနုတ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။
ဒို့ အချင်းချင်း၊ ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်၊ စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘ၀မှ လွတ်ပါစေ။

ကျန်စစ်သားရဲ့စကား

ကျန်စစ်သားက စောလူမင်းကို
ငရမန်ကန်းလက်တွင်းက ကယ်တင်ဖို့အသွားမှာ
စောလူမင်းက ''ကျန်စစ်သား ငါ့ကို လာခိုးနေတယ်''လို့အော်တော့
ကျန်စစ်သားက စောလူမင်းကို ပြန်ပြောတဲ့စကား မှတ်မိသေးတယ်။
'' ငရမန်ကန်းရဲ့လက်ထဲမှာ ခွေးသေ၀က်သေ သေပေရော့''တဲ့။
ဒီကနေ့ ကျုပ်တို့လူ့အဖွဲ့အစည်းမှာလည်း
စောလူမင်းလိုလူတွေချည်း တွေ့ရဖန်များတော့
ကျန်စစ်သားရဲ့စကား အငှားသုံးပြီး ပြောရမယ့်ကိန်းဆိုက်နေပြီလားဗျာ။
________________________________
m y O e w y n n _ 2 5 . 3 . 2 0 1 5

ခါးတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်နေတာလား။

ကျွန်ုပ်တို့လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တစ်ချို့ တလွဲဆံပင် ကောင်းနေကြတာလား။
ဗိုလ်ချုပ်အောင်ဆန်းပြောသလို ခါးတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်နေတာလား။
ဒါမှမဟုတ် ကျွန်ုပ်တို့လူ့အဖွဲ့အစည်းအရေးထက် မိမိတို့ပုဂ္ဂလိကအကျိုး ဦးစားပေးနေကြတာလား။ ညီညွတ်စေချင်လို့ ကြိုးပမ်းကြဆိုရင် အလွဲလွဲအမှားမှား ညီညွတ်ကြတယ်။
လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ကျွန်တော်ညီငယ် တစ်ရက်မှာ ကျွန်တော့်အိမ် ရောက်လာတယ်။ ပြီးတော့ သူပြောတဲ့ပထမစကားကြောင့် ကျွန်တော်အရုပ်ကြိုးပြတ် ခံစားရပေမယ့်ဒုတိယစကားတစ်ခွန်းက ကျွန်တော့်ညီကို ကျွန်တော်လေးစားမိတယ်။

အဆိုးမြင်စိတ်နဲ့ အကြမ်းဖက်မှုတွေ

နိုင်ငံတွင်းမှာနေထိုင်ကြတဲ့
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ
စုစည်းညီညွတ်လာအောင် တည်ဆောက်ပေးနိုင်မှသာ
နိုင်ငံတော်အပေါ် အားဖြည့်တင်းရာရောက်ပြီး
ဒီမိုကရေစီနိုင်ငံ ထူထောင်လို့ရမယ်လို့
ယုံကြည်ပါတယ်။

Thursday, July 2, 2015

အမျိုးသားရေးဝါဒ သူငယ်နာ မစင်ကြသေးတာလား။

ကျွန်တော်တို့တိုင်းပြည်ကို လာမယ့်အနာဂတ်မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ရပ် ဖော်ဆောင်လိုတယ် ဆိုရင်၊ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ ထည်ထည်ဝါ၀ါနဲ့ ပေါ်ထွန်းလာစေ ချင်တယ်ဆိုရင်၊ အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး၊ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေအားလုံးအပေါ် ထားတဲ့  သဘောထားအမြင်တွေ ပြောင်းလဲဖို့လိုအပ်ပါတယ်။

          စစ်မှန်တဲ့ဒီမိုကရေစီဆိုရင် ဥပဒေစိုးမိုးရေးရှိရမှာ ဖြစ်တဲ့အပြင် လူတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လူ့အခွင့်အရေးကို အရေးထားလေးစားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့ ဥပဒေတစ်ခုတည်း အောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။ ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရဲ့ ဘက်တော်သားတွေကတော့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေး ဆိုတဲ့မူကို လက်ကိုင်ထားကြတယ်။ ဥပဒေစိုမိုးရေး စကားတွေကိုသာ တွင်တွင်ပြောလာကြတယ်။

လူမျိုးရေး၊ ဘာသာရေး စွက်ဖက်မှုကင်းတဲ့ နိုင်ငံရေးဖြစ်အောင် ကြိုးစားကြ

ဒီမိုကရေစီကို ပါးစပ်အရသာခံပြောနေရုံနဲ့တောာ့ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ လွယ်လွယ်ကူကူ ဖြစ်မလာနိုင်ပါဘူး။ အလုပ်တွေအများကြီး ဒီထက်ပို လုပ်ကြရအုံးမယ်။ အများကြီးကြိုးစား ရအုံးမယ်။ အများကြီးပြင်ကြရအုံးမှာ ဖြစ်ပါတယ်။

          ကျွန်တော်တို့တိုင်းပြည်မှာ အခုမှ ဒီမိုကရေစီကို ပြောင်းလဲဖို့ကြိုးစား တည်ဆောက်နေတာပါ။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့အတွက် စမ်းသပ်ကာလဖြစ်ပါတယ်။ စမ်းသပ်ကာလဆိုတာ အဆင်ပြေရင် ဆက်သွားမယ်။ အဆင်မပြေ ရင်တော့ ဘာဖြစ်လာမလဲ မသေချာသေးတဲ့ သဘောသက်ရောက်နေပါတယ်။

ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ သွေဖည် မသွားဖို့ဆိုတာ အားလုံးမှာ တာဝန်ကိုယ်စီရှိတယ် ဆိုတာတော့ သတိရှိစေချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်ပြောင်းလဲလိုတယ်၊ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်ရောက်အောင် တက်လှမ်းလိုတယ်ဆိုရင်တော့ ပြည်သူလူထုတစ်ရပ်လုံးက သတိဝိရိယရှိရှိ လုံ့လစိုက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

Wednesday, July 1, 2015

အမျိုးသားရေးဝါဒ အတုအယောင်(သို့) အာဏာတည်မြဲရေး နောက်ဆုံးခံတပ်။-

ကမ္ဘာ့ပေါ်မှာရှိတဲ့ အာဏာရှင်တွေ အုပ်ချုပ်တဲ့နိုင်ငံတွေ အတော်များများမှာ အာဏာကို ချုပ်ကိုင်ထားလိုတဲ့၊ အာဏာကို လက်မလွှတ်လိုတဲ့၊ အာဏာကို မတရားတဲ့နည်းနဲ့ သိမ်းပိုက်ထားလိုတဲ့ အာဏာရှင်အစိုးရတွေဟာ လူထုရဲ့အာရုံစူးစိုက်မှုတွေ သူတို့ဘက် လှည့်မလာဖို့အတွက် လူထုကို အချင်းချင်း သွေးခွဲ သပ်လျှို ရန်တိုက် ပေးထားလေ့ ရှိပါတယ်။ လူထုကို သွေးခွဲ သပ်လျှို ရန်တိုက်ပေးဖို့ အတွက် အာဏာရှင်တို့ ခေတ်အဆက်ဆက် လက်ကိုင်ထား အသုံးချလေ့ရှိတဲ့ နည်းစနစ်ကတော့ အမျိုး ဘာသာ သာသနာလို့ ခေါင်းစဉ်တတ်ထားပြီး အမျိုးသားရေးဝါဒဆိုတဲ့ လူထုသည်းခြေကြိုက် စကားလုံးပါပဲ။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ အမျိုးသားရေးရဲ့အဓိပ္ပာယ်ကို

Sunday, May 31, 2015

ဘာသာရေးခေါင်းစဉ်အောက်က နိုင်ငံရေးထောင်ချောက်

ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတွေက ဘယ်လူမျိုးကိုမှ အနှောက်အယှက်မပေးပါဘူး၊ မရှုပ်ထွေးစေပါဘူး။ ဘာသာတရားတွေကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေလို့၊ ဘာသာတရားကို အကြောင်းပြုပြီး အသက်မွေး ၀မ်းကြောင်းပြုနေကြလို့ (နောက်တစ်နည်းပြောရရင်) ဘာသာရေးခေါင်းစဉ်တပ်ပြီး မိမိတို့ ကိုယ်ကျိုးစီးပွားအတွက်
လုပ်စားနေကြလို့ ရှုပ်ထွေးနေတာပါ။

အတိတ်သမိုင်းကို မမေ့ကြဘဲ သင်ခန်းစာယူသင့်ကြပါပြီ။

ကျွန်ုပ်တို့ တိုင်းပြည်မှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ လူအဖွဲ့အစည်းတွေဟာ ရှေးခေတ်အဆက်ဆက် ကတည်းက တစ်ခုနဲ့တစ်ခု အင်မတန်နီးနီးကပ်ကပ် ချိတ်ဆက်နွယ်ယှက်နေကြပေမယ့် ယခုလို အမှောင်ခေတ်ရဲ့ စနစ်ဆိုးကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီစနစ် ပြောင်းလဲဖော်ဆောင်ဖို့ လူထုက တောင်းဆိုတိုက်ပွဲ ၀င်လာချိန်ကစပြီး အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ဖျက်ဆီးမှုအင်အား၊ အမုန်းတရား အင်အားတွေ တိုးပွားလွန်းနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ရပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင် ကြိုးစား။


ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ်ဆိုး အောက်မှာ ဖြတ်သန်းလာခဲ့ ရတာပါ။ နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ် ၀က်ကျော် အမှောင်ခေတ်ထဲမှာ ဖြတ်သန်းခဲ့ ရတာပါ။ ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း အမှောင်ဖုံးနေခဲ့ကြ ရတာပါ။ အခု မကြာသေးခင်ကမှ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေတာဖြစ်ပါတယ်။

ကျွန်တော်တို့တတွေအတွက်လည်း ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆ တွေ အလင်းရဖို့ ၊ အမြင်ရှင်းဖို့၊ အတွေးခေါ်တွေမြင့်မားဖို့၊ အယူအဆတွေ ဆန်းသစ်ဖို့ လမ်းစပွင့် လာနေတဲ့ အချိန်ပါ။ အသွင်ကူးပြောင်းတဲ့ကာလတွေမှာတော့ အခက်အခဲတွေ၊ ပြဿနာတွေ လူမျိုးရေးပဋိပက္ခတွေ ကြုံတွေ့နေရတာတော့ အမှန်ပါ။

ခေတ်ဟောင်းစံနစ်ဟောင်းက စိတ်ဓာတ်ဟောင်းတွေ တော်လှန်ကြပါစို့

ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖော်ဆောင်နေတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားဖို့နဲ့ ကာကွယ်ဖို့ကလည်း အဓိက အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ် ကာကွယ်ဖို့အတွက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့၊ ဒီမိုကရေစီကို တိုက်ခိုက်တဲ့၊ ဒီမိုကရေစီကို ပျက်စီးစေတဲ့ အတွေးအခေါ်တွေ အယူအဆတွေ ဖျောက်ရပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင် ကြိုးစားရပါမယ်။

စစ်မှန်တဲ့ဒီမိုကရေစီကို မျှော်လင့်ခြင်း


လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်ဖြစ်၊ အုပ်ချုပ်ခံဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ်၊ အလုပ်သမားဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ်၊ လူမဲဖြစ်ဖြစ်၊ မြို့သားဖြစ်ဖြစ်၊ တောသားဖြစ်ဖြစ်၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘယ်ယုံကြည်ချက်ရှိရှိ၊ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ မျှော်လင့်ခြင်းဆိုတာရှိကြစမြဲပါ။

လှည့်ပတ် ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေ


ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင် ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေ စွဲလမ်း ဆုပ်ကိုင်ထားတာ ဟောင်းနွမ်း ဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိပါတယ်။

စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်းကျသူတွေ ဖြစ်သင့်တယ်။


ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ကိုးကွယ် ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာ ဓမ္မတာပဲ။  ဘယ်နိုင်ငံမှာ နေနေ၊ ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့ လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ မကိုးကွယ်ချင်ရင်လည်း ရပါတယ်။ ဒါ လူတိုင်းရဲ့ လွတ်လပ်မှုပဲ။ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။

ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းဖြစ်ဖို့

ကျွန်တော်တို့တိုင်းပြည်အနေနဲ့ အပြောင်းအလဲဆီ ဦးတည်ပြောင်းလဲလျှောက်လှမ်းလာခဲ့တာ နှစ်ပေါက်ခဲ့ပါပြီ။ အဆိုးမြင်သူ တစ်ချို့ကတော့ အားမလိုအားမရ အခြေအနေမျိုး ဝေဖန်ရှိနေကြဆဲပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ အတိုက်အခံ ကောင်းတစ်ယောက်ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ရာပြည်သူလူထုကလည်း ပြည်သူလူထုကောင်း ပီသဖို့ တော့လိုပါတယ်။ ပြည်သူလူထုဖက်ကလည်း ညီညီညွတ်ညွတ်နဲ့၊ သဘောထားမှန်မှန်နဲ့၊ စည်းစည်းလုံးလုံးနဲ့၊ စည်းကမ်းရှိရှိနဲ့ ပူးပေါင်းပါဝင်ဖို့တော့ လိုပါတယ်။

Tuesday, May 19, 2015

ပြည်ထောင်စုသား မွတ်စလင်မ်များတို့


နှစ်ပေါင်းများစွာ
အလေးမထား 
ငုတ်တုတ်ထိုင်နေကြသူတွေကြား
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အင်ကိုယ့်အားနဲ့
ထရပ်ဖို့ကြိုးစားတဲ့ လူတစ်စုကို

ငုတ်တုတ်နေနေတာတွေကို ရှောင်စမ်းပါ။


ကျုပ်က ခင်ဗျားတို့ကို ထွက်ခဲ့ကြလို့ ခေါ်တုံးက
ကျုပ်ရဲ့လျှာကို ဟက်တက်လှီးခဲ့တာ ခင်ဗျားတို့ပဲ။
ကျုပ်ရဲ့ ကလောင်ကို ဝင့်ခဲ့တုံးကလဲ ခင်ဗျားတို့ပဲ
ကျုပ်ရဲ့လက်တွေကို ဖြတ်ပစ်ကြတာလေ။
ကျုပ်လှမ်းလျှောက်ဖို့ ကြိုးစားတော့လဲ
ကျုပ်ရဲ့ခြေထောက်တွေကို လွှနဲ့တိုက်ခဲ့ကြတယ်လေ။

ထိုင်ခုံပျောက်မှာ စိုးကြောက်နေသူတွေ


မီးများ မီးနိုင်၊ ရေများ ရေနိုင် ဆိုတာကိုတော့
ကြားဖူး၊ မြင်ဖူးခဲ့တာကြာခဲ့ပါပြီ။
အခု ကြားနေ၊ မြင်နေရတာကတော့
မိမိကိုယ်ကျိုးစီးပွားအတွက်
မိမိတို့ လူ့အဖွဲ့အစည်းကို
နှစ်ပေါင်းများစွာ လစ်လျူရှုထားပြီး

Wednesday, May 13, 2015

အာဏာရှင်ဟောင်းတို့ရဲ့ အကြံအစည်ပဲ။


၉၆၉ မီဒီယာထောင်၊ အမုန်းပွားအောင်လှုံ့ဆော်တရားတွေဟောနေတဲ့ အရှင်ဝီရသူ။
လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကနေ လူထုအချင်းချင်းကြား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင်လှုံ့ဆော်နေတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေ။ မျိုးစောင့်ဥပဒေပေါ်ပေါက်လာရေး အမုန်းစကားတွေဖြန့်ချိနေတဲ့ ဓမ္မစက္က ဦးမောင်မောင်။

ပြည်ထောင်စုပြိုကွဲသွားမှာကို လုံးဝမလိုလား


ပြည်ထောင်စုသားမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ ပုဂံခေတ်ကစလို့ ခေတ်အဆက်ဆက် တိုင်းပြည်အပေါ်သစ္စာရှိရှိနဲ့ ရွတ်ရွတ်ချွံချွံပါဝင်ပြီး တိုင်းပြည်အကျိုးသည်ပိုးခဲ့သလို ပြည်ထောင်စုကနေ ခွဲထွက်ရေး ဘယ်တုန်းကမှ မကြိုးစားခဲ့ကြဘူးဆိုတာ သမိုင်းကသက်သေပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးအကြိုဖြစ်တဲ့ အောင်ဆန်းအက်တလီ စာချုပ် ချုပ်ဆိုဖို့ အင်္ဂလန်ရောက်နေတဲ့အချိန် ရှမ်းစော်ဘွားတွေက ဗိုလ်ချုပ်အောင်ဆန်းက မိမိတို့ရဲ့ကိုယ်စားလှယ် မဟုတ်ဘူး။ ဗမာတွေရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုပြီး အင်္ဂလန်ကိုလှမ်းပြီး ကန့်ကွက်ခဲ့တဲ့အပေါ် ဗိုလ်ချုပ် အခက်အခဲကြုံနေတဲ့အချိန်မှာ ဗမာမွတ်စလင်မ်ဦးဖေခင်ဟာ

ကျဆုံးရေးလမ်းကြောင်းဆီ ဦးတည်နေမှာပါပဲ။

လူ့အဖွဲ့အစည်းတိုင်းမှာ ကိုယ်ကျိုးရှာသမားတွေ၊ 
အစွန်းရောက်သမားတွေ၊ ကျပ်မပြည့်တဲ့သူတွေ၊ 
ဘေးထိုင်ဘုပြောသူတွေနဲ့ တာဝန်သိမှု၊ 
တာဝန်ယူလိုမှု၊ တာဝန်ခံမှု၊ တာဝန်ကျေပြွန်အောင် 
စွမ်းဆောင်မှုမရှိတဲ့သူတွေ များပြားလာပြီဆိုရင် 
အဲဒီ လူ့အဖွဲ့အစည်းဟာ ကျဆုံးရေးလမ်းကြောင်းဆီ ဦးတည်နေမှာပါပဲ။
_____________________________
m y O e w y n n _ 0 1 . 0 5 . 2 0 1 5

အစွန်းရောက် အမျိုးသားရေးနဲ့


ဒီမိုကရေစီဆိုတာ လူမျိုးရေး၊
ဘာသာရေးခွဲခြားမှုမရှိဘဲ၊
လူသားဝါဒအခြေခံပြီး၊
လူသားတိုင်း တန်းတူညီတူအခွင့်အရေး
ရပိုင်ခွင့်ရှိစေတဲ့ ၀ါဒတစ်ရပ်၊
လမ်းစဉ်တစ်ရပ်၊ ကျင့်စဉ်တစ်ရပ်ပါ။

ကောင်းတဲ့အပြုအမူ မဖြစ်နိုင်ပါ။


လူတစ်ယောက်၊
အုပ်စုတစ်စု
ဒါမှမဟုတ်
လူ့အဖွဲ့အစည်းတစ်ရပ်က
ဘာတွေ လုပ်နေသလဲ?
ဘယ်လို လုပ်နေရသလဲ?

ထိုင်ခုံပျောက်မှာ စိုးကြောက်နေသူတွေ


မီးများ မီးနိုင်၊ ရေများ ရေနိုင် ဆိုတာကိုတော့
ကြားဖူး၊ မြင်ဖူးခဲ့တာကြာခဲ့ပါပြီ။
အခု ကြားနေ၊ မြင်နေရတာကတော့
မိမိကိုယ်ကျိုးစီးပွားအတွက်
မိမိတို့ လူ့အဖွဲ့အစည်းကို
နှစ်ပေါင်းများစွာ လစ်လျူရှုထားပြီး

Friday, April 17, 2015

စိတ်ဓာတ်အသစ်နဲ့ နှစ်သစ်ကိုကြိုဆိုကြပါစို့လား။


ငါ့တိုင်းပြည်၊ ငါ့ဒေသ၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့ယုံကြည်မှု၊ ငါ့ကိုးကွယ်မှု၊
ငါ့ယဉ်ကျေးမှု၊ ငါ့ဘာသာစကား၊ ငါ့ဝတ်စားဆင်ယင်မှု၊ ငါ့သွေးငါ့သား၊ ကိုယ့်မိသားစု၊ ငါ့ပါတီ၊ ငါ့အုပ်စု၊ ငါ့အဖွဲ့အစည်းစတဲ့ ငါဆိုတဲ့အတ္တတွေ တသီတတန်းနဲ့ နှစ်သစ်ကိုကြိုဆိုကြမှာလား။
ဘယ်တိုင်းပြည်၊ ဘယ်ဒေသကိုမဆို၊ ဘယ်လူမျိုး၊ဘယ်ဘာသာကိုမဆို၊

ဒီနှစ်သင်္ကြန် (၂၀၁၅)


*အကြိုနေ့
ပဲခူးမှာဖွင့်လှစ်တဲ့ သင်တန်းတစ်ခုအသွား
လမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များ
တူးပို့တူးပို့သီချင်းသံ မကြားရ
ဗြိတိသျှတေးသွား၊
မလုံ့တလုံ ၀တ်စားပြီး
ခုန်ကြပေါက်ကြ မြူးမြူးကြွကြွ၊

Tuesday, April 14, 2015

သူရဲဘောကြောင်သူတွေဖြစ်တယ်။

မှန်မှန်၊ မှားမှား
မိမိလူ၊ မိမိအုပ်စု၊ မိမိလူ့အဖွဲ့အစည်းဘက်ကပဲ
ရပ်တည်မယ်၊ ထောက်ခံမယ်ဆိုတဲ့
သမာသမတ်မရှိသူတွေဟာ
မိမိလူ၊ မိမိအုပ်စု၊ မိမိလူ့အဖွဲ့အစည်းကို
အပျက်လမ်းဆီ တွန်းပို့တာပဲ။

ဘယ်တော့မှ မရနိုင်ဘူး။

လူတစ်ယောက်ရဲ့
ကိုယ်ခန္ဓာကို နှိပ်စက်လို့ ရချင်ရမယ်။
လူတစ်ယောက်ရဲ့
အရိုးတွေကို
ရိုက်ချိုးပစ်လို့ ရချင်ရမယ်။

အသင့်အနေအထားပဲ ရှိနေမှာပါ။

ဓားတွေထက်ဖို့ ဓားသွေးကျောက်ဟာ
ချိုင့်ဝင်သွားတာခံရတယ်။
ဓားသွေးပြီးရင် ဓားဘယ်လောက်ထက်သလဲပဲကြည့်ကြတာ။
ဓားသွေးကျောက် ဘယ်လောက်ချိုင့်ပြီး ကျန်ခဲ့တယ်ဆိုတာ
ဘယ်သူမှ လှည့်မကြည့်ကြပါဘူး။

နောက်တစ်မျိုးပြောင်း

ခေါင်းလောင်းနဲ့နဂါး
အများရိုးသွားတော့
နောက်တစ်မျိုးပြောင်းဖို့
အောင်သောင်းရဲ့အပေါင်းအပါများ
တီထွင်ထားတဲ့စကားဟောင်း
ခေါင်းပေါင်းနဲ့ ကုလားကို
RSOအကြမ်းဖက်သမားလို့ဆို
အိုဘားမားကို သူတို့လှည့်စား။
________________________________
m y O e w y n n _ 1 1 . 1 1 . 2 0 1 4

လူထုအားလုံးပူးပေါင်းပြီး ၀ိုင်းဝန်းလုပ်မှသာ ရနိုင်မှာပါ။

ကမ္ဘာကြီးမှာ လူတိုင်းကွဲပြား ခြားနားတဲ့ယုံကြည်မှု၊ ယဉ်ကျေးမှုတွေရှိပါတယ်။ အဲဒီမတူညီမှုတွေကို တစ်ဦးနဲ့တစ်ဦး ဖလှယ်ပြီး အတူတူလက်တွဲလုပ်ဆောင်ကြဖို့ အင်မတန်အရေးကြီးပါတယ်။ လူတိုင်း လူတိုင်းအနေနဲ့ စိတ်ရှည် သည်းခံပြီး၊အတူတကွ နေထိုင်ကြဖို့ အရေးကြီးတယ်။ တစ်ယောက်ကို တစ်ယောက် အားပေးကြဖို့လည်း လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြဖို့နဲ့ စိတ်ရှည် သည်းခံစွာရပ်တည်နိုင်ဖို့ လိုပါတယ်။ သည်းခံနိုင်ဖို့ အရေးကြီးဆုံးပါပဲ။

နိုဝင်ဘာလ၊ တစ်ဆယ့်ခြောက်ရက် ။

ကျွန်ုပ် လောကကြီးထဲသို့ ခေတ္တ၀င်ရောက်လာခဲ့သည့် နှစ်တစ်နှစ် တိုးသွားပြန်ပါပြီ။
ကျွန်ုပ် လောကကြီးထဲတွင် နေထိုင်နိုင်ရန် နှစ်တစ်နှစ် လျော့နည်းသွားပြန်ပါပြီ။
ကျွန်ုပ် လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားရန်လည်း နှစ်တစ်နှစ် နီးကပ်လာပြန်ပါပြီ။
ကျွန်ုပ်အား အသက်နှင့်ရင်းပြီး ပြင်းထန်တဲ့ဝေဒနာ ဒုက္ခကြီးစွာခံ၍ မွေးဖွားပေးခဲ့သည့်
ကျွန်ုပ်၏ ချစ်လှစွာသောအမေလည်း လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားခဲ့လေပြီ။

ကျဉ်းမြောင်းတဲ့အမြင်တွေ

ဘာသာရေးသမားတွေဟာ 
ကိုယ်ဘာသာမဟုတ်ရင် 
ဂရုမစိုက်ကြဘူး။
ဒါဟာ သေးသိမ်တဲ့ စိတ်သဘောထားတွေပဲ။
ဂိုဏ်းဂဏကွဲလို့ 
သာသနာကျရတယ်။

ဘာသာတရားတို့၏ ပြင်ပမှဖြစ်သည်။

ကမ္ဘာပေါ်တွင် ပွင့်ပေါ်ခဲ့သမျှသော
မည်သည့် အလင်းပြတမန်တော် မနုဿဘုရားရှင်များမျှ
အစွန်းရောက်ဝါဒီများ မဟုတ်ကြပါ။
ကမ္ဘာပေါ်တွင် ထွန်းလင်းတောက်ပခဲ့သည့်
မည်သည့် ဘာသာတရားများမျှ
အစွန်းရောက်ဝါဒများ မဟုတ်ပါ။

လူသားဆန်မှု၊ စာနာ နားလည်မှု

ဘာသာတရားတိုင်းမှာ
လူသားဆန်မှု၊ စာနာ နားလည်မှု ကို
ဦးစားပေး သွန်သင်ဆုံးမခဲ့ကြတယ်။
ဗုဒ္ဓဘာသာမှာ
ရှင်တော်ဂေါတမမြတ်စွာဘုရားက
တခြားသူ မြားစူးနေတာကို
ကိုယ်ကိုယ်တိုင် မြားစူးသလို

သမိုင်းက ပြောင်းသွားမှာတဲ့လား။

ဦးထုတ်ချွတ်ပြီး
ခေါင်းပေါင်းစွတ်လို့ ရချင်ရမယ်။
ဘောင်းဘီချွတ်ပြီး
ချိတ်ထမီဝတ်လို့ ရချင်ရမယ်။
၅၉(စ)မပြောင်းချင်လို့
မွတ်စလင်မ်ကိုထောင်းလို့ ရချင်ရမယ်။

အသိ သတိလေးကပ်ပြီး အစွန်းတရားတွေရှောင်

နိုင်ငံရေးမှာ ပရိယာယ်ရှိတယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ရိုးသားတဲ့ပရိယာယ်နဲ့ ယှဉ်သင့်တယ်။ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတာ ဘာသာရေး သက်သက်ပဲဖြစ်ဖို့၊ အစွန်းတရားလွတ်ဖို့နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေး Agenda တွေနဲ့ ရောထွေးလာရင် ဘယ်လိုမှ သင့်လျော်မှာမဟုတ်သလို ကောင်းတဲ့အကျိုးရလဒ်တွေထက် ဆိုးကျိုးတွေကိုပဲ ဦးတည်သွားနိုင်တယ်။

အာဏာရှင်စံနစ် ခေါင်းထောင်လာတတ်တယ်။

ဒီမိုကရေစီစနစ် ပြောင်းလဲဖော်ဆောင်ရေးမှာ
မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ၊
အချုပ်အခြာအာဏာ၊
အမျိုး ဘာသာ သာသနာ စတဲ့