ဦးဝင်းတင်ဆိုတာ
အာဏာရှင်ကို
ထီမထင်
ရဲရင့်တဲ့လူစား။
ခက်ခဲဒုက္ခ
လူ့ငရဲ ကြား
ယုံကြည်ချက်က
ခိုင်မာပြတ်သား။
ဦးဝင်းတင်ဆိုတာ
အာဏာရှင်စနစ်
အမြစ်ပြတ်ရေး
စိတ်မအေးနိုင်ဘဲ
နောက်ဆုံးတိုက်ပွဲ
ဒေါ်စုနဲ့တွဲ
တိုက်ပွဲဝင်ဖို့
ချန်ခဲ့အမှာစကား။
ဦးဝင်တင်ဆိုတာ
ခံယူချက်အပေါ်
ရဲရင့်ပြတ်သား
သိမ်မွေ့ဖြောင့်မတ်
သံမဏိ စိတ်ဓာတ်နဲ့
အပြောလည်းပြတ်
အပြတ်လည်းပြော
ရာထူးဂုဏ်ထူး မမက်မောဘူး။
ဦးဝင်းတင်ဆိုတာ
နီချင်နီ နစ်ချင်နစ်
နာဇီလက်သစ်တွေလို
အာဏာတည်မြဲဖို့တွေး
လူမျိုးရေးသွေးခွဲ
တိုင်းပြည်ချောက်ထဲချပြီး
အာဏာမက်တဲ့
ဖက်ဆစ်တော့ မဟုတ်ဘူး။
ဦးဝင်တင်ဆိုတာ
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြလို့
နောင်မျိုးဆက်များ
အကြောက်တရား
ကင်းဝေးရအောင်
စွမ်းဆောင် ကြွေးကြော်
လမ်းသစ် ဖော်ပေးခဲ့သူ။
ဦးဝင်တင်ဆိုတာ
ဒီမိုကရေစီတိုက်ပွဲရဲ့
တိုက်စစ်မှူးတစ်ယောက်
သံသရာတစ်လျှောက်
ဆုံးခန်းရောက်ဖို့
ကွယ်လည်း မကွယ်
လွန်လည်း မလွန်
အရိုးတွန်မယ့် လူသား။ ။
မရေးတတ် ရေးတတ်နှင့် တတ်နိုင်သမျှ ကြိုးစားပြီး၊
ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား ဂါရ၀ပြုပါသည်။
______________________________
m y O e w y n n _ 22.04.2014