Home

Thursday, July 31, 2014

နိုင်ငံရေးဆိုတာ

နိုင်ငံရေးဆိုတာ နိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့အရေးကိစ္စပါ။
လူဆိုတာ အသက်ရှင်နေသမျှ ကာလပတ်လုံး လူတွေရဲ့အရေးကိစ္စအထွေထွေကို
သိသင့်သိထိုက်သလို ဆည်းပူးလေ့လာသင့်တယ်။
လူဖြစ်နေပါလျှက် လူတွေရဲ့အရေးကိစ္စတွေကို စိတ်မ၀င်စား လစ်လျူရှုနေမယ်ဆိုရင်
လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်တာပဲဖြစ်တယ်။
အရစ္စတိုတယ်ကတော့ လူဆိုတာ နိုင်ငံရေးသတ္တ၀ါလို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး

အနိုင်မခံ

 ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
 ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
 ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
 လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
 ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
 ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

Tuesday, July 29, 2014

စည်းလုံးညီညွတ်စွာ ပူးပေါင်းကာ ဘုံရန်သူကို တွန်းလှန်ကြမှသာ

အာဇာနည်တွေက သက်သေပြခဲ့ပါပြီ။
အာဇာနည်တွေထဲမှာ လူမျိုးစုံပါဝင်သလို ဘာသာစုံပါဝင်တယ်။
ဗိုလ်ချုပ်နဲ့တကွတစ်ချို့က ဗုဒ္ဓဘာသာဝင်တွေ၊
မန်းဘခိုင်က ခရစ်ယာန်ဘာသာဝင်၊
ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့က အစ္စလာမ်ဘာသာဝင်တွေ။

တမန်တော်မြတ် မုဟမ္မဒ်သခင်ရဲ့ ကမ္ဘာအေးတရား

 ကမ္ဘာ့ရာဇ၀င်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ခေတ်တိုင်း၊ နယ်တိုင်းနှင့် လူမျိုးတိုင်းတွင် (Prophets) တမန်တော်များပွင့်ပေါ်ခဲ့ကြတယ်။ အသီးသီးပရိယတ္တိကျမ်းများယူဆောင်လာခဲ့ကြတယ်။ ကမ္ဘာသူ ကမ္ဘာ သားများအား အလွန် ယဉ်ကျေးချိုအေးတဲ့ တရားရေအေး အမြိုက်ဆေးတိုက်ကြွေးခဲ့ကြတယ်။
ယခင်နှစ်ပေါင်း (၁၄၀၀ )ကျော်က အရေးဗီးယားတိုင်းပြည်တွင် တမန်တော်များ၏ အချုပ်၊ တမန်တော်များ၏ အထွဋ်အထိပ်ဖြစ်သော တမန်တော် မုဟမ္မဒ်သခင် ပွင့်တော်မူခဲ့တယ်။ ပရိယတ္တိကျမ်းဂန်များ၏

Sunday, July 27, 2014

ဒီမိုကရေစီပန်းတိုင်လည်း ဝေးဝေးမှာ ရေးရေးမျှသာ။

အာဏာရှင်စံနစ်ကိုဆန့်ကျင်တယ်ဆိုပြီး၊
အာဏာရှင်စံနစ်ကိုတော်လှန်တယ်ဆိုပြီး
အာဏာရှင်တို့ ခင်းတဲ့လမ်းပေါ်လျှောက်ရင်း၊
အာဏာရှင်တို့ ဖန်တီးထားတဲ့ထောင်ချောက်ထဲတိုးဝင်နေတာဟာ
အာဏာရှင်တွေကို တစ်ဖက်တစ်လမ်းက ကူညီနေတာသာဖြစ်တယ်။

အရည်အချင်းမဲ့တဲ့သူတွေ တိုင်းပြည်ကိုအုပ်ချုပ်နေသ၍

ဒီမိုကရေစီ အဆောက်အအုံကြီးထဲမှာ 
ပြည်သူကရွေးချယ်တင်မြောက်လိုက်တဲ့ကိုယ်စားလှယ်မဟုတ်သူတွေ၊
ပြည်သူကိုကိုယ်စားမပြုတဲ့သူတွေ၊ အရည်အချင်းမရှိတဲ့သူတွေ၊ 
သိက္ခာမရှိတဲ့သူတွေ၊ ကိုယ်ကျိုးရှာသမားတွေနဲ့ ပြည့်နှက်နေရင် 
ဒီမိုကရေစီစနစ် အောင်မြင်မှာမဟုတ်ဘူး။

ပြည်သူရဲ့ရွေးချယ်မှုကိုသတ္တိရှိရှိ၊ သိက္ခာရှိရှိ လက်ခံရပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ
ကျွန်မတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကိုလည်း 

ကျွန်မတို့ပြည်သူတွေကရွေးချယ်လို့မရပါဘူး။
တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန္ဒမပါပါဘူး။
အခုတခါ ဥပဒေပြုရေးမှာပါ ဒီစံနစ်ကြောင့်
ပြည်သူ့ကိုယ်စားလှယ်များကို တိုက်ရိုက်မဲပေးခွင့်၊
တိုက်ရိုက်ရွေးချယ်ခွင့် မရှိတော့ဘူးဆိုရင်

Saturday, July 26, 2014

လူ့ဘောင်ဘ၀၊ လူ့ဘောင်လောက သာယာငြိမ်းချမ်းစေဖို့။

လူတွေအချင်းချင်းကြားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရန်လိုမုန်းတီးမှုတွေ
ဖြစ်ပေါ်လာရတဲ့ အဓိကအကြောင်းရင်းကတော့
ငါ့လူမျိုး၊ ငါ့ဘာသာ၊  ငါ့ပါတီ၊ ငါ့အုပ်စု၊ ငါ့အဖွဲ့အစည်း၊ ငါ့မိသားစုစတဲ့

သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ ၏ ဆုံးမစကား

မည်သည့် အကြောင်းကြောင့် အကြမ်းဖက်တာကို ဖြစ်စေ ဒို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။
ဘယ်လူမျိုးက ဘယ်လူမျိုးကို အကြမ်းဖက်ဖက် ဒို့ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓရဲ့တရားတော် ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပြီးတော့ 
လူမျိုးတိုင်းကို အေးအေးချမ်းချမ်း စောင့်ရှောက်ဖို့ ကောင်းတယ်။ စောင့်ရှောက်သင့်တယ်။

လမ်းသစ်ထွင်ဖို့ ပါဝင်ပူးပေါင်းကြပါစို့။

အရေးကြီးနေလို့
သွေးစည်းကြမလား
မစဉ်းစားဘဲ
အရေးထဲ အရာပေါ်
သွေးကွဲဖို့ လှုံ့ဆော်။

အခုခေါ်ရမှာက
အပြုသဘောဆောင်ဖို့

အတုတွေ ခေတ်စားနေတဲ့တိုင်းပြည်

ပြည်ထောင်စုဆိုတာလည်း အတု၊
သမ္မတလည်း အတု၊
မိန့်ခွန်းတွေလည်း အတု၊
ဒီမိုကရေစီလည်း အတု၊
နေပြည်တော်လည်း အတု၊
မျိုးချစ်စိတ်လည်း အတု၊

အတုယူ လေးစားသင့်တဲ့မြို၊ ရတနာပုံ မင်းနေပြည်တော်။

မန္တလေး
အသင်ဟာ
ယဉ်ကျေးတဲ့မြို့
လူမျိုးမရွေး၊ ဘာသာမရွေး
အေးအတူပူအမျှ
ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး
စုရုံးနေထိုင်ခဲ့ကြတဲ့မြို့
ရှေးမြန်မာမင်းတွေ

ဒီမိုကရေစီကို အပျက်လမ်းဆီ တွန်းပို့နေခြင်း

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခြင်း(သို့မဟုတ်)ဒီမိုကရေစီစနစ်ကိုကျင့်သုံးခြင်းဆိုတာ
အစိုးရဘက်က ဥပဒေအတိုင်း စိုးမိုးအုပ်ချုပ်တဲ့အစိုးရဖြစ်အောင်ပုံဖော်ရမယ်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေကို လူတစ်ဦးတစ်ယောက်အတွက်၊ တစ်စုတစ်ဖွဲ့အတွက်  
ဘက်လိုက်ရေးဆွဲထားတာမဟုတ်ဘဲ နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း ပြဌာန်းရမယ်။

လူထုရဲ့ယုံကြည်မှု မတည်ဆောက်နိုင်ရင်

 နိုင်ငံရေးသဘောတရားမှာ နိုင်ငံရေးစနစ်ပေါ်မှာ လူထုက ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာနဲ့သက်ဆိုင်တယ်။
 နိုင်ငံရေးစနစ်တစ်ခုကိုယုံကြည်ဖို့၊ နိုင်ငံရေးစနစ်ကိုခံစားနိုင်ဖို့ဆိုတာ ဒီမိုကရေစီစနစ်မှာ အင်မတန် အရေးပါတယ်။
အစိုးရအနေတဲ့ လူထုရဲ့ယုံကြည်မှုတည်ဆောက်နိုင်ရမယ်။ လူထုရဲ့ယုံကြည်မှု မတည်ဆောက်နိုင်ရင် အာဏာတည်မြဲအောင်

ထိန်းသိမ်းဖို့ ခက်ခဲနိုင်တယ်။

လူတွေသေတာ...လူသားတွေ သေနေတာ။

ဗမာတွေ သေတာမဟုတ်ဘူး။
မုစ်လင်မ်တွေ သေတာမဟုတ်ဘူး။
ခရစ်ယာန်တွေ သေတာမဟုတ်ဘူး။ 
ဟိန္ဒူတွေ သေတာမဟုတ်ဘူး။
ကချင်တွေ သေတာမဟုတ်ဘူး။ 
တိုင်းရင်းသားတွေ သေတာမဟုတ်ဘူး။
အိမ်ရှင်တွေ သေတာမဟုတ်ဘူး။ 
ဧည့်သည်တွေ သေတာမဟုတ်ဘူး။
လူတွေသေတာ၊ လူတွေသေတာ။
လူသားတွေ သေနေတာ။

Friday, July 25, 2014

ကွန်ပျူတာဆိုင်ရာ စာအုပ်ကောင်းများ

 Introduction
 https://copy.com/yz4vtjp8pcCCYlj

 What is Virus
 https://copy.com/HhnwplzYKczHhPX

 Basic Dynamic
https://copy.com/qbKACN7eYVy4MSQ

ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ လွှတ်တော် မဖြစ်နိုင်တော့ပါ။

ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံဆိုတာ လူထုကိုကိုယ်စားပြုတဲ့လွှတ်တော်ရှိရမှာဖြစ်သလို လွှတ်တော်ဆိုတာ လူထုရဲ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးရမယ့်နေရာဖြစ်တယ်။ နိုင်ငံရေးပါတီတွေကိုလည်း ကိုယ်စားပြုရမှာဖြစ်တယ်။ နိုင်ငံရေးပါတီတွေရှိလို့ လွှတ်တော်ရှိတာဖြစ်တယ်။ လွှတ်တော်ဟာ နိုင်ငံရေးပါတီတွေနဲ့ ကင်းလို့မရပါ။

Thursday, July 24, 2014

အကယ်၍

If you can keep your head when all about you,
Are losing theirs and blaming it on you,
အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

အမျိုးသားရေးလို့ ဆိုသော်လည်း - မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)

ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားရေးဆိုတဲ့ အင်မတန် နားထောင်လို့ကောင်းတဲ့ ခေါင်းစဉ်အောက်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ၊ပြဿနာတွေတစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ပဋိပက္ခလို့ ပြောနေကြပေမယ့် တစ်ကယ်တမ်းပြန်ကြည့်ရင် တစ်ဖက်သတ် အကြမ်းဖက်မှုတွေ ဖြစ်နေတာတွေ့ရ ပါတယ်။

သွေဖီမသွားအောင်ကြိုးစားကြပါစို့။

၈၈ မှစလို့ ဒီနေ့တိုင်အောင် ကျွန်ုပ်တို့အားလုံး ကြိုးပမ်းနေကြတာ ဘာရည်ရွယ်ချက်ကြောင့်လဲ။ ဘာယုံကြည်ချက်ကြောင့်လဲ။ ဘယ်မျှော်လင့်ချက်ကြောင့်လဲ။ ဘယ်ပန်းတိုင်အတွက်လဲ။
ကျွန်ုပ်တို့အားလုံးမှာ ရည်ရွယ်ချက်။ ယုံကြည်ချက်ကိုယ်စီရှိကြတယ်။ 
ကျွန်ုပ်တို့အားလုံးမှာ မျှော်လင့်ချက်ရှိတယ်။ ပန်းတိုင်ကိုယ်စီရှိကြတယ်။
ကျွန်ုပ်တို့အားလုံးရဲ့ ရည်ရွယ်ချက်တွေ၊ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ပန်းတိုင်ဆိုတာ

Wednesday, July 23, 2014

လူ့အဖွဲ့အစည်းကြားမှာ အင်အား အထက်မြက်ဆုံးအရာ

လူ့အဖွဲ့အစည်းကြားမှာ အင်အား အထက်မြက်ဆုံးအရာက လူအချင်းချင်း ညီရင်းအစ်ကို စိတ်ထားရှိခြင်းနဲ့ တစ်ဦးကိုတစ်ဦး ချစ်ကြည်လေးစားမှုထားခြင်းဖြစ်တယ်။ 
ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ရေးဆိုတာရေးသားရုံ၊ အာဘောင်အာရင်းသန်သန် ဟောပြောနေရုံနဲ့ မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်မှသာ ဖြစ်နိုင်တယ်။

Tuesday, July 22, 2014

"အင်္ဂုလိမာလ"

ပြောလိုက်ရင်
လေတစ်လုံး မိုးတစ်လုံး အရက်တစ်လုံးနဲ့
လက်ညှိုးညွှန်ရာ
မီးထတောက်မှ ပျော်နေ ရွှင်နေတတ်သူ။

သွေးမကွဲနဲ့ အမြဲစည်းလုံးကြစို့။

ကျုပ်တို့တိုင်းပြည်မှာ ခေတ်အဆက် အရေးတော်ပုံတိုင်းမှာ ရဟန်းသံဃာ၊ပြည်သူလူထု၊ ကျောင်းသား၊တိုင်းရင်းသားများနဲ့ လူမျိုးစုံ ဘာသာစုံနိုင်ငံသား အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ပူးပေါင်းလက်တွဲ တော်လှန်ခဲ့ကြလို့လည်း အောင်မြင်ခဲ့တယ်ဆိုတာ သမိုင်းကသက်သေခံလျှက်ရှိပါတယ်။ ကျုပ်တို့ခေတ်ရောက်လာတော့လည်း ၈၈ အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး ဧရာဝတီမြစ်ဆုံ စီမံကိန်းဆန့်ကျင်ရေးစတဲ့ အရေးတော်ပုံတွေကလည်း သက်သေပါ။

ဒု က္ခ ပါ လား အ စိုး ရ ရ ယ်

မိုးသက်လေထန် ၊ ခေါင်မိုးတွေလန်
လမ်းပေါ်ရေလျှံ ၊ အမှိုက်ပုံက နံ
ဝမ်းရေးမမှန် ၊ လူလုံးမလှ
ယူကြုံးမရသမို့ ။

စည်းကမ်းပြည့်ဝ ၊ ဖွံ့ဖြိုးတိုးတက်
အပြောသက်သက် ၊ ဒီမိုကရေစီအတွက်

Monday, July 21, 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့အထ္ထုပ္ပတ္တိအကျဉ်း

 (ဒေါ်အောင်ဆန်းစုကြည်ရဲ့အထ္ထုပ္ပတ္တိအကျဉ်းကို အခြေခံပြီး ရေးသားထားတဲ့အတွက် ဖတ်စေချင်တဲ့ဆန္ဒဖြင့် မျှဝေပါတယ်။
 နည်းနည်းတော့ ရှည်တယ်၊ ဒါပေမယ့် ဖတ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။)

 ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။
 ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကျက်ကို မော့ကြည့်မိတယ်၊
 ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....
 ငါ ဘာလုပ်ရင် ကောင်းမလဲ၊ ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ  မရှိတော့တာလည်း ကြာပါပြီ၊

ငါတို့သာနိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။

ငါတို့စစ်တပ်ဟာ နိုင်ငံသူနိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာနိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံမဖြစ်ရဘူး။
ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင်ပြောပြတာပဲ။ ဒီစကားကိုကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန်နှိပ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ 

ဒီမိုကရေစီမှာ အပြန်အလှန်ထိန်းညှိမှုဟာ

ဒီမိုကရေစီနိုင်ငံတွေမှာ
အစိုးရကို လူထုကရွေးချယ်တာ။
ဒီမိုကရေစီဆိုတာ
လူထုမှာသာ အာဏာရှိတယ်။
လူထု အင်အားကောင်းရင်
အင်အားကောင်းတဲ့ အစိုးရကိုရမယ်။
လူထု အရည်အချင်းရှိရင်
အရည်အချင်းရှိတဲ့ အစိုးရကိုရမယ်။
လူထု သွေးကွဲနေရင်
သွေးခွဲအုပ်ချုပ်တဲ့ အစိုးရကိုရမယ်။
ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့
လူထုမှာလည်း တာဝန်ရှိတယ်။
ဒီမိုကရေစီမှာ
အပြန်အလှန်ထိန်းညှိမှုဟာ
အဓိက အခြေခံအနှစ်သာရဖြစ်တယ်။
mmw.rasu_16.01.2014

ဘုန်းကြီးနဲ့ နိုင်ငံရေး အပေါ် ဗိုလ်ချုပ်အောင်ဆန်းရဲ့အမြင်

ဗိုလ်ချုပ် အထက် မြန်မာပြည်သို့ တရားဟောထွက်ရာတွင် ဘုရားဝတ္တက မြေအတွင်းနှင့် ဘုန်းတော်ကြီး ကျောင်းတိုက်များ အတွင်း၌ စီစဉ်ထားသော တရားဟောပွဲကြီးများကျင်းပသည့် အခါတိုင်းမှာလိုပင် သာသာနာတော်မြတ်ကြီး ကောင်းမွန်အောင် ဆောင်ရွက်ရန် ဗိုလ်ချုပ် သတိရ၏။ အထက် မြန်မာပြည်သို့ ခရီးထွက်စဉ် ပျဉ်းမနား ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသော တရားပွဲကြီးမှ အပြန်တွင်

ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်ခံထားတိုင်း အာဏာရှင်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။

ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်ခံထားတိုင်း အာဏာရှင်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။

နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ စစ်တပ်နဲ့အာဏာသိမ်းခဲ့တာ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြောက်ခံပြီးမှ ခေါင်းဆောင်ဖြစ်လာတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရွေးကောက်တင်မြောက်ခံထားရတဲ့ အာဏာရှင်ဖြစ်တယ်။ ခေါင်းဆောင်ဖြစ်ပြီးမှ သူ့ရဲ့ဂျာမန်စစ်တပ်ကြီးကို အင်အားချဲ့ထွင်ရင်း အာဏာရှင်ဖြစ်လာတာပါ။

ဒီမိုကရေစီနဲ့အမြန်ဆုံးနီးအောင်

ဒီမိုကရေစီဆိုတာ အများသဘောတူတာကို လက်ခံကျင့်သုံးရတဲ့စနစ်ပါ။
ဒါပေမယ့် လူနည်းစုရဲ့သဘောထားဆန္ဒများကို လေးစားအသိအမှတ်ပြုရတဲ့
စနစ်လည်းဖြစ်ပါတယ်။ အများစုသဘောတူတာကို အနည်းစုက ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ

ဒီမိုကရေစီစနစ်နဲ့ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင် ကြိုးစား။

ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ်ဆိုးအောက်မှာ ဖြတ်သန်းလာခဲ့ရတာပါ။နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ် ၀က်ကျော် အမှောင်ခေတ်ထဲမှာဖြတ်သန်းခဲ့ရတာပါ။ ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း အမှောင်ဖုံးနေခဲ့ကြရတာပါ။ အခု မကြာသေးခင်ကမှ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေ တာဖြစ်ပါတယ်။

အရိုင်းဝါဒသာလျှင်ဖြစ်တယ်။

ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို မျှမျှတတပေးနိုင်တဲ့စနစ်ကို 
ဒီမိုကရေစီလို့ခေါ်တာဖြစ်တယ်။
လူ့တန်ဖိုးနဲ့ လူတိုင်းတွင်ရရှိခံစားအပ်သည့် 
လူအခွင့်အရေး၊ လူဂုဏ်သိက္ခာများကိုလည်း လေးစားလိုက်နာရန်လိုအပ်တယ်။ 
လူတိုင်း ကိုယ်ယုံကြည်ချင်တာ လွတ်လပ်စွာယုံကြည်ခွင့်ရှိတယ်။

ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊

ကိုယ်ပြောနေတာ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းစာ ဆရာတွေက တော်တော်ကလေးများတယ်။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်လဲ နိုင်ငံရေး အကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုတဲ့ စကားက အစ ကျွန်တော်တခါတည်း တိုင်းပြည်ကို နောင်အခွင်သင့်လို့ရှိယင် အပတ်စဉ် အပတ်စဉ်ဖြစ်စေ 

လူ့အသိ၊ လူ့အမြင်၊ လူ့အတွေးအခေါ်ရှိဖို့ လိုအပ်

လူ့လောကမှာ အသက်ရှင်နေထိုင်ကြတဲ့ လူသားတိုင်းဟာ
ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတတ်ကြတယ်။
လူမျိုးတိုင်း၊ အုပ်စုတိုင်းက လူတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု
ကောင်းစားရေးသာ စဉ်းစားတတ်ကြတယ်။
ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု အကျိုးကိုသာ အဓိကထားကြတယ်။

ကျွန်တော်သည် လူမျိုးစုံဝါဒသမားတစ်ယောက်

ကျွန်တော်သည် လူမျိုးစုံဝါဒသမားတစ်ယောက် ဖြစ်ပါသည်။
သို့သော် အောက်ခြေလွတ်ခံနိုင်လောက်အောင် ကိုယ့်ကိုယ်ကို တစ်ဦးတည်းပိုင်သော လူမျိုးစုံ ၀ါဒသမားတစ်ယောက်ကား မဟုတ်ပါ။ ကျွန်တော်သည် အမျိုးသားရေးစစ်စစ်၏ ကောင်းကျိုးရော ဆိုးကျိုးပါ အသိအမှတ်ပြုသူတစ်ဦးဖြစ်ပါသည်။
ကျွန်တော်သည် အမျိုးသားရေးဝါဒ၏ ကောင်းကျိုးကို ချစ်မြတ်နိုးပြီး ၎င်း၏ဆိုးကျိုးများကြောင့်လည်း
အခြားဘာကိုမျှ မမြင်နိုင်သော မျက်ကန်းသဖွယ်ဖြစ်သွားမည့်သူမဟုတ်။

ဘာသာရေးခေါင်းစဉ်အောက်က အာဏာရှင်တို့ရဲ့နိုင်ငံရေးလှည့်ကွက်။

ကိုးကွယ်ယုံကြည်ရာဘာသာတရားတွေက ဘယ်လူမျိုးကိုမှ အနှောက်အယှက်မပေးပါဘူး၊မရှုပ်ထွေးစေပါဘူး။ ဘာသာတရားတွေကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေလို့၊ဘာသာတရားကိုအကြောင်းပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေလို့ (တစ်နည်းအားဖြင့်) ဘာသာရေးခေါင်းစဉ်တပ်ပြီးလုပ်စားနေလို့ ရှုပ်ထွေးနေတာပါ။ဘယ်လူမျိုးပဲဖြစ်ဖြစ် မိမိဘာသာအပေါ်မှာ နှစ်နှစ်ကာကာယုံကြည်ပြီး၊ မိမိယုံကြည်သည့်ဘာသာတရားရဲ့
အဆုံးအမနဲ့အညီ ကျင့်ကြံအားထုတ်နေထိုင်သွားမယ်ဆိုရင် ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုမှ ထိခိုက်မှာမဟုတ်ဘူး။

ကိုယ့်တာဝန်ကိုလည်းပဲ အမြဲတမ်း မှတ်ပြီးတော့ထားပါ။

 မင်းတို့ မကြာမီ ရွေးကောက်ပွဲတွေ ဘာတွေ လုပ်လိမ့်မယ်၊
 အဲဒီတော့ ရွေးကောက်ပွဲလုပ်တာ သူတို့ဟာ သူတို့ လုပ်တာ၊ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး၊

 ဘယ်ပါတီ မဲထည့်ပါ၊ ဟိုပါတီ မဲထည့်ပါ၊ အဲသလို စသည်ဖြင့် ဘယ်တော့မှ မပြောနဲ့၊
နိုင်ငံရေး မလုပ်ရဘူးလို့ မဆိုဘူး၊နိုင်ငံရေးက လုပ်ကို လုပ်ရမယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ

လူမျိုး - ပသီ ခေါ် မြန်မာမုစ်လင်မ် ။ ဘာသာ - အစ္စလာမ် (Islam)

Muslim (မုစ်လင်မ်) ဆိုတာ Nationality (လူမျိုး) အမည်မဟုတ်ပါ။
Muslim (မုစ်လင်မ်) ဆိုတာ Islam (အစ္စလာမ်)သာသနာကို
သက်ဝင်ယုံကြည်သူ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားကိုမဆိုခေါ်သည့် သာသနာဝင်အမည်နာမသာဖြစ်သည်။
Muslim (မုစ်လင်မ်) ဆိုသည့် အာရဗီဝေါဟာရသည် အမိန့်နာခံ အပ်နှင်းသူဟု အဓိပ္ပါယ်ရသည်။

အစိုးရမကောင်းတာက

ဒီမိုကရေစီနိုင်ငံတွေမှာ 
အစိုးရမကောင်းတာက
မဲလိမ်ပြီးတက်လာလို့ဖြစ်ရင်ဖြစ်မယ်။
ဒါမှမဟုတ်
လူထုက နိုင်ငံရေးအသိတရားမရှိဘဲ
ရွေးကောက်တင်မြောက်လိုက်တဲ့ 
လွှတ်တော်ကိုယ်စားလှယ်တွေကြောင့်ဖြစ်မယ်။
mmw.rasu_4.1.2014

အစိပ်သားကောင်နော်... မမေ့နဲ့၊

တစ်လောက 5 Plus ရုပ်သံမှာ
ကျုပ်တို့ ရေကြည်သား
ကဗျာဆရာ သော်ဇင်အုန်း
ကဗျာရွတ်သွားတဲ့အထဲက
မှတ်မိနေတဲ့စာသားလေး ...
အရမ်းနှစ်သက်လို့ဗျာ။

တောက်တဲ့... တောက်တဲ့.... တောက်တဲ့
ကပ်မိရင် ခွာရခက်တယ်..
အစိပ်သားကောင်နော်... မမေ့နဲ့၊....တဲ့ဗျာ
mmw.rasu_5.2.2014
 

ဒေါ်အောင်ဆန်းစုကြည် ၏ အဖြေ။

ဘင်္ဂလီလူမျိုးစုနဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေနှင့်ပတ်သက်ပြီး
မီဒီယာရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် ၏ အဖြေ။
++++++++++++++++++++++++++++++++++++++++++++
( မေးခွန်း )
ရခိုင်ပြည်နယ်နဲ့ပတ်သတ်ပြီးတော့ ရခိုင်လူထုတွေ လက်ရှိဖြစ်ပေါ်နေတဲ့ ဘင်္ဂလီ လူမျိုးစု နဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေပေါ်မှာ ဒေါ်စု အနေနဲ့ ဘယ်လိုများသုံးသပ်ပြီးတော့ ထင်မြင်ယူဆတယ်ဆိုတဲ့မေးခွန်းကို ဖြေ ကြားပေးနိုင်မလား။

ဒီမိုကရေစီ၏ အနှစ်သာရ မူလသဘောထား

ဒီမိုကရေစီစနစ်ကို အသွင်ပြောင်း အကောင်အထည်ဖော်နေသည်ဆိုလျှင်
နိုင်ငံတော်၏ အရေးပါအရာရောက်သော 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအ၀င် 
အခြားအရေးကြီးသောကိစ္စများဆုံးဖြတ်ရာတွင်
အနိုင်ရပါတီ(အစိုးရအဖွဲ့)တစ်ခုတည်း၏ ဆုံးဖြတ်ချက်ကိုသာ အဓိကထား

အပြန်အလှန်ထိန်းကျောင်းမှသာ စစ်မှန်တဲ့ ဒီမိုကရေစီ

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့စကားလုံးနဲ့ 
ဝါဒမှိုင်းတိုက် ခြိမ်းခြောက်လာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
ဒီမိုကရေစီစနစ်မှာ အချုပ်အခြာအာဏာပိုင်သူဟာ ပြည်သူလူထုသာဖြစ်တယ်။
စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတိုင်းက လူထုကို ကိုယ်စားပြုရမယ်။
ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက အစိုးရကို မနှစ်သက်ရင် 

လွတ်လပ်စွာမနှစ်သက်ခွင့်ရှိသလို၊ မနှစ်သက်ကြောင်း 

လူသားအချင်းချင်း လူ့ဂုဏ်သိက္ခာကို လေစားတန်ဖိုးထား

မိမိတို့ကိုယ်ကို လူမျိုးကြီးများ၊ အမျိုးဂုဏ်မြင့်မားသူများ၊
ဓနဂုဏ်ကြွယ်ဝသူများ၊ အိမ်ရှင်များဟု စိတ်ကြီးဝင်ကာ
မိမိတို့ နိုင်ငံသားအချင်းချင်း လူမျိုးရေးခွဲခြားခြင်း၊
ဘာသာရေးခွဲခြားခြင်း၊ လူတန်းစားခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်း၊ 

ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်းနှင့် အိမ်ရှင်ဧည့်သည်ခွဲခြားခြင်းပြု၍ 

စည်းလုံးညီညွတ်သော မွတ်စ်လင်မ်များ အဖြစ် ရပ်တည်ကြပါစို့။

အစ္စလာမ်ဆိုတာ လူမှုဘ၀တည်ဆောက်တဲ့လမ်းစဉ်တစ်ခုပါ။ တနည်းအားဖြင့်ဆိုရသော် လူ့ဘ၀သက်တမ်းတစ်လျှောက်လုံး မွေးမြူဖို့အတွက် စံတစ်ခုပါ။ ကျင့်စဉ်တစ်ရပ်ပါ။ စနစ်ဇယားတစ်ခုပါ။ အစ္စလာမ်ဆိုတာ ကိုးကွယ်ရာတစ်ပါးတည်းသော ထာဝရအရှင်သခင်ရဲ့
အမိန့်တော်၊ တရားတော်တွေနဲ့ ပညတ်ချက်တွေကို မဟာလူသားမြတ်တမန်တော်ရဲ့ကျင့်စဥ
ကျင့်ရပ်နဲ့ အညီ လူမှုဘ၀သက်တမ်း မွေးမြူသွားဖို့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးအသိနဲ့ ပညာရေး။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ
ဒီမိုကရေစီ ပြည့်ပြည့်၀၀ အကောင်အထည်ပေါ် အောင်မြင်ဖို့ဆိုတာ
ပြည်သူလူထုရဲ့ နိုင်ငံရေးအသိနဲ့ ပညာရေးဟာ
မရှိမဖြစ် အဓိက လိုအပ်ချက်ဖြစ်တယ်။
ပြည်သူလူထုမှာ နိုင်ငံရေးအသိပညာ သဘောတရားတွေ
ပြည့်ဝရုံသာမက နိုးကြားတက်ကြွနေမှသာ
နိုင်ငံမှာ ဒီမိုကရေစီစနစ် အောင်မြင်နိုင်မှာဖြစ်တယ်။

သစ္စာဖောက်နေတာသာဖြစ်တယ်။

လူထုက အသည်းကြားကမဲတစ်ပြားရင်းနှီးပြီး ရွေးချယ်တင်မြှောက်လိုက်တဲ့ လူထု ကိုယ်စားလှယ်တွေဖြစ်ပြီး နိုင်ငံအတွင်း လူထုကြုံတွေ့နေရတဲ့အခက်အခဲတွေ၊
လယ်သိမ်းမြေသိမ်းခံနေရတာတွေ၊ ကျူးကျော်လို့အမည်တပ်ကာ ရွာလုံးကျွတ်မောင်းထုတ်ခံနေရတာတွေ၊ အထွဋ်အမြတ်ထားရာ သာသနိကအဆောက်အဦတို့ 

ကြိုးဆွဲတိုင်းကတဲ့ မျောက်ဖိုးစိန်လေးလို ဆက် က နေအုံးမယ်ဆိုရင်တော့။

မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စ်လင်မ်တွေဟာ နိုင်ငံသားအချင်းချင်း
အသက်ကို ရန်မရှာဖူးသလို မသေမရှင် မီးရှို့သတ်တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။
အိုးအိမ်တွေကို မဖျက်ဆီးဖူးသလို၊ မီးတင်ရှို့တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။
ဥစ္စာပစ္စည်းတွေ လုယက်ဖူးခြင်းမရှိသလို၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးတယ်ဆိုတာလည်း မရှိခဲ့ပါဘူး။ ဇာတိချက်ကြွေ မွေးရပ်မြေက မောင်းထုတ်တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။

ဒီမိုကရေစီအစိုးရဆိုသူတွေမှာ လုံးဝတာဝန်ရှိတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ
ဒီမိုကရေစီအစိုးရဆိုသူတွေဟာ
လူတစ်ဦးချင်းဆိုင်ရာ၊ လူမျိုးစုတစ်စုချင်းဆိုင်ရာ
လွတ်လပ်မှုနဲ့လုံခြုံမှုကို တာဝန်ယူပေးနိုင်ရမယ်။

လူထုရဲ့အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်။

အစိုးရဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။
ဒီအာဏာကိုလည်း ပစ္စည်းအင်အားကောင်းတဲ့လူတွေ အချင်းချင်းလုကြတယ်။
ရရင်လည်း လက်မလွှတ်ချင်ဘူး။

အမုန်းတရားမှိုင်း၊ အာဃာတမှိုင်းမမိကြဘဲ စည်းလုံးညီညွတ်မှာသာ

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် မိမိနိုင်ငံမှာနေထိုင်ကြတဲ့ နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ မိမိနိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုလူမျိုးစုကိုဖြစ်စေ၊ လူများစုလူမျိုးစုကိုဖြစ်စေ မိမိနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူညီမျှမှုပေးရမယ်။
မိမိနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြပါအတိုင်း ကာကွယ်စောင့်ရှောက်မှုပေးရမယ်။ 
မိမိနိုင်ငံသားများအပေါ် ယင်းတို့မှ ပျက်ကွက်နေတယ်ဆိုရင် လူ့ဘောင် အစိပ်စိပ် အမြွာမြွာ ပြိုကွဲမှုများဖြစ်နိုင်တယ် ။

ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းကြဖို့ဆိုရင်။

မိမိ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့ နိုင်ငံသားမှန်ရင်နိုင်ငံချစ်စိတ်၊ နိုင်ငံတိုးတက်လိုစိတ်ကို ရှေ့တန်းတင်စဉ်းစားပြီး နိုင်ငံအရေးဟာ မိမိအရေးပဲဆိုတဲ့အသိနဲ့ နိုင်ငံတွင်းမှာဖြစ်နေတဲ့ မတရားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးခွဲဝါဒဖြန့်မှုတွေကိုလူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ အုပ်စုစွဲ၊ အသွေးအရောင်စွဲစတဲ့ အတ္တတွေ ခ၀ါချပြီး မိမိတို့ရဲ့ဘုံရန်သူ အာဏာရှင် စနစ်ဆိုးကို တွန်းလှန်ဖြိုခွင်းရမှာဖြစ်တယ်။

ညီရင်းအစ်ကိုပမာ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနေထိုင်ကြ

ဒီကနေ့ မြန်မာပြည်မှာ မြန်မာပြည်ရဲ့ ငြိမ်းချမ်သာယာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို မလိုလားတဲ့သူတွေ၊ ကိုယ်ကျိုးရှာသမားတွေ၊ အာဏာမက်မောသူတွေနဲ့ နောက်ကြောင်းပြန်လှည့်လိုသူတွေက ခုတုံးလုပ်ပြီး ဖျက်ဆီးနေတဲ့ အဓိကအချက် နှစ်ချက်ရှိတယ်။ အဲဒီနှစ်ချက်ကိုပဲ ၀ါဒဖြန့် မှိုင်းတိုက်ပြီး ပဋိပက္ခတွေဖန်တီးနေကြတာကိုတွေ့နေရပါတယ်။

အာဏာရှင်စနစ်ရဲ့မြန်မာ့နည်းမြန်မာ့ဟန် မျိုးချစ်စိတ်ပေလော။

ရှေးခေတ်မြန်မာရာဇ၀င်ထဲက သူရဲကောင်းတွေဖြစ်တဲ့
အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မဟာဗန္ဓုလစတဲ့
မြန်မာ့သူရဲကောင်းကြီးတွေ မျိုးချစ်စိတ်ရှိတယ်ဆိုတာ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းတယ်။

စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ

ဒီမိုကရေစီတော့ လိုချင်လှပါရဲ့။ 
ငြိမ်းချမ်းရေးတော့ လိုချင်လှပါရဲ့။ 
လူ့အခွင့်အရေးတော့ လိုချင်လှပါရဲ့။
ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စည်းကမ်း၊ စိတ်ဓာတ်၊ 
အကျင့်စရိုက်တွေတော့ မရှိကြဘူး။

အခုကပြနေတဲ့ ဇာတ်လမ်းက အရင်ဇာတ်ညွှန်းအဟောင်းအတိုင်းပဲ။

အာဏာရှင်စနစ်ကို အမြစ်မဖြုတ်နိုင်သေးသရွေ့
ဒီမိုကရေစီအစစ်အမှန် မပေါ်ပေါက်နိုင်ဘူး။
တရားဥပဒေစိုးမိုးရေး ရှိလာမှာမဟုတ်ဘူး။
ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မှာမဟုတ်ဘူး။
တိုင်းပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့
တန်းတူအခွင့်အရေးတွေ ရလာမှာမဟုတ်ဘူး။

ဒီမိုကရေစီရွှေပြည်တော် မျှော်တိုင်းဝေးနေကြရအုံးမည်။

ဒီမိုကရေစီဆိုတာ နိုင်လိုမင်းထက်ပြုကျင့်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဆူပူအကြမ်းဖက်ပြီး တိုင်းပြည်ဖရိုဖရဲဖြစ်စေမှုတွေကနေ ကင်းစင်စေတဲ့စနစ်ဖြစ်တယ်။
ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊
ကြောက်ရွံ့နေရခြင်းမှကင်းလွတ်ခွင့်တို့ရှိရမယ်။
ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးနဲ့ပတ်သက်ရင်လည်း လူထုကိုလွတ်လပ်ခွင့် ပေးရမယ်။

လူသားအားလုံးကို လူဆိုတဲ့အမြင်နဲ့ မြင်သင့်တယ်။

လူ့လောကမှာ အသက်ရှင်နေထိုင်ကြတဲ့ လူသားတိုင်းဟာ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတတ်ကြတယ်။ လူမျိုးတိုင်း၊ အုပ်စုတိုင်းက လူတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု ကောင်းစားရေးသာ စဉ်းစားတတ်ကြတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု အကျိုးကိုသာ အဓိကထားကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စုကို နစ်နာအောင် ဆုံးရှုံးအောင် လုပ်ချင်ကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စုကို ဒုက္ခပေးချင် ကြတယ်။ နိုင်လိုမင်းထက်ပြုချင်ကြတယ်။ တစ်ခြားလူမျိုး တစ်ခြားအုပ်စု နစ်နာဆုံရှုံး၊ ဒုက္ခရောက်သွားရင် နစ်နာဆုံရှုံးမှုအပေါ်မှာ၊ ဒုက္ခရောက်မှု အပေါ်မှာ ကိုယ့်လူမျိုးရဲ့
အောင်လံစိုက်ချင် ကြတယ်။ ဒါဟာ အတ္တကြီးမားမှုကို ဖော်ပြနေတာပဲ ဖြစ်တယ်။

လူ့လောကကြီးမှာ လူမှန်ရင် လူသားအားလုံးကို လူဆိုတဲ့အမြင်နဲ့ မြင်သင့်တယ်။ လူဆိုတဲ့အမြင်နဲ့ပဲကြည့်သင့်တယ်။ လူသားထုတစ်ရပ်လုံးရဲ့ အကျိုးကို လိုလားရမယ်။ လူသားထုတစ်ရပ်လုံးရဲ့ အကျိုးကို သည်ပိုးဆောင်ရွက်ရမယ်။ လူသားထု တစ်ရပ်လုံးရဲ့ အကျိုးကို မျှော်ကိုးပြီး လူသားထုတစ်ရပ်လုံး စာဝတ်နေရေး၊သုခချမ်းသာဘ၀သာယာလှပရေးအတွက် နိုင်တဲ့ဘက်က ပါဝင်ကူညီရမယ်။ လူသားထုတစ်ရပ်လုံးကို အကျိုးပြုသူဖြစ်ရမယ်။

လူတိုင်းဟာ အားလုံးအတူတူပဲဖြစ်တယ်။ လူသားဖြစ်သည့်အတွက် လူ့အခွင့်အရေးလည်း တန်းတူပဲဖြစ်တယ်။ လူ့ဂုဏ်သိက္ခာလည်း အတူတူပဲဖြစ်တယ်။ လူမျိုးမတူလို့၊ ဘာသာမတူလို့၊ အုပ်စုမတူလို့၊ ယဉ်ကျေးမှု ဓလေ့စရိုက်မတူလို့ ၊ ဘာသာစကား၊ အသားအရောင်၊ ရေမြေဒေသကွဲပြားလို့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အနိမ့်အမြင့်မရှိပါ။

လူသားဖြစ်တည်မှုသာလျှင်ပဓာနဖြစ်သလို လူဗီဇသာလျှင်အဓိကဖြစ်တယ်။ လူသားတစ်ဦးမှာရှိရမယ့် လူ့အသိ၊ လူ့အမြင်၊ လူ့အတွေးအခေါ်ရှိဖို့သာ လိုအပ်ပါတယ်။
__________________________________________
m y O e w y n n _ 1 8 . 0 5 . 2 0 1 4

လူထုရဲ့သဘောတူထောက်ခံရေးသာ အဓိက

နိုင်ငံတစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အများပြည်သူလူထုအတွက်ဖြစ်လို့ 
အများပြည်သူလူထုအတွက် အကျိုးမဖြစ်စေနိုင်တဲ့ ဥပဒေတွေကို ပြောင်းလဲပြုပြင်နိုင်ရမယ်။
အများပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်တွေကိုပိတ်ပင်ထားရင် ဒီမိုကရေစီကို ပုံပျက်အောင်၊ ဆုံးရှုံးအောင် လုပ်တာဖြစ်တယ်။

မိမိတို့သမိုင်းကို မိမိတို့ အကောင်းဆုံးရေးထိုးကြပါ

ပြည်သူ့အသံ၊ လွှတ်တော်အသံ ပြည်သု့ဆန္ဒ၊ လွှတ်တော်ဆန္ဒလို့ ပြောနေပေမယ့်၊ တစ်တိုင်းပြည်လုံး မုန်တိုင်းဒဏ်ခံရလို့ သေကြေပျက်စီး ဆုံးရှုံးနစ်နာ ၀မ်းနည်းပူဆွေး ရင်ထုမနာ ဖြစ်နေတဲ့အချိန်မှာ လူထုမျက်နှာ တစ်ချက်ကလေးမှ မကြည့်ဘဲ၊ မိမိတို့ အာဏာတည်မြဲရေး၊ မိမိတို့ အာဏာသက် ရှည်ရေးနဲ့ မိမိတို့အကျိုးစီးပွား တစ်ခုတည်း အတွက် တစ်ဖက်သတ်ကြည့်ပြီး စိတ်ကြိုက်ရေးဆွဲထားတဲ့ နာဂစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး

မျောက်ဖိုးစိန်လေးလို ဆက်ကနေအုံးမယ်ဆိုရင်တော့....

မြန်မာပြည်မှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ နိုင်ငံသားအချင်းချင်း အသက်ကိုရန်မရှာဖူးသလို မသေမရှင် မီးရှို့သတ်တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။အိုးအိမ်တွေကို မဖျက်ဆီးဖူးသလို၊ မီးတင်ရှို့တယ်ဆိုတာလည်း မရှိခဲ့ပါဘူး။
ဥစ္စာပစ္စည်းတွေ လုယက်ဖူးခြင်းမရှိသလို၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးတယ် ဆိုတာလည်း မရှိခဲ့ပါဘူး။
ဇာတိချက်ကြွေမွေးရပ်မြေက မောင်းထုတ်တယ် ဆိုတာလည်း မရှိခဲ့ပါဘူး။
ဒုက္ခသည်စခန်းတွေပို့ပြီး ဖြတ်လေးဖြတ်စနစ် မကျင့်သုံးပါဘူး။

ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းလာပြီဆိုရင် ။

ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းတဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်ကြောင့် ပြိုလဲပျက်စီး သွားခဲ့ကြတဲ့၊ ပြိုလဲပျက်စီးလုနီးနီးဖြစ်နေကြတဲ့ နိုင်ငံတွေကျုပ်တို့ရှေ့မှာ မြင်ခဲ့ရ၊ မြင်နေရပါတယ်။

လူမျိုးရေး ဘာသာရေး အစွန်းရောက် အမျိုးသားရေးဝါဒကိုခုတုံးလုပ်ပြီး အာဏာတည်မြဲဖို့ ကြံစည်တဲ့ အာဏာရှင်တွေဟာ နောက်ဆုံးမှာ မရှုမလှ ကျဆုံးရတယ်ဆိုတာလည်း ကမ္ဘာသမိုင်း မှာရော၊ ဗမာ့သမိုင်းမှာရော မြင်ခဲ့ရပြီးပါပြီ။

ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ကြပါစို့လားခင်ဗျာ။

အလ္လာဟ်နဲ့ အလ္လာဟ့်ရစူလ်က ကျွန်တော်တို့တတွေကို ဆွလာသ် ၅ ကြိမ် ဂျမာအသ်နဲ့ တကွ ဆောက်တည်စေတာ အလ္လာဟ်အမိန့်တွေ တာဝန်ကျေဖို့သက်သက်၊ ကုသိုလ်ရဖို့ သက်သက်ပဲ မဟုတ်ဘူးလို့ ကျွန်တော်ခံယူတယ်။
အလ္လာဟ်နဲ့ အလ္လာဟ်ရစူလ်က ကျွန်တော်တို့တတွေကို စည်းလုံးညီညွတ်ကြဖို့

ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်။

မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို
မောင်ပိုင်စီးချင်ကြတယ်။
မြန်မာပြည်မှာ အုပ်ချုပ်မှုအာဏာကို
မောင်ပိုင်စီးချင်ကြတယ်။
မြန်မာပြည်မှာ သမ္မတရာထူးကို
မောင်ပိုင်စီးချင်ကြတယ်။
မြန်မာပြည်မှာ လွှတ်တော်ကို
မောင်ပိုင်စီးချင်ကြတယ်။

ရွှေဘတို့ခေတ်ကလို ပိတ်ကားကြီး ဓားနဲ့တက်ခွဲမှပဲ၊ ပွဲပြီးမယ်ထင်ပါရဲ့ဗျာ။

 ရာသီတွေသာပြောင်း၊ နှစ်တွေသာဟောင်းသွားပေမယ့် ရာစုနှစ်ဝက်ကျော်ကျော် ကပြ အသုံးတော်ခံလာတဲ့ ဒီဇာတ်ကားကြီးကို မင်းသားပြောင်းလိုက်၊ ဇာတ်ကွက်ပြောင်းလိုက်၊ ဇာတ်လမ်းအမည်ပြောင်းလိုက် လုပ်နေပေမယ့် ဇာတ်ရုပ်ကတော့ နောက်ဆုံးကျ ဒီအတိုင်းပါပဲ။ ခက်တာက မင်းသားကလည်း ဒီဇာတ်လမ်းမျိုးတွေပဲ သရုပ်ဆောင်နေကျဆိုတော့ ဇာတ်လမ်းနဲ့ အံဝင်ဂွင်ကျ ဇတ်ရုပ်ကိုပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နေတာပေါ့။

Saturday, July 19, 2014

ဒီမိုကရေစီလူ့ဘောင်နဲ့ အလှမ်းဝေးအောင် ဖန်တီးနေကြတာလား။

ကျွန်တော်တို့တတွေ ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံတကာနဲ့ယှဉ်ပြီး
အစစအရာရာ အဆင့်အတန်းမီချင်တဲ့ဆန္ဒ နိုင်ငံသားတိုင်းမှာရှိကြတယ်။
ဒါပေမယ့် ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုတော့
နိုင်ငံတကာအဆင့်အတန်းမီအောင် မကြိုးစားကြတာခက်တယ်။
ကျွန်တော်တို့တိုင်းပြည်ကို နိုင်ငံတကာနဲ့ယှဉ်ပြီး
အစစအရာရာ အဆင့်အတန်းမီချင်တယ်ဆိုရင်တော့

ဘုံရန်သူ (သို့မဟုတ်) အာဏာရှင်စနစ်ဆိုး။

မြန်မာနိုင်ငံမှာ နိုင်ငံသားအများစုက ဗုဒ္ဓဘာသာ ကိုးကွယ်ကြသလို ဘာသာတရားလည်း ကိုင်းရှိုင်းကြပါတယ်။
ရှင်တော်ဂေါတမဗုဒ္ဓရဲ့အဆုံးအမမှာလည်း လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊
နေရာဒေသ၊ နိုင်ငံ၊ အသားအရောင်၊ ယောင်္ကျား၊ မိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် ဘယ်လောက်ပင် များပြားစွာကွဲပြားခြားနား နေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထား မေတ္တာပွါးရမှာဖြစ်ကြောင်း မှတ်သားဖူးပါတယ်။ လူသားချင်း စာနာကြဖို့၊ ကိုယ်ချင်းစာတရား ထားကြဖို့၊မေတ္တာတရား ထားကြဖို့နဲ့ ကရုဏာတရား ထားကြဖို့လည်း သွန်သင်ဆုံးမခဲ့ပါတယ်။