စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ဆိုတာ ပြည်သူလူထုကလည်း နိုင်ငံရေး အသိတရား မြင့်မားဖို့၊ အမြင်ကျယ်ဖို့လိုတယ်။ အာဏာရှင်တွေဟာ အာဏာကို ဆွဲဆန့်ဖို့ နည်းမျိုးစုံ လှည့်ကွက်တွေသုံးလေ့ရှိတယ်။ ဒါကိုလူထုက နိုင်ငံရေး အသိတရား ရှိရှိ တွေးခေါ်မြှော်မြင်နိုင်ရမယ်။ အာဏာရှင်ဆိုသူတွေကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်လူထု နိုင်ငံရေးအသိတရားမြင့်မားတာ၊ လူထု အတွေးအခေါ် မြင့်မားတာ၊ အမြင်ကျယ်တာ၊ စည်းလုံးညီညွတ်တာတွေကို မလိုလားတာအမှန်ပဲ။ လူထုနိုင်ငံရေး အသိတရားမရှိမှ၊
လူထုအမြင်မကျယ်မှ၊ လူထုကအချင်းချင်း အမြင်မကြည်လင်နေမှ လှည့်ကွက်အမျိုးမျိုးနဲ့ လူထုအချင်းချင်း ကြားမှာ သွေးခွဲသပ်လျှို ရန်တိုက်ထားလို့ရမယ်။ ဒါကြောင့်လည်း ရာစုနှစ်ဝက် ကျော်ကျော် လူထုရဲ့အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ နိုင်ငံရေး အသိ အမြင်တွေ ကို အမှောင်ချ မှိုင်းတိုက်ထားလိုက်တယ်။ လူထုကလည်း ၀ါဒမှိုင်း၊ စကားလုံးမှိုင်းတွေ အောက်မှာနှစ်ပေါင်းများစွာ အမှောင်ကျနေခဲ့ရတယ်။ လူထုကိုလည်း ဆင်းရဲမွဲတေပြီး စားဝတ်နေရေး ကျပ်တည်းကျဉ်းမြောင်းမှုတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး နစ်မွန်းနေအောင် ဖန်တီးထားလိုက်တယ်။
တစ်ဖက်ကလည်း လူထုကို နိုင်ငံသားအချင်းချင်း အထင်အမြင်လွဲမှားအောင် လူထု သည်းခြေကြိုက် စကားလုံးတွေနဲ့ လူထုကိုစည်းရုံး သိမ်းသွင်းပြီး အာဏာရှင်တို့ ကိုယ်ကျိုးအတွက် စိတ်ကြိုက်ချယ်လှယ်ခဲ့ကြတယ်။ ခေတ်အဆက်ဆက် ကွန်မြူနစ် ဗကပသူပုန်၊ ကရင်သောင်းကျန်းသူ၊ ကချင်သောင်းကျန်သူ စတဲ့ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို ပြည်သူလူထုက ရန်သူအဖြစ်မြင်လာအောင် သွေးထိုး၊ သွေးခွဲလှုံ့ဆော် ထားခဲ့တယ်။ ဒီဖက်ခေတ်ရောက်လာတော့ဒီမိုကရေစီ
နိုင်ငံတည်ဆောက်ရေးအတွက် မဖြစ်မနေ ပြည်တွင်းငြိမ်းချမ်းရေးက လိုအပ်လာပြန်တော့ နိုင်ငံတကာဖိအားတွေ မလွန်ဆန်နိုင်မှုကြောင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်နေသ
ယောင် ပြပြီး၊ သားစဉ်မြေးဆက် အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ ပြည်ထောင်စုသားမွတ်စ်လင်မ်တွေနဲ
့ ပြည်သူလူထုကို လူမျိုးရေး ဘာသာရေးခုတုံးလုပ် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ဖန်တီးလာပြန်တယ်။ တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ သွေးခွဲရန်တိုက်ထားရင်း အာဏာရှင်တွေ ဟာ သူတို့ကိုယ်ကျိုးအတွက် တိုင်းပြည်ရဲ့ လယ်ယာမြေတွေ၊ သယံဇာတတွေသာမက သာသနာ့ဝတ္တကမြေပါမချန် မတရား သိမ်းယူနေကြတယ်။
ယနေ့အထိလည်း အမျိုး ဘာသာ သာသနာ၊ အမျိုးသားရေးဝါဒ၊အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ဆို
တာတွေကိုအမှန်တကယ် တိုင်းပြည်နဲ့လူထု အကျိုးစေတနာထား ဆောင်ရွက်နေခြင်းမဟုတ်ဘဲ၊ စကားလုံး အလှအပတွေ အဖြစ်သာ အသုံးချကာ လူထုကို အာရုံလွဲအောင်လုပ်ပြီး အာဏာသက်ရှည်အောင် အကာအကွယ်ယူဖို့ အချိန်ဆွဲ လှည့်စားနေကြတုံးပဲဆိုတာ လူထုက အချိန်မီ သဘောပေါက်ကြစေလိုပါတယ်။ အာဏာရှင်တွေရဲ့လှည့်စားနေတဲ့လှည
့်ကွက်တွေကို သဘောပေါက်နားလည်ပြီး မိမိတို့ မျှော်မှန်းထားတဲ့ အနာဂတ်နိုင်ငံတော် တည်ဆောက်ဖို့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိတရား မြင့်မားမှု၊ အမြှော်အမြင်ကြီးမားမှု၊ အမြင်ကျယ်မှု၊ အရည်အချင်းပြည့်ဝမှု၊ စည်းလုံညီညွတ်မှု၊ အချင်းချင်းဂုဏ်ပေး လေးစား နားလည် ဆက်ဆံမှု၊ အပြန်အလှန် ထိန်းကျောင်းမှုနဲ့ စိတ်ဓာတ်မြင့်မားမှုတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။
၂၀၁၅ မတိုင်မီ၊ ၂၀၁၅ နဲ့ ၂၀၁၅ အလွန်မှာ နိုင်ငံရေး အာဏာကို မရိုးသားတဲ့ အောက်လမ်းနည်းတွေနဲ့ အရယူဖို့ နောက်ထပ် လှည့်ကွက်တွေ၊ ထောင်ချောက်ဆင်မှုတွေ အများကြီးရင်ဆိုင် ကြုံတွေ့ရဖွယ် ရှိနေနိုင်တာမို့ အတိတ်သမိုင်းကြောင်းကို မျက်ခြေပြတ် မခံဘဲ အသိ၊ သတိတို့နဲ့ ယှဉ်ပြီး ပြည်သူလူထုအားလုံးက သွေးမကွဲကြဘဲ၊ စည်းလုံးမှုအင်အား အပြည့်အ၀နဲ့ ကျွန်ုပ်တို့ရည်မှန်းချက်ပန်းတိ
ုင်ဖြစ်တဲ့ အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး၊ စစ်မှန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆီကို မရောက် ရောက်အောင် အရောက်လှမ်းကြရမှာဖြစ်ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လူမျိုးစုံ ဘာသာစုံ၊ ပြည်နယ်ပြည်မ တိုင်းရင်းသားပေါင်
းစုံ၊ ရဟန်း ရှင်လူ ပြည်သူလူထု အလွှာစုံ ပူးပေါင်း ပါဝင်ပြီး တစ်စိတ်တစ်ဝမ်းတည်း အတူလက်တွဲ ကြိုးပမ်းခဲ့ကြသလို၊ အခု အာဏာရှင် စနစ် အမြစ်ပြုတ်ရေးနဲ့ ဒီမိုကရေစီ နောက်ဆုံးတိုက်ပွဲမှာ အတွေး အမြင် အယူအဆ မတူကွဲပြားတာတွေ ခေတ္တခဏ ဘေးဖယ်ထားကြပြီး၊ လူထုက ကြည်ညိုလေးစားတဲ့၊ လူထုအပေါ် စိတ်ကောင်းစေတနာအမှန်နဲ့ ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံ ဦးဆောင် ကြိုးပမ်းနေတဲ့ လူထုခေါင်းဆောင်နဲ့အတူ ၀န်းရံပူးပေါင်းပါဝင် တိုက်ပွဲ ၀င်ကြပါစို့လို့ အလေးအနက်ထား ဆန္ဒပြုလိုက်ရပါတယ်။ ။
______________________________
___________
m y O e w y n n _ 2 3 . 0 4 . 2 0 1 4