Home

Sunday, July 13, 2014

ကျု ပ် တို့ ရဲ့သ မို င်း သ စ် ။

ကျုပ်တို့ရဲ့ရွေးချယ်မှုဟာ
ကျုပ်တို့ကိုယ်တိုင်ရေးတဲ့
ကျုပ်တို့ရဲ့သမိုင်းပဲဆိုတာ
ကျုပ်တို့ သတိကြီးကြီးထားဖို့လိုတယ်။
ကျုပ်တို့ရဲ့ အတွေးအခေါ်ဟောင်းတွေ၊
အယူအဆဟောင်းတွေ၊ တစ်ယူသန်အစွဲနဲ့
အသိအမြင်ကျဉ်းမြောင်းမှုတွေ
ပြုပြင်ပြောင်းလဲဖို့လိုတယ်။



ကျုပ်တို့ အဖိနှိပ်ခံအချင်းချင်း
စည်းလုံးညီညွတ်ကြရင်း
တရားမျှတခြင်း၊
ငြိမ်းချမ်းခြင်း၊
လွတ်လပ်ခြင်းနဲ့
တန်းတူညီမျှခြင်းဆိုတဲ့
ဘ၀ရဲ့အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့်
ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်ကြမလား။

ဒါမှမဟုတ်
ကျုပ်တို့ အဖိနှိပ်ခံအချင်းချင်း
ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့
သွေးခွဲ သပ်လျှိုမှုတွေကြား
ထောင်ချောက်ထဲ တိုးဝင်၊
သွေးကွဲ တိုက်ခိုက်နေရင်း
စစ်အာဏာရှင်စံနစ်ဆိုးအောက်
ဒူးထောက် ဦးညွှတ် ပြားပြားဝပ်နေကြမလား။

ကျုပ်တို့ဟာ
အတိတ်သမိုင်းစာမျက်နှာတွေထဲက
သင်ခန်းစာတွေကို မမေ့လျော့ဘဲ
ပျော်ရွှင်ဖွယ်အနာဂတ်အတွက်
ပြန်လည်သွေးစည်းညီညွတ်တဲ့
ပြည်ထောင်စုသစ်ကြီးရဲ့
ပြည်ထောင်စုသားတွေအဖြစ်
သမိုင်းသစ်ရေးကြပါစို့။

အဲဒါ
ကျုပ်တို့ ရေးရမယ့်
ကျုပ်တို့ရဲ့သမိုင်းသစ်ပဲ။
_____________________________________________
m y O e w y n n _ 3 0 . 0 4 . 2 0 1 4