ကမ္ဘာပေါ်မှာထင်ရှားကျော်ကြားတဲ့ဘ
လူသားတိုင်းဟာ လု့သက်တမ်းမွေးမြူတဲ့အခါ လူသား အချင်းချင်းကြား ၊ လူ့အဖွဲ့အစည်းအချင်းချင်းကြား အပြန်အလှန်နားလည်မှုနဲ့ ပေါင်းသင်းဆက်ဆံရေး၊ အပေးအယူ၊ ကိုယ်ကျင့်တရားနဲ့ စာရိတ္တ၊ သမ္မာ အာဇီဝ စားဝတ်နေရေးတို့အပြင် ရှင်သန်နေတဲ့အခိုက် လူမှုဘ၀ရဲ့ပျော်ရွှင်မှု၊ချမ်းမြေ့
ကမ္ဘာ့အဓိက ဘာသာတရားကြီးတို့ဟာ - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာနဲ့ ခွင့်လွှတ်သည်းခံမှုတရားတို့ ထားရှိကျင့်သုံးကြဖို့ကို သင်ကြားပြသပေးပါတယ်။
ဘာသာတရားများကို ပုံဖော်ပြခဲ့တဲ့ မဟာလူသားမြတ်တမန်တော်တွေနဲ့ မနုဿဘုရားရှင်တွေက အဲဒီလူမှုဘ၀သက်တမ်းမွေးမြူပုံ မွေးမြူနည်းနဲ့ပတ်သက်ပြီး မွေးဖွားရာမှ ကွယ်လွန်ချိန်ထိ လိုလေသေးမရှိ လက်တွေ့ပုံဖော်ပြသလမ်းညွှန်သွားခ
ကမ္ဘာ့လူသားတိုင်းကလည်း မိမိသက်ဝင်ယုံကြည်လိုတဲ့ ဘာသာတရားရဲ့လမ်းညွှန်မှု အတိုင်း၊ လမ်းစဉ်အတိုင်း၊ စံနစ်အတိုင်း လူမှုဘ၀သက်တမ်းကို မွေးမြူရမှာဖြစ်တယ်။
အကယ်၍သာ ကမ္ဘာ့လူသားတိုင်းက မိမိတို့ယုံကြည်အားကိုးတဲ့ မဟာလူသားမြတ် တမန်တော်တွေနဲ့ မနုဿဘုရားရှင်တို့ရဲ့လမ်းညွှန်ပြ
ငြိမ်းချမ်း သာယာတဲ့ လူမှုဘ၀ လူ့ဘောင်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ လူသားတိုင်း၊ လူအဖွဲ့အစည်းတိုင်းက ဘာသာတရားအသီးသီးကိုတော့ လက်ခံယုံကြည် ကိုးကွယ်နေကြပါတယ်။ ဘာသာတရားတို့ရဲ့အနှစ်သာရ၊ ဘာသာတရားတို့၏ လမ်းညွှန်မှုတွေကို တိတိကျကျလိုက်နာပြီး မိမိတို့ရဲ့ဘ၀သက်တမ်းကို မွေးမြူနေထိုင်ခြင်း မရှိကြတာတွေ့ရပါတယ်။ ဘာသာတရားလေးစားသူတွေ၊ ဘာသာရေး လိုက်စားသူတွေလို့ အမည်ခံထားတဲ့သူတွေတောင် ဘာသာတရားတို့ရဲ့လမ်းညွှန်ချက်တွေ
မိမိတို့ အထင်ကြီးလေးစားသူတွေဘက်က တရားလက်လွတ် စိတ်ကြိုက်ပုံဖော်ထားပြီး ဘာသာတရားတွေနဲ့ ဖီလာဆန့်ကျင်တဲ့ တရားသစ်တီထွင်မှုတွေအပေါ်မှာ မိမိတို့က ပုဂ္ဂိုလ်ခင် တရားမင်ဆိုသလို လိုက်နာကျင့်သုံး နေကြတာတွေကြောင့်လည်းပဲ၊
စစ်မှန်တဲ့တရားတော်တွေ တိမ်မြုပ်ပျောက်ကွယ်ပြီး၊ လူကိုလူချင်း အမုန်းပွား အာဃာတထားလာကြတာတွေကိုလည်း မြင်တွေ့နေရပါတယ်။
ဒါကြောင့် ဒီကနေ့ ကမ္ဘာပေါ်မှာ လူသားတို့အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ငြိမ်းချမ်းတဲ့ ပုံဖော်မှုတွေ ဆုံးရှုံးနေကြပြီး၊ ဘာသာတရားတစ်ခုနဲ့ တစ်ခုကြား ဂုဏ်ပေးလေးစားမှု ပျောက်ဆုံး၍ အငြင်းပွားမှုတွေ၊ ပြိုင်ဆိုင်မှုတွေ၊ ရန်လိုမှုတွေ၊ စော်ကားမှုတွေ၊ နှိမ်ချမှုတွေ၊ နှိပ်ကွပ်မှုတွေနဲ့ ခွဲခြားမှုတွေ ပေါ်ပေါက်လာရပြီး ကိုးကွယ်ယုံကြည်မှုမတူတာ၊ ဘာသာ မတူညီကွဲပြားခြားနားတာကပဲ လူ့အဖွဲ့အစည်းအတွင်း ပြဿနာတစ်ရပ်လို ဖြစ်ပေါ် နေပြီး လူကိုလူလိုမြင်ရမယ်ဆိုတဲ့ အသိတွေပါပျောက်ဆုံးနေကြတာတွေ့ရ
အမှန်တော့ ဘာသာတရားဆိုတာ လောကုတ္တရာရေးသက်သက်မဟုတ်ဘဲ၊ လောကီရေးအတွက်ပါ လမ်းညွှန်ထားခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၊ လူသားအသိုက်အမြုံတစ်ခုလုံးအတွက်
(ကျွန်ုပ်၏ ပုဂ္ဂလိကအမြင်သာဖြစ်ပါသည်။ )
______________________________
m y O e w y n n _ 12.07.2014