အခက်အခဲတွေ၊ မလွတ်လပ်မှုတွေနဲ့
ဒုက္ခသုက္ခတွေကြားမှာ
သူ့ရဲ့ဘ၀တစ်ခုကို နောက်ဆုံးထွက်သက်တိုင်
အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့
ယုံကြည်ချက်တစ်ခုအပေါ်ခိုင်ခိုင်မာမာ
ရဲရဲတင်းတင်းထောက်ပြပြောဆိုတဲ့......
ရပ်တည်ချက်၊ယုံကြည်ချက်အပေါ်
ဘယ်တော့မှအရှုံးမပေး
မပြောင်းမလဲ တည်ဆောက်ရပ်တည်ပြီး
စံနမူနာကောင်းပြသသွားတဲ့.....
အကြောက်တရားကင်းမဲ့မှု၊ လွတ်လပ်မှုနဲ့
ဒီမိုကရေစီကို ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့
အမြဲတမ်း ရပ်တည်ကြိုးပမ်းပြီး
ရာထူးဂုဏ်ထူးတွေနဲ့သွေးဆောင်စည်းရုံးလို့မရတဲ့.....
ဒေါ်အောင်ဆန်းစုကြည်နဲ့
တခါတရံ အယူအဆ အမြင်တွေကွဲလွဲတတ်ပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ်
သဘောထားပြီး အဆုံးအဖြတ်ကိုလက်ခံတတ်တဲ့....
ရဲရင့်ပြတ်သားသော်လည်း
နူးညံ့ သိမ်မွေ့ ဖြောင့်မတ်ပြီး
စိတ်ဓာတ်ကြံ့ခိုင် စည်းကမ်းကြီးတဲ့.....
အဘ ဟံသာဝတီဦးဝင်းတင်လို
ကျုပ်တို့ ကြိုးစားကြရင်း
ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းရေးအတွက်
စည်းလုံးညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်လို့
ဂါရ၀ပြုကြပါစို့။
______________________________________
m y O e w y n n_ 2 2 . 0 4 . 2 0 1 4