Home

Wednesday, March 27, 2013

မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း......

မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း  မွေးလာတဲ့ယောင်္ကျားလေးဆို အရေပြားလှီးမင်္ဂလာလုပ်ဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း  အဲဒီခလေးအတွက်ရည်စူးပြီး မရှိဆင်းရဲသားတွေကို လှူဗျာ။
မုစ်လင်မ်ကို ယှဉ်ချင်ရင်လည်း  ခလေးအရွယ်ကတည်းက လိမ္မာယဉ်ကျေးအောင် 
ဘာသာရေးစာသင်ကျောင်းပို့ပြီး ၃၈ဖြာမင်္ဂလာတွေ ဘာတွေ သင်ဗျာ။

ပြန်ကြစို့ အမေရယ်( If i m son of her )

အမေ
လာ အထုတ်အပိုးတွေပြင်
သားနဲ့ အင်္ဂလန်ပြန်ကြစို့။

အိမ်အိုကြီးလဲ ပြစ်ထားခဲ့
အခု အမေ့ အသက် ၆၇
နောက် ထပ် နှစ်၃၀ လောက် ဖြေရှင်းရင်တောင်
အမေ
ရှင်းပေးနေရတဲ့ပြဿနာတွေက
လျှော့မသွားပဲ
ထပ်တိုးလာဖို့ပဲရှိတယ်။

ဓမ္မဂင်္ဂါ ကို့တ်( Quote) ဋီကာ



ယမန်နေ့က ရင်းနှီးသော အွန်လိုင်းမိတ်ဆွေဒကာ၊ဒကာမများက စကားဝိုင်းတစ်ခုသို့ ၀င်ရောက်ဆွေးနွေးရန် ပင့်ဖိတ်ခဲ့ကြသည်။ 
သို့နှင့် အောက်ဖော်ပြပါဝါကျအချို့အပါအ၀င် စကားအချို့ကို ပြောဖြစ်ခဲ့ပါသည်။ 
ထိုစကားများကိုပင် ဒကာဝိက ရည်ညွှန်းကိုးကား စကားအဖြစ် အွန်လိုင်းနံရံပေါ် ချိတ်ဆွဲဖြန့်ဝေခဲ့ပါသည်။
သေချာစေငုအောင် ဖတ်ရှုကြသော ပရိသတ်တို့က နားလည်နှစ်ခြိုက်ကြသော်လည်း ဘာသာမျိုးချစ်စိတ်ကြီးမားပြီး သွေးပူ သွေးဆူတတ်ကြသော လူငယ်(ဟုထင်ရသူ)များက
 စကားလုံးအချို့ကို မိမိတို့လိုသလို အဓိပ္ဗါယ်ကောက်ယူဘာသာပြန်ကာ ဆန့်ကျင်ဘက်တုန့်ပြန်မှုအချို့ပြုလုပ်ကြသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။

Tuesday, March 26, 2013

အာသောကမင်းကြီး ရဲ့ စတုသီဟနာဒ ကျောက်တိုင် (The Lion Capital of Ashoka)


အခု နာမည်ကျော် ၉၆၉ တံဆိပ် မှာ အလယ်ဗဟို က ရှိနေတဲ့ အာသောက မင်းကြီး ရဲ့ စတု သီဟနာဒ ကျောက်တိုင် (The Lion Capital of Ashoka) ဟာ အိန္ဒိယနိုင်ငံ ဥတ္တရာပ ရာဒေရှ် ပြည်နယ် ဆာရာနာသ် ဒေသ မှာ ရှိနေပါတယ်။ ဘီစီ ၂၅၀ ခန့် လောက် မှာ စိုက်ထူခဲ့ တဲ့ ဒီ ကျောက်တိုင် ကို အသောကမင်းကြီး ဗုဒ္ဓဓမ္မ ကို ကူးပြောင်းယုံကြည်ခဲ့ တာ နဲ့ သာသနာပြု လုပ်ငန်းတွေ လုပ်ခဲ့တာ တွေ ရဲ့ အမှတ်သင်္ကေတ အဖြစ် ပညာရှင်တွေ က သုံးသပ် ကြပါတယ်။

ဒီ အာသောက မင်းကြီး ရဲ့ စတု သီဟနာဒ ကျောက်တိုင် (The Lion Capital of Ashoka) ဟာ အိန္ဒိယနိုင်ငံ ရဲ့ အမျိုးသား အမှတ်သရုပ်လဲ ဖြစ် ပါတယ်။ အာသောက ဟာ အိန္ဒိယ ကို ပထမဆုံးစုစည်းနိုင်ခဲ့ တဲ့ ဧကရာဇ် ဖြစ်သလို လောကပါလဓမ္မ တွေ နဲ့ အညီ အုပ်ချုပ်ခဲ့ ရဲ့ စံပြဘုရင်တစ်ပါး ဖြစ်လို့ ပါ။ အိန္ဒိယအလံ ဟောင်း မှာ ဒီ ကျောက်တိုင် တစ်ခု လုံးပါ ပြီး အခု အလံသစ်မှာ တော့ ဓမ္မစကြာဘီး ပုံ ပဲ ပါ ပါတော့ တယ်။

ငရဲသားကြီး မြို့ထဲဝင်နေပြီ။


အမှောင်ထုဟာ
တစတစကြီးစိုးလို့ လာပြီ။

သဂြိုင်းကုန်းထဲက..
ငရဲသား ကြီးတကောင်ထွက်လာပြီ။
ငရဲသားကြီး နဲ့အတူ
သွေးစုတ်ဖုတ်ကောင်များ၊
သရဲသဘက်များဟာ  
မိစ္ဆာဝင်ရိုးတန်း ဖွဲ့လိုက်ကြပြီ။

ငရဲသား ကြီးဟာ အတိတ်ဆိတ်ဆုံးခြေလှမ်းများ နဲ့ 
မြို့ထဲကိုဝင်လာပြီဟေ့
အားလုံးသတိထားကြ။

Sunday, March 24, 2013

မိတ္ထီလာ- (ခရမ်းပြာထက်လူ)


ဘုရားပျက် ကျောင်းပျက် မြို့ပျက် ဘ၀ပျက်
တရားပျက် ဓါးတစ်လက်ကိုယ်စီနဲ့ စာရိတ္တပျက်
ကိုယ့်ဓါးစက်အောက်ကိုယ်ပြန်ရောက်ခဲ့ကြတာလား။

ဒီမြေကို မျက်ရည်နဲ့ဆေးရမယ်လို့များ
ဒီမြေကို သွေးနဲ့ဆေးရမယ်လို့များ ဗျာဒိတ်ပေးခဲ့သလား။

ရှင်တော်ဂေါတမဗုဒ္ဓ၏ လူသားဝါဒ

ရှင်တော်ဂေါတမဗုဒ္ဓ၏ ဝါဒအရ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဘို့အရေးသည် အလွန်တရာခက်ခဲပြီးလျှင် လူသားဘဝကို ရရှိခြင်းသည်လည်း တန်ဘိုးအရှိဆုံးသော အခွင့်အရေးကို ရရှိခြင်းပင်ဖြစ်၏
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်း ခဲယဉ်း၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။
သံယုတ္တနိကာယ် ပါဏသုတ်တွင်လည်း သမုဒ္ဒရာအောက်ခြေတွင် နေထိုင်သော မျက်လုံးတစ်ဖက်ကန်းနေသည့် လိပ်တစ်ကောင်သည် နှစ်ပေါင်းတစ်ရာကြာမှ ကောင်းကင်ကိုကြည့်ဘို့ရန် အပေါ်သို့တက်လာသည့်အခါ သမုဒ္ဒရာတွင်မျောနေသော
ထမ်းပိုးတုံးမှ အပေါက်နှင့်စွပ်မိဘို့ရန် ခက်ခဲသကဲ့သို့၊ လူသားအဖြစ်ကိုလည်း ရရှိဘို့ရန်မှာ အလွန်ပင်ခက်ခဲကြောင်း ရှင်တော်ဂေါတမဗုဒ္ဓ ဟောကြားတော်မူခဲ့ပါသည်။

မင်းကိုနိုင်အတွက် ကဗျာ( ခရမ်းပြာထက်လူ)

ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် ငါ့အခေါင်း ငါတာဝန်ယူတယ်

ကမ္ဘာမြေငါ့အတွက်နဲ့ ထင်းတစ်စ မစိုက်စေရဘူး။
 
ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် ငါ့အဓိပ္ပါယ် ငါတာဝန်ယူတယ်
ကမ္ဘာမြေငါ့အတွက်နဲ့ မျက်ရည်တစ်ပေါက်မကျစေရဘူး။
 
ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် ငါ့*ပရိုဖိုင်ကိုဝင်မစီးနဲ့
ငါ့သမိုင်းနဲ့ ငါ့လိုင်းကို ငါတာဝန်ယူတယ်။
 
ဘုရားသခင်နဲ့တွေ့ချင်လို့ ဒီလမ်းကို ငါဖေါက်နေတာမဟုတ်ဘူး။

Saturday, March 23, 2013

လူမျိုးကြီး၊ဘာသာကြီး စိတ်ဓါတ်များဝင်နေသော လူမျိုးငယ်၊ဘာသာငယ် နိုင်ငံလေး


ဒီကိစ္စကို မရေးဖူးလို့ စဉ်းစားထားတာပါ .။ ဒါပေမယ့် ရေးချင်စိတ်ကို ဘယ်လိုမျှ ထိန်းမရတဲ့ အတွက် ရေးလိုက်ပါပြီ။ ကျွန်တော့် အနေနဲ့ ဘယ်ဘာသာတရားကိုမှ ဖင်းပြီး ရေးမှာ မဟုတ်သလို ။ ဘယ်ဘာသာဝင်ကိုမှ မုန်းတီး စိတ်နဲ့ရေးမှာ မဟုတ်ပါဘူး ။ လူမျိုးရေးဘာသာရေး အလွဲသုံးစားပြုသူတွေရဲ့ အသုံးမ၀င်လှမှုတွေကို ထောက်ပြချင်ယုံသက်သက်သာ ဖြစ်ပါတယ်။

အခု မိတ္ထီလာမှာ သာမာန် ပဋိပက္ခ တစ်ခုကို အရင်းပြုပြီးတော့ သွေးဆာသူတွေ ၊ ရုန့်ရင်းကြမ်းတမ်းသူတွေ ၊ အမြတ်ထုတ်လိုသူတွေက စတင်ပြီး ဘာသာရေးအဓိကရုဏ်း ၊ လူမျိုးရေး အဓိကရုဏ်းအသွင် ရောက်လာအောင် ပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။
သာမာန် ပဋိပက္ခပြဿနာကို ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ ။ အကြမ်းဖက်ခြင်း မီးရှို့ခြင်း လူသတ်ခြင်း စတဲ့ ကိစ္စတွေကို ပြုလုပ်တာဟာ အလွန် ရင်လေးဖို့ ကောင်းတဲ့ ကိစ္စရပ်တစ်ခုပါ ။

Thursday, March 21, 2013

မဟတ္တမဂန္ဓီ ရဲ့ လူသားအမြင်


"ကျွန်ုပ် - လူတစ်ဦးတစ်ယောက်ကို ဟိန္ဒူဘာသာထဲ ဝင်ပါလား၊ ခရစ်ယာန်ဘာသာထဲ ဝင်ပါလားလို့ မတိုက်တွန်းဘူး။ မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာ ယုံကြည်ကိုးကွယ်ပြီး၊ မိမိဘာသာတရားထဲက ညွှန်ကြားပြောပြတာတွေကို လိုက်နာကျင့်သုံးပါ လို့ပဲ ပြောချင်တယ်။ ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်ရင် ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်အောင်

ရှင်တော်ဂေါတမဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများမှ သွေဖီခွဲထွက်လာတဲ့


အစ္စလာမ်ဘာသာဝင်တွေရဲ့အတွဋ်အမြတ်ထားရာ ၀တ်ကျောင်းတော်တွေကို ဖျက်ဆီးနေတာ...
အစ္စလာမ်ဘာသာဝင်တွေရဲ့အသက်ကိုရန်ရှာ၊  ငြှင်းပမ်းသတ်ဖြတ်နေတာ...
အစ္စလာမ်ဘာသာဝင်တွေရဲ့အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို လုယက်နေတာ၊ မီးတင်ရှို့နေတာ...
အစ္စလာမ်ဘာသာဝင်တွေကို မွေးရပ်ဇာတိမှ ထွက်ပြေးအောင် နည်းအမျိုးနဲ့ ဒုက္ခပေးနေတာ...
အစ္စလာမ်ဘာသာဝင်တွေကို သုပ်သင်ရှင်းလင်းရန် အဓိကရုဏ်းများဖန်တီးနေတာ...
ဗုဒ္ဓဘာသာနဲ့တော့ မသက်ဆိုင်ပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်များကလည်း မနှစ်မြှို့ကြပါ။ 

Wednesday, March 20, 2013

လိမ်လည် လှည့်ဖြား လှည့်ကွက်များမှ ကင်းဝေးကြပါစေ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ ထွက်လာပါပြီအမြင်မတူသူတွေကြားမှာလည်း ကွဲပြားမှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်။
အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ဒီအစီရင်ခံစာထွက်လာရင် အားလုံးအကြိုက်ဖြစ်မယ်လို့တော့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ အားလုံးအကြိုက်တူဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့ကိစ္စပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေး နှင့် တာဝန်များ

နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ၃၆ ချက်ကို ယင်းအခန်း၌ ပြဋ္ဌာန်းထားကြောင်း သိရသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး ချိုးဖောက်ခံရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းရရှိပါက စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) အရ သိရသည်။

Monday, March 18, 2013

နိုင်ငံလုံးဆိုင်ရာညီလာခံ နောက်ဆုံးနေ့


ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတာအင်မတန်မှ အဖိနှိပ်ခံခဲ့ရတဲ့   အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ရဲ့ အမြင်မှာတော့ ကိုယ့်ယုံကြည်ချက်  အတွက် ကိုယ်အဖိနှိပ်ခံရတာကို ဂုဏ်ယူ ရမယ်။ ကျေနပ်ရမယ်။ ကိုယ့်ယုံကြည်ချက်   အတွက် ကိုယ်လုပ်တာကို ကျွန်မအမြင် မှာတော့ ကျွန်မဒီလမ်းလျှောက်တာ ကျွန်မလျှောက်ချင်လို့လျှောက်တယ်။ ကျွန်မယုံကြည်လို့ ကျွန်မရွေးတယ်။ ကျွန်မကို ဒီအတွက်ချီးမွမ်းစရာလည်း မလိုဘူး။ ကျေးဇူးတင်စရာလည်းမလိုဘူး။

နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဘယ် ငြိမ်းချမ်းရေးဆု လက်ခံရယူပြီး

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင် ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….
လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါက တခါတလေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျမ အောက်စဖို့မှာ နေနေတုန်း Desert Island Discsလို့ ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျမရဲ့သားငယ် အလက်ဇန္ဒားနဲ့ အတူတူ နားထောင်ခဲ့ဖူးတယ်။

ဝါးသင်္ခရွာက ဘောလုံးကွင်းမှာ(၁၁- ၂-၂၀၁၂)

ကျမဟာ ဒီရွာကို ပထမဦးဆုံးအကြိမ်လာတာဆိုပေမဲ့ နောင်လဲ မကြာခဏလာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။ အခု ကျမတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြန်လည်မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လှုပ်ရှားလာတာဟာ အဓိက ပြည်သူတွေရဲ့တာဝန် တွေကို ထမ်းဆောင်ပေးချင်လို့ဖြစ်ပါတယ်။ ကျမတို့ ဒီရပ်ရွာ၊ ဒီဒေသမှာ ဘယ်လိုပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို လေ့လာပြီးတော့ ကျမတို့နဲ့ ပြည်သူတွေနဲ့အတူ ကျမတို့ဖြစ်စေချင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားရမှာပါ။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ကျမတို့ဟာ နတ်၊ သိကြားလည်း မဟုတ်ဘူး။

မြစ်ကြီးနားမြို့-(မိန့်ခွန်းကောက်နှုတ်ချက်)



(၁)အနှစ်၂၀ကျော်အတွင်း ပြည်သူတွေချီတက်ချင်တဲ့ ဒီမိုကရေစီလမ်းမှာရှိနေတဲ့ အတားအဆီးတွေကို တဆင့်ပြီးတဆင့်ဖယ်ရှားဖို့ ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုမှာ အဖွဲ့ချုပ်နဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့အပြင် အခုဆိုရင် နိုင်ငံတော်သမ္မတကလည်း ၀ိုင်းဝန်းပြီး ဒီအထဲမှာ ပါဝင်လာလို့ ခရီးလမ်းတော်တော် ပွင့်လာပြီလို့ဆိုရမှာပါ။ လမ်းကပွင့်လာပြီဆိုပေမဲ့ လျှောက်ဖို့လိုပါသေးတယ်။ ဒီလမ်းကိုလျှောက်ဖို့ဆိုရင် အားလုံးကညီညွတ်ဖို့လိုတယ်။ အင်အားတောင့်တင်းဖို့လိုတယ်။ ကျွန်မအခုလာတဲ့ခရီးလမ်းမှာဆိုရင် ကလေးလေးတွေ အများကြီးတွေ့တယ်။

မိုးကောင်းမြို့-(မိန့်ခွန်းကောက်နှုတ်ချက် -၂)


ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့ အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။ဒါဆိုရင် ပြည်သူကို စော်ကားရာရောက်ပါတယ်။ လွယ်လွယ် ကတိပေးတာ၊ စိတ်ထဲကမပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်လို့ပြောတာ ပြည်သူကိုစော်ကားရာကျပါတယ်။ မဲလိုချင်တာကတော့ အမှန်ပဲ။ ဒေါ်ခင်ကြည်ကို မဲပေးကြပါလို့ ဆော်သြမှာ အမှန်ပါပဲ။ မဲတောင်းတဲ့နေရာမှာ ကျွန်မ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်နဲ့ တောင်းခံတာပါ။

မိုးကောင်းမြို့-(မိန့်ခွန်းကောက်နှုတ်ချက်-၁)


ဖေဖေါ်ဝါရီ ၂၃ ၊ ညနေ ၅နာရီခွဲ ယနေ့ မြစ်ကြီးနားမြို့ ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – စိုးဇေယျာထွန်း – Reuters)
ကျွန်မတို့ရောက်လာတာ အင်မတန်မှနောက်ကျပါတယ်။ ရန်ကုန်က လေယာဉ်ပျံထွက်တာနောက်ကျလို့ဖြစ်သွားတာပါ။ နောက်ကျပေမယ့်လည်း လာရကျိုး အများကြီးနပ်ပါတယ်။ ကျွန်မက မြို့သူမြို့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ (ဟေးးး)

လန်ဒန်ရောက် မြန်မာလူထုနဲ့ တွေ့ဆုံပွဲ


ဇွန် ၂၂၊ လန်ဒန်မှာ Prospect Burma က စီစဉ်ပေးတဲ့ မြန်မာလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲထဲက ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

“ဒီမှာရောက်နေတဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူပြည်သားတွေနဲ့ တခြား ကမ္ဘာနိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ပြည်သူပြည်သားတွေ ကျမတို့နိုင်ငံကို ဘယ်လိုပြန်ပြီးတော့ကူညီနိုင်မလဲ ဆိုတာ တစ်ယောက်ချင်း တစ်ယောက်က ကိုယ့်ရဲ့အရည်ချင်းအကိုဘယ်လို သုံးနိုင်မလဲဆိုတာမှာစဉ်းစားရမယ်။
 ကျမကို မေးတဲ့မေးခွန်းတစ်ခု ခဏခဏ ကျမကို မေးတဲ့မေးခွန်းတစ်ခုရှိပါတယ်။ ဒီချိန်မှာ မြန်မာနိုင်ငံကိုပြန်ဖို့အချိန်တန်ပြီလားတဲ့ ကျမအမြဲပြောတယ်။

လက်ပန်းတောင်းတောင်၊ကြေးစင်တောင်ဒေသခံများနှင့်တွေ့ဆုံပွဲ


  29.11.12     “ကျွန်မတို့နိုင်ငံက ဒီမိုကရေစီစနစ်ကို လျှာက်လှမ်းနေတယ်ဆိုပေမယ့် ဒီလမ်းဟာ အင်မတန်ခက်ခဲကြမ်းတမ်းပါတယ်။ဒီလမ်းဟာ ဖြူးဖြူးဖြောင့်ဖြောင့် လမ်းကြီးလည်းမဟုတ်ပါဘူး။ဒီလမ်းကိုလျှောက်ဖို့ဆိုတာ ကျွန်မတို့ပြည်သူလူထုမှာ တာဝန်တွေအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့ကံကြမ္မာကိုယ် ပြည်သူလူထုတွေ ကိုယ်တိုင် ဆုံးဖြတ်ယူဖို့ပေးထားတဲ့စနစ်ပဲ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးယူနိုင်တယ်။ဆုံးဖြတ်နိုင်တယ်။ ထမ်းဆောင်ရမယ့်တာဝန်တွေလည်းအများကြီးရှိပါတယ်။အဲဒီတော့ ဒီမိုကရေစီရဲ့

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊မကွေးမြို့

(အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၁၊ ၂၀၁၂)
 “ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေဆိုတာ မမေ့ပါနဲ့။

ကျမတို့ဟာ ပန်းတိုင် မရောက်သေးပါဘူး

ငြိမ်းချမ်းရေးကို မျက်ခြေမပြတ် စုပေါင်းအားထုတ်ခြင်းအားဖြင့် နိုင်ငံတိုင်း လူမျိုးတိုင်းကြားမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေ ရရှိလာနိုင်တယ်။ လူသားသဘာဝမှာ အကောင်း အဆိုးတွေ ရှိနေပေမဲ့၊ အကောင်းတွေ အားကောင်းလာအောင်နဲ့ အဆိုးတွေ လျော့ပါးအောင် လုပ်နိုင်တာဟာ လူသားပဲဖြစ်တယ်။ 

‘ငြိမ်းချမ်းရေးဆိုတာအဆင်ပြေညီညွတ်မှုတွေကို ဟန့်တားနှောင့်ယှက်မယ့် အရာတွေ မရှိတော့ခြင်းကနေ ပေါ်ထွက်လာတဲ့ ပျော်ရွှင်မှု’

နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ အဆောက်အအုံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားသော မိန့်ခွန်းကောက်နှုတ်ချက်။

“နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။

Oxford ဒေါက်တာ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှ


ဒီနေ့ကတော့ကျမရဲ့ ဘ၀အစိတ်အပိုင်းများစွာ ပြန်ပေါင်းစပ်တဲ့နေ့ပါဘဲ………… ။   Oxford တက္ကသိုလ်ကြီးထဲက  St.Hugh ကောလိပ်ကျောင်းသူဘ၀နှစ်တွေ….၊ Oxford မြို့လေးက Park Town ရပ်ကွက်မှာ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ နှစ်တွေ …….၊  Oxford တက္ကသိုလ်ကြီးက ကျမဘက်က မဆိုင်းမတွန့် ရပ်တည်ပေးခဲ့တဲ့အကျယ်ချုပ်ကျနှစ်တွေ အားလုံးပါဘဲ ။

ဗြိတိန်ပါလီမန်မှာ- ဇွန် ၂၂၊ ၂၀၁၂


လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -
ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား


ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလိုဖြစ်နေပြီ၊
အားလုံးဒီလို အာဇာနည်နေ့မှာသိုက်သိုက်ဝန်းဝန်းရောက်လာ
တဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ

Sunday, March 17, 2013

တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေး အတွက် လက်တွဲဆောင်ရွက်ကြဖို့


ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်နေချိန်မှာ ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေမဖန်တီးပဲ တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေး အတွက် လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းထားတဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရရဲ့ မိန့်ကြားချက်များကို စုစည်းတင်ပြလိုက်ပါတယ်။

တိုင်းပြည်အတွက် ဒီလောက် စွန့်လွှတ်တဲ့ လူတယောက်ကို ၀ိုင်း ရန်တွေ့ကြတဲ့ ကိစ္စဟာ အင်မတန် စိတ် ဆင်းရဲစရာ ကောင်းတယ်။ လက်ပံတောင်း ဒေသခံတွေ အပါအ၀င် တတိုင်းပြည်လုံးက တိုင်းရင်းသား ပြည်သူတွေ အားလုံးဟာ တယောက်နဲ့ တယောက် ခွင့်လွှတ်ရမယ်၊ သီးခံရမယ်၊ ပြီးတော့ အနဲငယ်မျှသော အကျိုးအမြတ်ကို စွန့်လွှတ်မှ ကြီးကျယ်တဲ့ အကျိုးအမြတ်ကို ရရှိနိုင်မှာ ဖြစ်တယ်။

Thursday, March 14, 2013

လက်ပန်းတောင်တောင်အရေး စိတ်မအေးမို့


Tuesday, March 12, 2013

ဒီမိုကရေစီ နောက်ကြောင်းပြန်မလှည့်ဖို့


လူတိုင်းလူတိုင်းက မိမိမွေးရပ်မြေဒေသကို ချစ်တာ၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ချစ်တာ၊ မိမိလူမျိုးကို ချစ်တာ၊ မိမိဘာသာ၊သာသနာကို ချစ်တာ မွန်မြတ်ပါတယ်။
လေးစားဂုဏ်ယူထိုက်ပါတယ်။ သို့ပေမယ့် ဒီလိုချစ်တာ သမာသမတ်ကျဖို့ လိုပါတယ်။ သဘာဝကျဖို့တော့ လိုပါတယ်။ ဥဏှောက်မဲ့၊  မျက်စေ့စုံမှိတ်ပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ ချစ်တာကတော့ ဘယ်လိုမှသဘာဝမကျပါဘူး။
အဲဒီလို မိမိမွေးရပ်မြေဆိုတဲ့အစွဲ၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဆိုတဲ့အစွဲ၊ မိမိနဲ့လူမျိုးတူဆိုတဲ့အစွဲ၊ မိမိနဲ့ဘာသာတူဆိုတဲ့အစွဲတွေဝင်လာပြီးဆိုရင်တော့

အစ္စလာမ်သာသနာနဲ့ ဗုဒ္ဓ၀ါဒ

အစ္စလာမ့်စာပေရေစီးကြောင်းမှာ “အစ္စလာမ်သာသနာနဲ့ ဗုဒ္ဓ၀ါဒ” ကို ဘယ်လိုနှိုင်းယှဉ်ဖော်ပြကြမလဲလို့ ကျွန်မ စောင့်ကြည့်နေခဲ့မိပါတယ်။ ဒါပေမဲ့ မတွေ့ခဲ့ရပါဘူး။ နှိုင်းယှဉ်ဖော်ပြထားတာတွေ ရှိကောင်းလည်း ရှိပါလိမ့် မယ်။ ကျွန်မ လေ့လာမိခဲ့သလောက်ကတော့ မရှိသလောက်ကို နည်းပါးလှပါတယ်။

အစ္စလာမ် ဘာသာနှင်စပ်လျဉ်း၍ မောင်ဆုရှင်၏ အမြင်


အစ္စလာမ်ဘာသာ၌ ဤအမည်နာမတော်ကပင် နာခံခြင်း (submission to God) ဟူသော အဓိပ္ပါယ်ကို ဆောင်သည် ဟု နားလည်ရပါသည်။ အရှင်မြတ်၏ အမိန့်တော် ကိုနာခံခြင်းဖြစ်ကြောင်း ကိုလည်း သဘော ပေါက်ပါသည်။
ထို့အပြင် ဤဘာသာဝင်တို့သည် သဒ္ဓါယုံကြည်မှုရှိ အပ်သော စိတ်ထားကိုလည်းပိုင်ဆိုင်သူများဖြစ်သည် ဟု သဘောပေါက် ရပါသည်။ ထိုမျှမက အစ္စလာမ် ဘာသာဝင်များသည် အချိန်မှန်ဝတ်ပြုဆုတောင်းသူများ ၊လှူဒါန်း ပေးကမ်းသူများ ၊ ၀ါဆောင်သူများ ၊ ဘုရားဖူးခရီးသွားသူများ အဖြစ်လည်း သဘောပေါက်ရပါသည်။

‎"အောင်သန်း ၏ အောင်ဆန်း

ဦးအောင်သန်း ရေးတဲ့ သူ့ညီလေး အောင်ဆန်းအကြောင်း ( အောင်သန်း ၏ အောင်ဆန်း စာအုပ်မှ ကူးယူဖော်ပြပါသည်) 

ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။ ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် မိခင်နှင့်အတူအိပ်ပြီး

ဘာသာရေးခေါင်းဆောင်များ "ပြောင်းကြပါ"

***မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းစဉ် တို့တွင်သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းသည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။

သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲ သောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ 

မွတ်စလင်များအပေါ် မှားယွင်းနေသော ထင်မြင်ချက်များ

ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦး၏ မွတ်စလင်များအပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ဖြေရှင်းချက်


အေဒီ ၁၈၂၆ ခု၊ 
ရ န္တပို စာချုပ်ချုပ်ဆိုအပြီး 
ဘကြီးတော် မင်းတရားကြီး မြေလှူဒါန်းခဲ့သော 
တခြမ်းပဲ့ဗလီ
မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်း စုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ကြသောနိုင် ငံဖြစ်သည်။ ရှေးမြန်မာ မင်းများ လက်ထက် တွင်လည်းကောင်း၊ အင်္ဂလိပ် ကျူးကျော် စစ်ပွဲများ တွင်လည်းကောင်း၊ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းတွင် လည်းကောင်း၊ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံ တည်ဆောက်ရေး ကာလ၊အိမ်စောင့် အစိုးရလက်ထက်၊ တပ်မတော် အစိုးရလက်ထက် နှင့်ယနေ့ ဒီမိုကရေစီ

စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ။

မေး။ ။ ကျနော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေးခွဲခြားမှုတွေ သိပ်ကို များပါတယ်။ မိဘ၊ ဆရာသမားများက အစ အဲဒီလိုလုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန်နည်းတဲ့အတွက် တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင်စသဖြင့် လူမျိုးရေးနှိမ့်ချ စော်ကားဖို့ ဘယ်သူမှ ၀န်မလေးကြတာ ယနေ့အထိ တွေ့နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ စိတ်ကူးပါသလဲ။

ဆူးလေရင်ပြင်မှ ပျံ့လွင့်လာတဲ့ အတွေးများ

ဆူးလေ ရင်ပြင် မှ ပျံ့လွင့်လာတဲ့ အတွေးများကျွန်တော်တို့ မြို့ထဲ သွားတဲ့အခါ ခရီးသည် တင်ဘတ်စ်ကား စီးသွားကြရတယ်။ ခရီးသည်တင် ဘတ်စ်ကားများ မရပ်မဖြစ် အများဆုံးရပ်တန့် နေတဲ့ ဆုံးမှတ်က ဆူးလေ မှတ်တိုင်ဖြစ်တယ်။ ခရီးသည် အများအပြား အဆင်းအတက်လုပ်ရတဲ့ မှတ်တိုင်လည်း ဖြစ်တယ် ။မြို့ထဲကို ဘာကိစ္စနဲ့ပဲ လာလာ ၊ ဘာအကြောင်းနဲ့သွားသွား မြို့တော် ခန်းမရှေ့ဆူးလေ မှတ်တိုင်ဟာ မပါမဖြစ်မှတ်တိုင် တစ်ခုအဖြစ် ရပ်တည်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီပေါ့။ဘယ်ပုံရိပ် ဘယ်အမြင်နဲ့ ကြည့်ကြည့် ဆူးလေ ဆိုတဲ့ သင်္ကေတ အမှတ်အသား အခုထိ ပျောက်ပျက်မသွားသေးပါ။

လူလူချင်း အမျိုးအစားခွဲခြားလိုက်ခြင်းဟာ


ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ဘာသာ၊နိုင်ငံသား၊အသားအရောင်၊လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး 
ငါတို့နဲ့သူတို့ဆိုတဲ့ ”Us and Them” ခွဲခြားမှုတွေရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။
ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့်
လူလူချင်း အမျိုးအစားခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ဆိုနိုင်ပါတယ်။

အမြင်


`လေစိမ်းတွေ တိုက်နေပြီ အိမ်ထဲဝင်တော့ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ အိမ်ထဲပြေးဝင်သွားတဲ့ သုံးနှစ်အရွယ် ကလေးငယ်ရဲ့`လေ`ဆိုတာကို မြင်တဲ့အမြင်။`သမီးလေးအတွက် လေပူဖောင်း`ဆိုတဲ့ အသံတခုရဲ့ အဆုံးမှာ လက်ထဲ ရောက်လာတဲ့ လေပူဖောင်းလေး နိမ့်တုံမြင့်တုံ ဖြစ်နေတာကို ကြည့်ပြီးပျော်နေတဲ့ ငါးနှစ်အရွယ်ကလေးငယ်ရဲ့ `လေ`ဆိုတာကို မြင်တဲ့အမြင်။

၈၈မျိုး ဆက်ကျောင်းသား ဦးကိုကိုကြီးပြောကြားခဲ့သော အမှာစကား

(၅၉)လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်တွင် ကျင်းပသော တမန်တော်နေ့အခမ်းအနား   

အားလုံးမင်္ဂလာပါ။ ဘုရားသခင်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း သင်တို့အားလုံးအပေါ်မှာ ကျရောက်ပါစေ။ ဒီနေ့ တမန်တော်နေ့ အခမ်း အနားမှာ အခုလိုလာရောက်စကားပြောကြားခွင့် ရတဲ့အတွက်ကြောင့် အခမ်း အနားဖြစ်မြောက်အောင် စီစဉ်ကြတဲ့ ပုဂ္ဂိုလ်တွေရော၊ တက်ရောက် အားပေးကြတဲ့ ပရိသတ်အားလုံးကိုပါ အထူးပဲကျေးဇူးတင်ရှိပါတယ်။

လက်ပံတောင်းတောင်ပြဿနာက ဒေါ်စုအတွက် နိုင်ငံရေးစိန်ခေါ်ချက်လား


လက်ပံတောင်းတောင်ဆန္ဒပြမှုတွေက  လက်ရှိနိုင်ငံရေးလမ်းကြောင်းကို   ဘာတွေသက်ရောက်နိုင်ပါသလဲ။
       ဒီမေးခွန်းဟာ  အင်မတန်မေးသင့်တဲ့မေးခွန်းနဲ့  အင်မတန်ဖြေသင့်တဲ့အဖြေပါ။  ကျွန်တော်ကတော့  ဘာဖြစ်မယ်ဆိုတာထက်  ကြေးနီတောင်စီမံကိန်းနဲ့ပတ်သတ်ပြီး  အဆိုးဆုံးအနေအထားကို  ရောက်ရှိလာပြီးမှ  ဒေါ်အောင်ဆန်းစုကြည်ကို  ဖြေရှင်းဖို့ ကြိုးစားခိုင်းတာကို  ပိုပြီးစိတ်ဝင်စားပါတယ်။
         ကြေးနီတောင်စီမံကိန်းကို  စုံစမ်းရေးကော်မရှင်ကို  ဒေါ်အောင်ဆန်းစုကြည်ကို  ခေါင်းဆောင်တင်ဆုံးဖြတ်ခိုင်းခြင်းဟာ

သည်းခံတယ်ဆိုတာ


သည်းခံတယ်ဆိုတာ မနိုင်လို့ လက်လျှော့ကြိတ်မှိတ်  သည်းခံတာလည်းရှိတယ်။
အကျိုးအမြတ် တစ်စုံတစ်ရာမျှော်လင့်လို့ သည်းခံတာလည်းရှိတယ်။
ကိုယ်ကမှန်နေပါလျက် ကိုယ်ဘက်က နိုင်နေပါလျက်
ငြိမ်းချမ်းမှုကို မြတ်နိုးလို့ လိုက်လျောပြီး သည်းခံတာလည်းရှိတယ်။
မယှဉ်ချင်လို့ သည်းခံတာလည်းရှိတယ်။

အယူအဆမတူလို့ ရန်ဖြစ်တယ်ဆိုတာက

အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။ 
အယူအဆမတူလို့ ရန်ဖြစ်တယ်ဆိုတာက၊ မပြည့်ဝတဲ့သဘော၊ 
မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။ 
အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ

Sunday, March 10, 2013

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံ


မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။
မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို

အတ္တ၏ သားကောင်


 “၀ါဒတဏှာအားကြီးသောသူများက ငါနှင့် ငါ့ဖွဲ့အစည်း ငါတို့သာ အမှန်ဟု ငါကောဝါဒဖြင့် ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးတတ်၏။ သံလွင်ခက်ကို အယောင်ပြပြီး နောက်ကွယ်က ဂျိုးငှက်ကို သတ်ပစ်ထားသကဲ့သို့ ငြိမ်းချမ်းရေးတစ်ဝက် အယောင်ပြပြီး ကိုယ်နှင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက်ချည်း အကျိုးစီးပွါးအမြတ်ထုတ်တတ်သည်။ အဆုံးမှာတော့ ပတ်ဝန်းကျင် လောကလူသားများကို စတေး၍ ကိုယ်နှင့် ကိုယ့်ဝါဒနောက်လိုက်သူများ၏ အကျိုးစီးပွါးသာ ရယူသွားတတ်ကြ၏” ။
အထက်ပါစာသားလေးကို အမှတ်တရအဖြစ် မှတ်သားထားမိခဲ့ပေမယ့်လည်း

Saturday, March 9, 2013

အနာဂါတ်ကို တူတူလက်တွဲပြီးတော့




“နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။ ကျမတို့ နိုင်ငံ ကျမတို့ မျှော်မှန်းတဲ့ ခိုင်မာညီညွတ် သာယာဝပြောတဲ့နိုင်ငံကြီးတခု ဖြစ်လာပါလိမ့်မယ်။

နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံကြမယ်ဆိုရင်


(၈၈)ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ (၂၁-၂-၂၀၁၃)ရက်နေ့က  ဒိန်းမတ်နိုင်ငံတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားတစ်ဦး၏ လူမျိုး(၁၃၅)မျိုးတွင် ရိုဟင်ဂျာ ရှိ/မရှိဟူသော ဘောင်ကျော်သည့် မေးခွန်းတစ်ခု မေးမြန်းချက်အပေါ်တွင် `တကယ်တော့ ဒီမေးခွန်းဟာ Out of Question ပါ´လို့ အစပြုဖြေကြားခဲ့ပါတယ်။
ပြီးနောက် ဆက်လက်၍ `ဒီမေးခွန်းကို မေးတဲ့သူကိုယ်တိုင်လည်း သိသိကြီးနဲ့မေးတယ်လို့ ကျနော်နားလည်ပါတယ်´လို့

အပြောနဲ့အလုပ် မညီညွတ်သည့်အဖြစ်မှာ

အပြောနဲ့အလုပ် မညီညွတ်သည့်အဖြစ်မှာ နိုင်ငံရေးအရ ယိုယွင်းချွတ်ခြုံကျလာသည့် အခါမျိုးတွင် ပို၍ ထင်ထင်ရှားရှား ပေါ်ပေါက်လာလေ့ရှိပါသည်။
အစိုးရတစ်ဖွဲ့အနေနှင့် ထိထိရောက်ရောက် အုပ်ချုပ်ကွပ်ကဲခြင်း မပြုနိုင်၊ မပြုလိုသည့် အခါမျိုးတွင် ဘာတစ်ခုမှ အကောင်အထည် ပေါ်မလာနိုင်။

Friday, March 8, 2013

ငို့ဘ နိုင်ငံရေး မဖြစ်ပါစေနဲ့။


ငါကတော့ ပြောရင် ပိဿာလေးနဲ့ ဘေးပြစ်သလို ပြောတယ်၊ အမှန်အတိုင်းပဲ၊ သူတို့ကိုလဲ ပိဿာလေးနဲ့ ဘေးပြစ်သလို ပြောတာပဲ၊ ဒို့နိုင်ငံက သိပ်မလွယ်ဘူး၊ 

ဘာဖြစ်လို့ မလွယ်သလဲ ဆိုရင် “နိုင်ငံရေးဟာ တနည်းအားဖြင့် နိုင်ငံ့အာဏာဟာ စီးပွားဖြစ်လွယ်တဲ့ လုပ်ငန်းတရပ်လို့ သတ်မှတ်နေကြတယ်” အင်မတန်ကို ၀မ်းနည်းစရာကောင်းတယ်၊ နိုင်ငံအတွက် နိုင်ငံရေးလုပ်မယ်ဆိုတဲ့

အမျိုးဘာသာသာသနာဟုဆိုရာဝယ်


၉၆၉ နဲ့ ကျွန်ုပ်အမြင်


အမြဲတမ်း ကွဲလွဲနေကြမယ်ဆိုရင်


ခရုယှက် သမ္မတဖြစ်တုန်းက ပြောသွားတဲ့ စကားတစ်ရပ်ရှိတယ် ၊ ဘာပြောသွားလဲဆိုတော့ ကျွန်တော်တို့ အရှေ့အုပ်စုနဲ့ အနောက်အုပ်စု ငြိမ်ချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ပြီးတော့ ကိုယ့်စနစ်နဲ့ကိုယ် ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်၊ အဲသလိုဆိုရင် ကမ္ဘာကြီးကောင်းမယ်၊ ဒီလိုမဟုတ်ဘဲနဲ့ တစ်ဦးနဲ့တစ်ဦး တစ်အုပ်စုနဲ့တစ်အုပ်စု အထင်အမြင်လွဲပြီးတော့ စစ်ပွဲတွေ ဆင်နွှဲနေကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဖျက်ဆီးသလိုဖြစ်မယ်၊ ခရုယှက်က အဲဒီလို ပြောဆိုသွားတယ်။

ညီညီညွတ်ညွတ် နေကြပါ

အောင်ဆန်းစုကြည်အပါအ၀င် မင်းတို့ ပရိသတ်အားလုံးနားထောင်၊  လူဆိုတာ စည်းကမ်းရှိရပါတယ်၊